ခရစ်နှင် ၁၈၇၈ ခုနှစ်အတွင်း မင်းတုန်းမင်းကြီး လွန်စွာနာမကျန်းဖြစ်၍ ယဲ့ယဲ့မျှသာ ကျန်တော့ချိန်တွင် မန္တလေးနန်းတွင်း၌ အရေးပေါ်ပြဿနာ များ ပေါ်ပေါက်လာသည် ယင်းမှာ နောင်တတ်မည့် ဘုရင် ဘယ်မင်းသား ဖြစ်မည်နည်းဟူသော မေးခွန်းဖြစ်ပါသည်
မင်းတုန်းမင်းကြီးက ညီတော်အိမ်ရှေ့စံကနောင်မင်းသား နတ်ရွှာလား ပြီးသည့် နောက် မည်သည့် သားတော်ကိုမျှ နန်းလျာ (အိမ်ရှေ့မင်း) အဖြစ် ရွှေးချယ်ခဲ့ခြင်း မရှိ၍ မူးကြီး အမတ်ကြီများက အိမ်ရှေမင်း အဖြစ်သားတော်တပါးအားရွှေးချယ်ပါရန် တင်ပြခဲ့ကြ၍
မက္ခရာမင်းသားကြီးအား အိမ်ရှေ့အရာထားရန် စီစဉ်သေးသော်လည်း အထမမြောက်ခဲ့ မင်းတုန်းမင်းကြီးက သားတော်တပါးအား အိမ်ရှေ့အရာ ထားသော် ထိုသူ့အား သေတွင်းသို့ ပို့ထားသည်နှင့်သာ တူလိမ့်မည်ဟု မိန့်ကာ ခါးခါးသီးသီး ငြင်းခဲ့သည်
အိမ်ရှေ့စံ ကနောင်မင်း လုပ်ကြံခံရသည်ကို မင်းကြီး၏ မျက်စိမှ မထွက်နိုင်ချေ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းကြောင့် ကနောင်မင်း၏ ခေါင်းတခြား ကိုယ်တခြား အနိဋ္ဌာရုံကား အမြဲတစေ တပ်လှန့်လျက်ရှိသည်။
ထိုကြောင့် မင်းကြီး၏ နောက်ဆုံးအချိန်အတွင်း နန်းတတ်မင်းသား ရွှေးချယ်ရေးအတွက် အုပ်စုဖွဲ့နန်းလုပွဲများဖြစ်လာခဲ့တော့သည်သေအံမူးမူး နှင့် နတ်ရွှာလားခါနီး မင်းတုန်းမင်းကြီးက သားတော်များအား တွေ့လိုဇော ဖြင့် အခေါ်တော်ရှိသည်ဟု လိမ်လည်လှည့်ဖြား၍
မင်းညီမင်းသားများအား စုရုံးစေပြီး ဆင်ဖြူမရှင်မိဖုရားကြီးက ခါးပိုက်ဆောင်တပ်ဖြင့်ဖမ်းဆီးချုပ်နှောင်စေ၍ နန်းတွင်းထောင်သို့ပို့ဆောင်စေသည် ဆင်ဖြူမရှင်က သမီးတော်စုဖုရားနှင့် ရည်ငံနေ၍ စိတ်တိုင်းကျ ကြိုးဆွဲရာလည်း ကမည်ဖြစ်သော သီပေါကို သာ နန်းတင်မည်ဖြစ်သည်။
နောက်ပိုင်းအဖြစ်အပျက်များက သံဝေဂယူစရာ ထိပ်လန့်တုန်လူပ်စရာ နန်းလုပွဲများက မန္တလေးနန်းတော်တွင်ဖြစ်လာသည်။
နေ့ရက်ကား ၁၂၄၀ ခု တပိုတွဲလ
သုတ်သင်ကွပ်မြက်ခြင်း ခံရသူများ ခွန်နှစ်ရွှာ တိုက်စား မိဖုရား သားတော်သုံးဆယ်မင်းသား၊ ပင်လယ်မင်းသား၊ ပင်းယမင်းသား၊ မြောက်ဆောင်တော်မိဖုရား သားတော်မက္ခရာမင်းသား၊
မဘိမ်းမင်းသား၏ ကြင်ယာတော် ကန္နီမင်းသမီး၊ ညောင်ရမ်းမင်းသား၏ ကြင်ယာတော် မဘဲမြို့စားမင်းသမီး၊ ရနောင်မင်းသား နှင့် ကြင်ယာတော် ကြံညှပ်မင်းသမီး၊ ရွှေကူမင်းသား နှင့် ကြင်ယာတော် ဆင်ရှင်မင်းသမီး
လင်ပန်းတိုက်စား မိဖုရား၊ သက်ပန်းမိဖုရား၊ မိုးလိူင်းမင်းသား၊ တောင်ညိုမင်းသား ကုက္ကိုလှ၊ တိုက်စားမိဖုရား၊ သားတော် ကသာမင်းသား၊ ပထမ မြောက်ဆောင်တော်မိဖုရား၊ ရေပွဲတိုက်စား မိဖုရား၊ သားတော်ဝန်းသိုမင်းသား၊ ထိးလိူင်တိုက်စားမိဖုရား သားတော်မိုင်းတုံမင်းသား၊
သားတော်သာဂရ၊မင်းသား၊ သိန္နီမိဖုရား၊ သားတော်မိုင်းရယ်မင်းသား၊ သရစိမ်းရွှာစား မိဖုရား၏ သားတော် ငါးရာနဲမင်းသား၊ အိမ်ရှေ့စံကနောင်မင်းနှင့် လိူင်ထိပ်ခေါင်တင် မိဖုရား၏ သားတော်
ထန်းတပင်မင်းသားတို့ကို ဦးစွာသုတ်သင်ပြီးလျှင် မင်းတုန်းမင်းတရားကြီး၏ သားတော်သမီးတော် တို့၏ တူတော် မြေးတော်တို့အား ညလုံးပေါက် ဆက်လက်သုတ်သင်ခဲ့သည်။
နေ့ရက်ကား ၁၂၄၀ ခု တပိုတွဲလပြည့်ကျော် ၁၁ ရက်နေ့ ည ၁ ချက်တီး
ထိုမင်းသားမင်းသမီးတို့နှင့် အဆက်သွယ်မကင်းသော သုံးဆယ်မင်းသား၏ ဦးရီးတော် ဗန်းမော်အတွင်းဝန် ဦးတိုး၊ ရနောင်မင်းသား၏ ဦးရီးတော် ရေနံ့သားမြို့စား ဦးရွှေမောင်၊ တပါယ်မြို့စား မင်းသားဦးဘ၊ မြင်းစုကြီးဝန် ဦးတတ်တူ၊ ရန်ကုန်မြို့ဝန်ဦးအုပ်တို့ကိုမူ ထောင်မပြောင်းမီ တပိုတွဲလပြည့်ကျော် ၈ ရက်နေ့က ကြိုတင်ကွက်မြက်ခဲ့သည်။
သမိုင်းကို သိရင် ဖတ်ဖူးရင် ပိုသိတယ် အထဲရောက်သွားရင် တမျိုးခံစားရတယ် စိတ်ထဲ ဖြင်းကနဲ ထိတ်ကနဲ ဖြစ်ရတယ်။
Crd,