အချိုမှုန့်ထက် အဆတစ်ရာ ကောင်းပြီး ကျန်းမာရေးမထိခိုက်တဲ့ သဘာဝဟင်းခပ်မှုန့်လုပ်နည်း

အခုခေတ်မှာ ကြက်သားအမှုန့်ဆိုတဲ့ ဈေးချိုချို အထုပ်တွေဟာ နေရာယူလာပါတယ်။

အချိုမှုန့်အစားထိုးသုံးကြပေမယ့် ရောင်းတန်းဖြစ်တဲ့အတွက် သူတို့ဟာလည်း အချိုမှုန့်တွေနည်းနည်းပါနေသေးတယ်ဆိုတဲ့ သတင်းကိုဖတ်မိကြမှာပါ

ဒါကြောင့်အန္တရာယ်ကင်းတဲ့အချိုမှုန့်ပြုလုပ်နည်းလေးကိုမိသားစုတွေ အတွက် ပေးချင်ပါတယ်။

အိမ်မှာလည်း သုံးနေတဲ့ နည်းလေးပါ။

၁။ ကန်ဇွန်းဥ ၅ဝသား

၂။ ကြက်သွန်နီ -၂ဝသား

၃။ ကြက်သွန်ဖြူ- ၅ကျပ်သား

၄။ ဆား၊ထမင်းစားဇွန်း ၁ဇွန်း

၅။ သကြား ထမင်းစားဇွန်း -၃ဇွန်း

၆။ အုန်းထန်းလျက် ၅လုံး

၇။ ငရုပ်ကောင်းထမင်းစားဇွန်း ၁ဇွန်း

ကန်းဇွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုခြစ်နဲ့ပါးပါးခြစ်ပါ။နေပူပူမှာနေလှန်းပါ။

မီးအေးအေးနဲ့မွှေပါ။ကြွပ်နေအောင်မွှေပါ။ကန်ဇွန်းဥကြက်သွန်မွှေးနံလေးရပြီဆိုတာနဲ့ဆားသကြား၊ငရုပ်ကောင်း၊ထန်းလျက်တို့ကိုထုချေပြီးထည့်ပါ

အအေးခံပါ။ပြီးရင်Blanderနဲ့မှုန့်နေအောင်ကြိတ်ပါ။ပြီးရင်ပုလင်းထဲထည့်ပြီး လေလုံအောင်သိမ်းထားပါ။ဒါဆိုရင်အသင့်သုံးဖို့အန္တရာယ်ကင်းတဲ့အချိုမူန့်ရပါပြီ။

ဈေးထဲကဝယ်ထားတဲ့ (မီးဖိုချောင်လူ သ တ် သမားကြီး)အချိုမူန့်ကိုအမိူက်ပုံးထဲသို့လွှတ်ပစ်လိုက်လို့ရပါပြီ။

Crd,