ဖခင်ရဲ့အလုပ်ကို အရှက်ရနေခဲ့ပေမဲ့ နောက်ဆုံး ဘွဲ့ရတဲ့နေ့မှာတော့ အမှိုက်ကားမောင်းတဲ့ဖခင်ကို နောင်တကြီးစွာ ဒူးထောက်ဦးညွှတ်ခဲ့တဲ့ ကောင်လေး

လူအများစု၏အမြင်မှာလူအများစု၏အမြင်မှာ ဘွဲ့ရရှိခြင်းက သင့်အားလေးစားစရာတစ်ခုဖြစ်စေပါတယ်။ သို့သော်ထိုင်းနိုင်ငံရှိ လူငယ်လေး Klanarong Srisakul အတွက်ကတော့ ဂုဏ်ထူးဆောင်ဘွဲ့ရရန် မလွယ်ကူလွန်းတာကြောင့် ၎င်းဟာ သူ့အတွက် အလွန်ပင်ထူးခြားလှပါတယ်။

Klanarong ၏ဖခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ကောလိပ်ပညာရေးအတွက် လစာပေးရန် အမှိုက်သိမ်းကားမောင်းသမားအဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။ ထို့ကြောင့် Klanarong ဟာ ဘွဲ့ယူတဲ့နေ့မှာ အလုပ်ကြိုးစားပြီး သူ့အား ဘွဲ့ရအောင်စွမ်းဆောင်ပေးခဲ့တဲ့ဖခင်ဖြစ်သူအတွက် လွန်စွာ ဂုဏ်ယူနေခဲ့ရပါတယ်။

ထိုနေ့မှာ Klanarong ဟာ အမှိုက်ကားရှေ့မှာရပ်နေတဲ့ဖခင်ဖြစ်သူအား ဒူးထောက်ဦးညွှတ်ရင်း ဖခင်ဖြစ်သူရဲ့ထောက်ပံ့ပေးမှုများအားလုံးအတွက်ကို ကျေးဇူးတင်နေခဲ့ပါတယ်။

Klanarong ဟာ ငယ်စဉ်အခါက အမှိုက်သိမ်းကားမောင်းသူဖြစ်တဲ့ဖခင်ရဲ့အလုပ်က အရှက်ရစေကြောင်း ညည်းညူခဲ့ပါတယ်။

ထို့အပြင် ဖခင်ဖြစ်သူအား စစ်တပ်နှင့်ရဲတပ်ဖွဲ့တွင်အသက် မွေးဝမ်းကျောင်းနေခဲ့တဲ့အတန်းဖော်များရဲ့ဖခင်များနှင့်လည်း နှိုင်းယှဉ်ခဲ့ပါသေးတယ်။ Klanarong ဟာ ကြီးပြင်းလာသည်နှင့်အမျှ သူ့ဖခင်ရဲ့မိသားစုဟာ ငယ်စဉ်ကတည်းကပင် ဆင်းရဲနေခဲ့တာကို သိလာခဲ့ရပါတယ်။

ဖခင်ဖြစ်သူမှာ အစ်ကိုအများကြီးရှိပြီး ဖခင်ဖြစ်သူဟာ မိဘများအား လယ်လုပ်ကူညီပေးခဲ့ရတာကြောင့် အထက်တန်းကျောင်းတောင် မတက်နိုင်ခဲ့ပါဘူး။

