မြန်မာ့နိုင်ငံသို့ ၁၆ ရာစုဦး ဥရောပမှ သေနတ်များ ဝင်ရောက် မလာခင်ကပင် တရုတ်ပြည်ဘက်မှ ဝင်လာသော သေနတ်နှင့် အမြောက်ငယ်များကို မြန်မာတို့ ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။
၁၅ ရာစု ဝန်းကျင် ယူနန်ကို ဖြတ်သန်းလာသော ရှေးဟောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် မြန်မာနိုင်ငံ အထက်ပိုင်းသို့ လက်နက်များ ဝင်ရောက်လာနေပြီး အင်းဝနှင့် ပြည် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအထိ သေနတ် အမျိုးမျိုးကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။
ဥရောပမှ သေနတ်များသည် ၁၆ ရာစု အလယ်ခန့် ဘုရင့်နောင်ခေတ်တွင်မှ မြန်မာဘုရင့် စစ်တပ်ကို စတင်ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ထိုသေနတ်များမှာ မြန်မာတို့၏ ရှေးရိုးစွဲ စစ်နည်းဗျူဟာများကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့သလို သေနတ်များနှင့် ကိုက်ညီသော စစ်ဗျူဟာ အသစ်များကိုလည်း တီထွင်အသုံးပြုခဲ့ခြင်း မရှိခဲ့ပါ။
ရှေးရိုး စစ်လက်နက်များ ဖြစ်သောစစ်ဆင်များ၊ စစ်မြင်းများ၊ လှံတို လှံရှည်များ၊ ဓားများဖြင့် တိုက်ခိုက်ရာတွင် ပစ်ကူအနေနှင့်သာ သေနတ်များကို အသုံးပြုခဲ့သည်။
မြန်မာ ဘုရင့်တပ်မတော်တွင် သေနတ်ကိုင် တပ်ဖွဲ့များကို အထူးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြပြီး ပေါ်တူဂီနှင့် မွတ်ဆလင် ကြေးစား စစ်သားများ ပါဝင်သည်။
နောက်ပိုင်းမှသာ မြန်မာလူမျိုး သေနတ်ကိုင်တပ်များကို ဖွဲ့စည်းလာပြီး စစ်ဆင်များကိုလည်း အမြောက်တင် ဆင်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလာကြသည်။
သေနတ် အသုံးပြုမှုသည် တဖြေးဖြေး ကျယ်ပြန့်လာရာ ၁၆ ရာစုအကုန် စစ်ပွဲများတွင် မြန်မာရဲမက် ၂၀ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း အထိ သေနတ်များ ကိုင်ဆောင်ခဲ့ကြသည်။
၁၆၀၅ ခုနှစ် တပ်တော်ဝင် အမိန့်ပြန်တမ်း တစ်ခု အရ တပ်သား ၁၀၀၀ ပါ တပ်ဖွဲ့တစ်ဖွဲ့တွင် အကြပ် ၁၀၀ ဦး၊ အဆော် ၁၀ ဦး၊ အကဲ တစ်ဦး အဆင့်ဆင့် ကွပ်ကဲရန်နှင့် တပ်သားအားလုံးတွင် သေနတ်နှင့် အမြောက်ငယ်များ လုံလောက်စွာ ပါရှိရမည် ဖြစ်ကြောင်း ထို့အပြင် ဆင်ဖမ်းသမား၊ စည်တော် ရွှမ်းသူများ၊ ဗြဟ္မဏများလည်း ပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၁၇ ရာစု အစပိုင်းတွင် တပ်သား ၁၀၀၀ ပါ သာမန် တိုက်ခိုက်ရေး တပ်ဖွဲ့ တစ်ခုတွင် အမြောက်ငယ် ၁၀ လက်၊ သေနတ် အလက် ၁၀၀ နှင့် လေးအလက် ၃၀၀ ပါဝင်ကြောင်းတွေ့ရှိရသည်။
