ဒီပြတင်းပေါက်တွေ ကနေ နေ့တိုင်း ဦးဖိုးရှိပစ်ချ မဲ့ခေါင်းအုံးကို မယား အယောက် ၃၀ က စောင့်ဖမ်းကြသတဲ့
စစ်ကိုင်းတိုင်း မုံရွာ သာစည်နယ်မှာ ဦးဘိုးရှိဆို ခုထိ သိနေကြတုန်း နာမည်ကြီးနေတုန်း …
စံပြ ပြောဆိုနေရတုန်း အဘယ်သို့ကြောင့်ဆိုတော် ဦးဘိုးရှိတွင် စားရင်းရှိ မယား ၃၃ ယောက် ရှိသည် ဦးဘိုးရှိက လယ် ဧက သောင်းချီ ပိုင်တယ်ဆိုပဲ ..
တနှစ်တနှစ် သီးစားချ သည်ရော .. လယ်စာရင်းငှါးများ ရာသီသီနှံပေါ်ချိန်ဆို မိသားစုလိုက် လာကန်တော့ကြရသည်
ထိုအချိန် တွင် သမီးပျို ချောချောမောမော ပါလာပါက..
ဦးဘိုးရှိ သဘောကျလို့ ထားခဲ့ ဆိုလျင် ထားခဲ့ပေပဲ…
မထားခဲ့ လို့ကတော့ နောက်နှစ်သူ့လယ် မှာ အလုပ်မရဘူးသာမှတ် အဲ့လိုဒီလိုနဲ့ သူကြိုက်ရာ ယူထားတာ စာရင်း ရှိကြီး ၃၃ေ ယာက် ကြုံဒိုးလေးတွေက ပါသေးဆိုဘဲ …ဦးဘိုးရှိက ၃ ထပ်တိုက် နဲ့နေတာ ..
တိုက်အောက်ဆုံးထပ်မှာ ဇာတ်စင် ကြီးဆောက်ထားသတဲ့ဇာတ်ခေါ် က ရင် ‘ သုရောနန္ဒီ ဇာတ် ‘ ဘဲ ကခိုင်း သတဲ့ . ဘာလို့တုန်း ဆိုတော့အဲ့ဇာတ်က မင်းသမီး ကို ဂဠုန် ချီတဲ့အခန်းပါ ဆိုဘဲ။အဲ့အခန်းရောက်ရင် ဦးဘိုးရှိက ဂဠုန် ခေါင်းဆောင်း ကြီး စွပ်ပီး သူကိုယ်တိုင် မင်းသမီး ကို ပွေ့ချီပီး သုတ်လေ့ရှိသတဲ့ ….
ဦးဘိုးရှိကအဲ့ဂဠုန်ခေါင်းဆောင်းကို အပိုင်ဝယ်ထားတာ… ဇာတ်ကြည့်ရင် ဘေးနားအဲ့ ခေါင်းဆောင်း ထားကြည့်ရော … မင်းသမီးကို ဂဠုန် သုတ်ပြေးတဲ့အခန်းကလည်း … ဂဠုန်က အသုတ် ဇာတ်စင် မီးတွေကမှိတ် ပေး .. စင် ကိုအမှောင်ချအဲ့လို ကွက်တိဖြစ်ရတာ…
ပီးရင် ဦးဘိုးရှိက မင်းသမီးကို အခန်းထဲ ခေါ်ပြေးရော သူနဲ့ အဆင်ပြေသွားရင် အဲ့ည ဇာတ် ဆက်ကစရာ မလို တော့ဘူး ပြီးဘီ …. အဲ့ မင်းသမီးက ငြင်းဆန်နေရင်တော့ ဇာတ်ဆက်ကရတယ် .. နောက်လဲမငှါးတော့ဘူး
အဲ့လို ပြတ်သားတာ ဦးဘိုးရှိက တခါ က ညောင်ကန် မင်းသမီး ဇာတ်လာကတယ် မင်းသမီး ကငယ်လဲ ငယ် ချောကလဲချော ဆိုတော့ ဦးဘိုး ရှိ မနေနိုင်ဘူး …. ဂဠုန်ခေါင်းဆောင်းဘေးချပီး သူ့ဇာတ်ဖြစ်တဲ့ သုရောနန္ဒီ ကခိုင်း… မင်းသမီး ဂဠုန်ချီတဲ့အခန်းလဲရောက်ကော .. ဘာပြောကောင်းမတုန်း မင်းသမီးချီပီး သူ့အခန်းထဲ ဝင်ပြေးပါရော…
မင်းသမီး က လုံးဝ သဘောမတူဘဲ ပြဿနာ တက်ပီး မင်းသမီး ချက်ချင်း ပြန်ပါလေရောလား … ဦးဘိုးရှိလဲ ဆန့်ငင် ဆန့်ငင်နဲ့ကျန်ခဲ့တာ…..တပတ်လောက် ဦးဘိုးရှိ အသဲကွဲနေတော့ တငူငူ တငိုင်ငိုင် ….
ဒါနဲ့ ဦးဘိုးရှိ မယားတွေလဲ မနေနိုင် အချင်းချင်းတိုင်ပင်ပီး မယားကြီးနဲ့ အခြားမယား၅ ယောက်တို့ ညောင်ကန်ရွာ လိုက်ပီး မင်းသမီးကိုဖျောင်းဖျ ကြတာ ၂ ရက်ကြာသတဲ့ … နောက်တော့ မင်းသမီးလဲ လိုက်လာပေးသတဲ့ ဗျာ…. ဦးဘိုးရှိက အဲ့လို ပိုင်တာ….
ဒီတော့ ဒီနယ်တဝိုက် ဦးဘိုးရှိ ဆိုရင် ယောက်ကျား သားတွေရဲ့ အိုင်ဒေါ ဖြစ် ကရောပေါ့ …. ကိုယ်လည်း ကြားကြားချင်း ဦးဘိုးရှိ ကို ကြည်ညို လိုက်တာဆိုတာ .. သူ့အိမ်ကြီးသွားကြည့်ရတဲ့ အထိပါပဲ ကဲ မုံရွာသားတွေ သာစည် သားတွေ ဂုဏ်ယူရ တဲ့ ဦးဘိုးရှိ ဆိုတာ ဒါဘဲ ကလား…
မူရင်းတင်သူအား လေးစားမှုဖြင့် crd,
Zawgyi