ဘဝကအရမ်းခက်ခဲပေမဲ့လည်း ဖခင်ဟာ သားဖြစ်သူကို ဘယ်တော့မှဒုက္ခမပေးခဲ့သလို Klanarong လိုချင်တဲ့အရာမှန်သမျှကိုလည်း အမြဲထုတ်ပေးခဲ့ပါတယ်။ ဖခင်ဟာ Klanarong ကိုအိမ်မှုကိစ္စကူညီဖို့ဘယ်တော့မှမတောင်းဆိုခဲ့ဖူးသလို သူ့အား စာသင်တာကိုပဲ အာရုံစိုက်စေချင်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့်လည်း ဖခင်ဟာ သူ့အလုပ်အပေါ် ကြီးမားတဲ့စိတ်ခံစားချက်မျိုးလည်းမရှိခဲ့ပါဘူး။ Klanarong ဟာ စစ်တက္ကသိုလ်သို့ ၀င်ရန်စဉ်းစားခဲ့သော်လည်း စာမေးပွဲမအောင်ခဲ့ပါဘူး။ သူဟာ တဖြည်းဖြည်းနဲ့စိတ်ပျက်လာခဲ့ပေမယ့်လည်း သူ့မိသားစုရဲ့ပံ့ပိုးမှုကို အမြဲရရှိခဲ့ရပါတယ်။

Klanarong ဘွဲ့ရတဲ့နေ့မှာတော့ ဖခင်ဖြစ်သူဟာ အရမ်းစိတ်လှုပ်ရှားကာ ပျော်ရွှင်စွာ ငိုကြွေးနေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ မိသားစုရဲ့ခက်ခဲတဲ့အခြေအနေကြားကနေတောင် သားဖြစ်သူက ဘွဲ့ယူနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ မိဘတွေက ကျွန်တော်တို့အတွက် ဘာလုပ်တွေအများကြီးလုပ်ပေးခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်တတ်ကြရပါမယ်။ ထို့အပြင် မိဘများအား ကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့အား သင့်ရဲ့ချစ်ခြင်းမေတ္တာကို နောင်တမရှိဘဲ ရဲရင့်စွာ ပြသပေးဖို့ အမြဲသတိရပါလို့ မှာခဲ့ချင်ပါတယ်ဗျ။

Zawgyi
လူအမ်ားစု၏အျမင္မွာလူအမ်ားစု၏အျမင္မွာ ဘြဲ႕ရရွိျခင္းက သင့္အားေလးစားစရာတစ္ခုျဖစ္ေစပါတယ္။ သို႔ေသာ္ထိုင္းနိုင္ငံရွိ လူငယ္ေလး Klanarong Srisakul အတြက္ကေတာ့ ဂုဏ္ထူးေဆာင္ဘြဲ႕ရရန္ မလြယ္ကူလြန္းတာေၾကာင့္ ၎ဟာ သူ႕အတြက္ အလြန္ပင္ထူးျခားလွပါတယ္။

Klanarong ၏ဖခင္ျဖစ္သူဟာ သားျဖစ္သူရဲ႕ေကာလိပ္ပညာေရးအတြက္ လစာေပးရန္ အမွိုက္သိမ္းကားေမာင္းသမားအျဖစ္ အလုပ္လုပ္ေနခဲ့ပါတယ္။ ထို႔ေၾကာင့္ Klanarong ဟာ ဘြဲ႕ယူတဲ့ေန႕မွာ အလုပ္ႀကိဳးစားၿပီး သူ႕အား ဘြဲ႕ရေအာင္စြမ္းေဆာင္ေပးခဲ့တဲ့ဖခင္ျဖစ္သူအတြက္ လြန္စြာ ဂုဏ္ယူေနခဲ့ရပါတယ္။

ထိုေန႕မွာ Klanarong ဟာ အမွိုက္ကားေရွ႕မွာရပ္ေနတဲ့ဖခင္ျဖစ္သူအား ဒူးေထာက္ဦးၫႊတ္ရင္း ဖခင္ျဖစ္သူရဲ႕ေထာက္ပံ့ေပးမႈမ်ားအားလုံးအတြက္ကို ေက်းဇူးတင္ေနခဲ့ပါတယ္။

Klanarong ဟာ ငယ္စဥ္အခါက အမွိုက္သိမ္းကားေမာင္းသူျဖစ္တဲ့ဖခင္ရဲ႕အလုပ္က အရွက္ရေစေၾကာင္း ညည္းၫူခဲ့ပါတယ္။