၁၆၃၅ ခုနှစ် တွင် မြန်မာဘုရင့်တပ်မတော်၏ ၁၄ – ၁၈ ရာခိုင်နှုန်းခန့်သာ သေနတ် အသုံးပြုရာမှ ၁၈၂၄ ခုနှစ် အရောက်တွင်၂၉ – ၈၉ ရာခိုင်နှုန်းအထိ အသုံးပြုလာကြသည်။
အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတွင် မြန်မာဘုရင့် စစ်သည် ၆၀ ရာခိုင်နှုန်းမျှ သေနတ် အသုံးပြုခဲ့သည်။သို့သော် မြန်မာဘုရင့် စစ်တပ်တွင် အမြောက်များထက် အမြောက်ပစ်ကျွမ်းကျင်သူများကို ပိုမို လိုအပ်ကြောင်း ဒတ်ချ်မှတ်တမ်း တစ်ခုတွင်ဖော်ပြထားသည်။
မြန်မာဘုရင်ထံတွင် သေနတ်နှင့် အမြောက်များစွာ ရှိသော်လည်း ကျွမ်းကျင်သော အမြောက်ပစ်သမား မရှိ၍ ဒီအတိုင်း သိမ်းထားနေရကြောင်းကိုလည်း ဖော်ပြထားသည်။
မြန်မာဘုရင်သည် တစ်ခါတစ်ရံ ဒတ်ချ်တို့ထံမှ အထူး လက်နက်များ မှာယူလေ့ ရှိသည်။၁၆၆၆ ခုနှစ်တွင် ပြည်ဘုရင်က ဓားရှည် ၆ လက်နှင့် သေနတ် ၉ လက် မှာယူခဲ့သည်။
လိုချင်သော အတိုင်းအတာကို သစ်သားနှင့် ပုံစံတူ ပြုလုပ် မှာယူခဲ့ပြီး သေနတ်များအား ရွှေချပေးရန်လည်း မှာကြားခဲ့သည်။
၁၆၆၆ ခုနှစ် ဇွန်လ တွင်ဒန်ချ်ပိုင် အိန္ဒိယရှိ ပူလီကတ်ဒေသ လက်နက်စက်ရုံမှ အကောင်းဆုံး ဓားရှည် ၄ လက်နှင့် ဓားကောက်၂ လက် ပေးပို့ခဲ့သည်။ ပြောင်းတို သေနတ်များလည်း ပေးပို့ခဲ့သော်လည်း ရွှေချသည့်ကိရိယာများ မရှိသဖြင့် ရွှေချပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
သေချာသည်မှာ ၁၇ ရာစုတွင် ဥရောပမှ လက်နက် ခဲယမ်းများသည် မြန်မာဘုရင်နှင့် ခင်မင် ရင်းနှီးစေရန်အကောင်းဆုံး လက်ဆောင်များ ဖြစ်ခဲ့သည်။ မြန်မာတို့သည် မြို့ရိုးများကို စီးနင်းရာတွင် အသုံးပြုသောသစ်သား မျှော်စင်များတွင်လည်း အမြောက်များ တပ်ဆင်လေ့ ရှိကြောင်း တွေ့ရသည်။
ထို ပြင်သစ်တပ်စုမှာ ၁၇၅၉-၆၇ အတွင်း ယိုးဒယားတို့နှင့် လည်းကောင်း၊ ၁၇၆၆-၆၉ အတွင်း မန်ချူးတို့နှင့် လည်းကောင်း စစ်မက် ဖြစ်သွားသောအခါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၁၇၅၆ ခုနှစ်၊ ဇူလိုင်တွင် သန်လျင်ကို အလောင်းမင်းတရား သိမ်းသော် ပြင်သစ်သင်္ဘော နှစ်စီးကိုပါ ရသည်။ သင်္ဘောမှ အရာရှိများကို ကွပ်မျက်ကာ သင်္ဘောသားတို့အား မြန်မာတပ်သို့ ဝင်စေခဲ့သည်။
အဆိုပါ သင်္ဘောသားများ အနက်မှ တဦးဖြစ်သော Pierre de Milard မိလတ်သည် မြန်မာတပ်တွင် အမှုထမ်းခဲ့သည်။ ယိုးဒယား၊ တရုတ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲတို့တွင် မြန်မာဘက်မှ ကူညီခဲ့သည်။
