“အိမ်မှာ အလှဆင်ဖို့ စိုက်ရတာအရမ်းလွယ်တဲ့ Morning flower ပန်းကို အပွင့်တွေ ဝေနေအောင် ပြုစုနည်း”

Morning flower ပြုစုနည်း

မောနင်းဖလားဝါးက ဘယ်လိုစိုက်စိုက်ရှင်တဲ့အမျိုးပါ။ အပင်သန်ပြီး အပွင့်လိုက်ဖို့ တစ်ယောက်နဲ့တစ်ယောက်ပြုစုပုံတော့ မတူကြပါဘူးနော်။

အရေးကြီးဆုံးက မြေပွပွလေးနဲ့ ရေဆင်းကောင်းတဲ့ အိုးဖြစ်ရပါမယ်။ တစ်လတစ်ခါလောက် မြေပြင်​ပေးရပါတယ်။

နေရောင်ကြိုက်လို့ နေ တစ်နေ့အနည်းဆုံး ၅ နာရီကနေ ၈ အထိ ရဖို့လိုပါတယ်။ ပျိုးဆိုင်က စပ်မြေ၊သဲ၊မြေဆွေး၊ဖွဲပြာ ဆတူရောမွှေစိုက်နိုင်ပါတယ်။

(၁) ဆန်ဆေးရည်တစ်ညသိပ်ထားပြီး လောင်းပေးပါ။ ချက်ချင်းလောင်းရင် mlo ခေါ်တဲ့ micro local organism လေးတွေ မပေါက်ဖွားသေးလို့ ထိရောက်မှာမဟုတ်ဘူး။

(၂) ကြက်သွန်ခွံတစ်ညသိပ် အခွံရေစစ်လောင်းပေးပါ။

(၃)လက်ဖက်ခြောက်ညသိပ် အဖတ် ရေစစ်လောင်းပေးပါ။* အဖတ်ပါထည့်ရင် မှိုလိုက်တတ်လို့ အဖတ်မထည့်ပါနဲ့။

(၃) ကြက်ဥခွံရေဆေး၊အမှုန့်ကြိတ်ပြီ အပင်ခြေရင်းထည့်ပေးပါ။* ရေမဆေးရင် ပုရွက်ဆိတ်တက်တတ်ပါတယ်။တစ်လနှစ်ခါလောက် ထည့်ပေးရင်ရပါတယ်နော်။

(၅) ရေတစ်လီတာမှာ ဆားခါး လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး တစ်ပတ် တစ်ကြိမ်လောက်ဖျန်းပေးပါ။

(၆) ရေတစ်ဂါလံမှာ B1 တစ်ဖုံးစာရောပေးပြီး ၁၅ ရက် တစ်ခါဖျန်းပေးပါ။

(၇)နွားချေးလည်းထည့်လို့ရပါတယ်။

အထက်ပါအချက်တွေထဲက အဆင်ပြေတာလိုက်လုပ်နိုင်ပါတယ်နော်။

တစ်ချို့က ကြက်သွန်ခွံရည်လေးလောင်းရုံနဲ့ ok တယ်။

မင်မင်လည်း သူများဆီကရသမျှ မှတ်သားထားတာပါ။ အားလုံးပဲ လှပတဲ့ပန်းခင်းကြီး ပိုင်ဆိုင်နိုင်ကြပါစေ။

crd,

Zawgyi
Morning flower ျပဳစုနည္း

ေမာနင္းဖလားဝါးက ဘယ္လိုစိုက္စိုက္ရွင္တဲ့အမ်ိဳးပါ။ အပင္သန္ၿပီး အပြင့္လိုက္ဖို႔ တစ္ေယာက္နဲ႕တစ္ေယာက္ျပဳစုပုံေတာ့ မတူၾကပါဘူးေနာ္။

အေရးႀကီးဆုံးက ေျမပြပြေလးနဲ႕ ေရဆင္းေကာင္းတဲ့ အိုးျဖစ္ရပါမယ္။ တစ္လတစ္ခါေလာက္ ေျမျပင္ေပးရပါတယ္။

ေနေရာင္ႀကိဳက္လို႔ ေန တစ္ေန႕အနည္းဆုံး ၅ နာရီကေန ၈ အထိ ရဖို႔လိုပါတယ္။ ပ်ိဳးဆိုင္က စပ္ေျမ၊သဲ၊ေျမေဆြး၊ဖြဲျပာ ဆတူေရာေမႊစိုက္နိုင္ပါတယ္။

(၁) ဆန္ေဆးရည္တစ္ညသိပ္ထားၿပီး ေလာင္းေပးပါ။ ခ်က္ခ်င္းေလာင္းရင္ mlo ေခၚတဲ့ micro local organism ေလးေတြ မေပါက္ဖြားေသးလို႔ ထိေရာက္မွာမဟုတ္ဘူး။

(၂) ၾကက္သြန္ခြံတစ္ညသိပ္ အခြံေရစစ္ေလာင္းေပးပါ။

(၃)လက္ဖက္ေျခာက္ညသိပ္ အဖတ္ ေရစစ္ေလာင္းေပးပါ။* အဖတ္ပါထည့္ရင္ မွိုလိုက္တတ္လို႔ အဖတ္မထည့္ပါနဲ႕။

(၃) ၾကက္ဥခြံေရေဆး၊အမႈန့္ႀကိတ္ၿပီ အပင္ေျခရင္းထည့္ေပးပါ။* ေရမေဆးရင္ ပု႐ြက္ဆိတ္တက္တတ္ပါတယ္။တစ္လႏွစ္ခါေလာက္ ထည့္ေပးရင္ရပါတယ္ေနာ္။

(၅) ေရတစ္လီတာမွာ ဆားခါး လက္ဖက္စားဇြန္းတစ္ဇြန္းထည့္ေဖ်ာ္ၿပီး တစ္ပတ္ တစ္ႀကိမ္ေလာက္ဖ်န္းေပးပါ။

(၆) ေရတစ္ဂါလံမွာ B1 တစ္ဖုံးစာေရာေပးၿပီး ၁၅ ရက္ တစ္ခါဖ်န္းေပးပါ။

(၇)ႏြားေခ်းလည္းထည့္လို႔ရပါတယ္။

အထက္ပါအခ်က္ေတြထဲက အဆင္ေျပတာလိုက္လုပ္နိုင္ပါတယ္ေနာ္။

တစ္ခ်ိဳ႕က ၾကက္သြန္ခြံရည္ေလးေလာင္း႐ုံနဲ႕ ok တယ္။

မင္မင္လည္း သူမ်ားဆီကရသမွ် မွတ္သားထားတာပါ။ အားလုံးပဲ လွပတဲ့ပန္းခင္းႀကီး ပိုင္ဆိုင္နိုင္ၾကပါေစ။

crd,