ထို႔အျပင္ ဖခင္ျဖစ္သူအား စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕တြင္အသက္ ေမြးဝမ္းေက်ာင္းေနခဲ့တဲ့အတန္းေဖာ္မ်ားရဲ႕ဖခင္မ်ားႏွင့္လည္း ႏွိုင္းယွဥ္ခဲ့ပါေသးတယ္။ Klanarong ဟာ ႀကီးျပင္းလာသည္ႏွင့္အမွ် သူ႕ဖခင္ရဲ႕မိသားစုဟာ ငယ္စဥ္ကတည္းကပင္ ဆင္းရဲေနခဲ့တာကို သိလာခဲ့ရပါတယ္။

ဖခင္ျဖစ္သူမွာ အစ္ကိုအမ်ားႀကီးရွိၿပီး ဖခင္ျဖစ္သူဟာ မိဘမ်ားအား လယ္လုပ္ကူညီေပးခဲ့ရတာေၾကာင့္ အထက္တန္းေက်ာင္းေတာင္ မတက္နိုင္ခဲ့ပါဘူး။

ဘဝကအရမ္းခက္ခဲေပမဲ့လည္း ဖခင္ဟာ သားျဖစ္သူကို ဘယ္ေတာ့မွဒုကၡမေပးခဲ့သလို Klanarong လိုခ်င္တဲ့အရာမွန္သမွ်ကိုလည္း အၿမဲထုတ္ေပးခဲ့ပါတယ္။ ဖခင္ဟာ Klanarong ကိုအိမ္မႈကိစၥကူညီဖို႔ဘယ္ေတာ့မွမေတာင္းဆိုခဲ့ဖူးသလို သူ႕အား စာသင္တာကိုပဲ အာ႐ုံစိုက္ေစခ်င္ခဲ့ပါတယ္။

အဲဒီအတြက္ေၾကာင့္လည္း ဖခင္ဟာ သူ႕အလုပ္အေပၚ ႀကီးမားတဲ့စိတ္ခံစားခ်က္မ်ိဳးလည္းမရွိခဲ့ပါဘူး။ Klanarong ဟာ စစ္တကၠသိုလ္သို႔ ၀င်ရန်စဉ်းစားခဲ့သော်လည်း စာေမးပြဲမေအာင္ခဲ့ပါဘူး။ သူဟာ တျဖည္းျဖည္းနဲ႕စိတ္ပ်က္လာခဲ့ေပမယ့္လည္း သူ႕မိသားစုရဲ႕ပံ့ပိုးမႈကို အၿမဲရရွိခဲ့ရပါတယ္။

Klanarong ဘြဲ႕ရတဲ့ေန႕မွာေတာ့ ဖခင္ျဖစ္သူဟာ အရမ္းစိတ္လႈပ္ရွားကာ ေပ်ာ္႐ႊင္စြာ ငိုေႂကြးေနခဲ့ပါတယ္။ ဖခင္ျဖစ္သူဟာ မိသားစုရဲ႕ခက္ခဲတဲ့အေျခအေနၾကားကေနေတာင္ သားျဖစ္သူက ဘြဲ႕ယူနိုင္ခဲ့လို႔ ဝမ္းသာပီတိျဖစ္ခဲ့ရပါတယ္။

ကြၽန္ေတာ္တို႔ဟာ မိဘေတြက ကြၽန္ေတာ္တို႔အတြက္ ဘာလုပ္ေတြအမ်ားႀကီးလုပ္ေပးခဲ့လဲဆိုတာကို ျပန္စဥ္းစားၾကည့္တတ္ၾကရပါမယ္။ ထို႔အျပင္ မိဘမ်ားအား ေက်းဇူးတင္ေၾကာင္းႏွင့္ ၎တို႔အား သင့္ရဲ႕ခ်စ္ျခင္းေမတၱာကို ေနာင္တမရွိဘဲ ရဲရင့္စြာ ျပသေပးဖို႔ အၿမဲသတိရပါလို႔ မွာခဲ့ခ်င္ပါတယ္ဗ်။