ထိုပြင်သစ်တပ်စုမှာ ၁၇၅၉ – ၆၇ အတွင်း ယိုးဒယားတို့နှင့်လည်းကောင်း၊ ၁၇၆၆ – ၆၉ အတွင်း မန်ချူးတို့နှင့် လည်းကောင်း စစ်မက် ဖြစ်သွားသောအခါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အလောင်းမင်းတရား လက်ထက်တွင် ဗရင်ဂျီ ကုလားဖြူတပ်၌ စစ်ကြပ် အဖြစ် စခန့်သည်။ နောင်သော် တပ်မှူး၊ စစ်ဗိုလ် စသဖြင့် သူကောင်း ပြုခံရသည်။
ဆင်ဖြူရှင်မင်း လက်ထက်တွင် ပေတလူ Pierre de Milard မှာ သက်တော်စောင့် ကုလားဗိုလ် ရာထူးနှင့် တပယ်မြို့ကို စားရသည်။ ရာဇသာရဘွဲ့ နှင့် သီရိရာဇာ သူရကျော်ထင်ဘွဲ့ကိုလည်း ချီးမြှင့်ခံရသည်။
စဉ့်ကူးမင်း လက်ထက်တွင်လည်း သက်တော်စောင့် ကုလားဗိုလ်ဘွဲ့ကို ဆက်လက် ချီးမြှင့် ခံရသည်။ တပယ်မြို့ကို ရှေးကအတိုင်း စားစေသည်။မူလ သီရိရာဇ သူရကျော်ထင်မှသည် နေမျိုးဘွဲ့ တိုးရာ နေမျိုး သီရိရာဇ သူရကျော်ထင် ဘွဲ့ကို ချီးမြှင့်ပြန်သည်။
သူတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ပြင်သစ်စစ်သားများသည် ဘုန်းတော်ကြီး၏ ဝိညာဉ်ရေး အထောက်အပံ့ဖြင့် ရွှေဘိုရွာများအား အငြိမ်းစား ယူနိုင်ခဲ့သည်။
ယနေ့အချိန်အထိ အချို့သော ကက်သလစ် ကျေးရွာများသည် ဥရောပ မျိုးရိုးအချို့၏ အသိအမြင်တစ်ခု ကျန်ရှိနေသေးသည့် ဧရိယာတွင် ရှိနေဆဲ ဖြစ်သည်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအစဥ်ဖြင့်နိုင်ငံခြားသို့ ပညာတော်သင် လူငယ်များ စေလွှတ်ကာ ပြန်လည် ရောက်ရှိလာသောအခါ စက်ရုံများ တည်ဆောက် ထုတ်လုပ်ခဲ့သည် များကို တွေ့ရသည်။
ထိုထဲတွင် လက်နက်စက်ရုံများလည်း ပါဝင်သည်။ မင်းတုန်းမင်း လက်ထက် လက်နက်စက်ရုံများမှ မြန်မာလုပ် သေနတ်များ၊ အမြောက်များ အပြင်၊ ကနောင်မင်းသားကြီး၏ ကြီးကြပ်စီမံမှုဖြင့် ရေမြှုပ်ဗုံးကိုပါ စမ်းသပ်အောင်မြင်ခဲ့သည်။
မြန်မာ့သမိုင်းတွင် အမြောက်၊ စိန်ပြောင်းတို့ကို လူတိုင်း ကြားဖူးကြသော်လည်း မြတပူကို ကြားဖူးသူနည်းပါးသည်။မြတပူမှာ မြန်မာ့ အမြောက်တစ်မျိုးပင် ဖြစ်သည်။ မြတပူနှင့် ပက်သတ်၍ အင်းဝနှင့် ဟံသာဝတီ စစ်ပွဲများတွင် စတင် သုံးစွဲခဲ့သည်ကို ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် တွေ့ရသည်။
မြတပူသည် အမြောက်၊ စိန်ပြောင်းတို့နှင့် မတူဘဲ ပြောင်းပုံစံမှာ အခေါင်းပေါက် ဖြစ်သည်။ ပြောင်းထဲသို့ မီးရှူးကဲ့သို့ အတိုင်ကို ထည့်ကာ မီးစာကို မီးရှို့ ပစ်ခတ်ရသည်။ပစ်မှတ် မထိရောက်သော်လည်း ရန်သူ့ခံတပ်ကို တိုက်ခိုက်ရာတွင် ပစ်ကူအနေဖြင့် လည်းကောင်း၊ ၂ ဘက်ရင်ဆိုင် တိုက်ခိုက်ရာတွင် လည်းကောင်း ပစ်ခတ်နိုင်သည်။
ဘုရင့်နောင်လက်ထက် ယိုးဒယား – မြန်မာ စစ်ပွဲတွင်လည်း မြန်မာတို့ဘက်မှ မြတပူများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်