ရန်ကုန်မှာနေ တဲ့ သူ တိုင်း သိသင့်သော ရန်ကုန်မြို့ ရဲ့သမိုင်း ထဲ က ပထမဆုံးဖြစ်ရပ် (၁၀)ခု

ရန်ကုန်မြို့ အတွက် ပထမဆုံးသော အဖြစ်အပျက်တွေ ၊ အဆောက်အအုံ တွေရဲ့သမိုင်း ကြောင်းကို စုစည်း ဖော်ပြ ထား တာ ဖြစ် ပါ တယ် ။

( ၁၁ ) ရာစုလောက်က စတင် တည် ထောင် ခဲ့ တဲ့ ရန်ကုန် ဟာ အင်္ဂလိပ် အုပ်ချုပ်ရေး လက်အောက် မွာ နိုင်ငံရဲ့ မြို့တော် ဖြစ်လာပြီး စီးပွားရေးမြို့တော်လည်း ဖြစ် ခဲ့ ပါ တယ် ။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီပွားရေးမြို့တော် ဖြစ်နေဆဲ ဖြစ်တဲ့ ရန်ကုန်ဟာ တစ်ချိန်က တိုးတက်တဲ့ မြို့တစ်မြို့ အဖြစ် အခိုင်အမာ ရပ်တည် နိုင်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရွိ ပါတယ်။

သမိုင်းကြောင်းထဲက ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ်တွေကို အောက်မှာဖော်ပြ ပေးထား ပါ တယ်။

မြန်မာ့ပထမဆုံးများ

၁။ရန်ကုန်မြို့တွင် တစ်လမ်းမောင်းစနစ်ကို ၁၉၇၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့တွင် စတင်ကျင့်သုံး ခဲ့သည်။

၂။ရန်ကုန်မြို့တွင် လက်ယာမောင်းစနစ်ကို ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ကျင့်သုံး ခဲ့သည်။

၃။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ် မေလ ၁၇ရက် နေ့ တွင် စတင်ဖွဲ့စည်းခဲ့သည်။

၄။မြန်မာနိုင်ငံတွင် ဆယ်လူလာဖုန်းကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ် အသုံး ပြုခဲ့သည်။

၅။မြန်မာရုပ်ရှင်သရုပ်ဆောင်များအနက် ပြိုင်ကားကို ပထမဆုံးစီးခဲ့သော ရုပ်ရှင်သရုပ်ဆောင်မှာ ဝင်းဦး ဖြစ်သည်။

၆။ မြန်မာ့ရုပ်ရှင် လောကတွင် တန်ဖိုးကြီးသော မာစီဒီး ကားကို ပထမဆုံး စီးနိုင် ခဲ့သော ရုပ်ရှင် သရုပ်ဆောင် မွာ ဟာသ သရုပ်ဆောင် ဖိုးပါကြီး ဖြစ်သည်။

၁ ။ ပထမဆုံးရေ နွေး ငွေ့စက်ခေါင်း

ဓာတ်ရထားကို ၁၉၀၆ ခုနှစ် မွ စတင် ပြေးဆွဲခဲ့ပေမဲ့ ပထမဆုံးရေ နွေးငွေ့စက်ခေါင်း နဲ့ သံလမ်းပေါ် မောင်းနှင် တဲ့ ယာဉ်တွေကို ၁၈၈၆ ခုနှစ် ကတည်းက စတင်ပြေးဆွဲ နေတာဖြစ်ပါတယ် ။

အဲဒီတုန်းက ရန်ကုန်မှာပဲ စတင် ပြေးဆွဲပြီး တရုတ်တန်း လမ်းမ မွ တဆင့် ဘုရား လမ်းကို ဖြတ်ပြီး ရွှေတိဂုံဘုရားအထိသွားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

၂။ ပထမဆုံး မီးရထားဒီဇယ်စက်ခေါင်း

ပထမဆုံး မြို့ပတ်ရထားတွေကိုတော့ ဒီဇယ်စက်ခေါင်း တွေ အသုံးပြုပြီး တစ်နှစ်အကြာ ၁၉၅၉ ခုနှစ်မှာ စတင် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် မေလ ၁၀ ရက် နေ့ဟာ ရန်ကုန်မြို့မှာ မြို့ပတ်ရထားစနစ် စတင် ပေါ် ပေါက် လာတဲ့ ခုနှစ်ဖြစ်ပါတယ်။

၄။ ပထမဆုံး ဟယ်လီကော်ပတာ

ရန်ကုန်မြို့မှာ ဟယ်လီကော်ပတာလို့ခေါ်တဲ့ ခေတ်ဟောင်း ရဟတ်ယာဉ် ပထမဆုံး ပျံသန်းခဲ့တာက တော့ ၁၉၅၆ ခုနှစ် ဧပြီလ ၁၅ ရက် နေ့မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက သမ္မတ အိမ်တော်ဝင်း အတွင်းကို ဟယ်လီကော်ပတာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

၅။ မြို့ တော်ခန်းမ

ရန်ကုန်မြို့ရဲ့ ပထမဆုံးမြို့တော်ခန်းမကြီးဟာ ကိုလိုနီ ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည် ဘုရင်ခံ ဆာအာချီဘောလ် ကော့ကရိန်းက ၁၉၃၆ ခုနှစ် မွာ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ် ပါတယ်။

၆။ လွတ်လပ်ရေးကျောက်တိုင်

မဟာဗန္ဓုလပန်းခြံထဲမှာတည်ဆောက်ထားတဲ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၁၉၅၀ ပြည့်နှစ် နိုင်ဝင်ဘာ ၂၆ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

၇။ ပထမဆုံး ရန်ကုန်စာတိုက်ကြီး

ရန်ကုန်မြို့အတွက် ရန်ကုန်စာတိုက်ကြီးကို ၁၈၅၂ ခုနှစ် တည်းက စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးစာပို့ဌာနဟာ ရန်ကုန်စာတိုက်ကြီး မပေါ်ပေါက်ခင် ၁၈၃၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၈။ ပထမဆုံး မီးရထားလမ်း

မြန်မာနိုင်ငံအတွက်ရော ရန်ကုန်အတွက်ပါ ပထမဆုံး မီးရထားလမ်းကို ၁၈၈၇ ခုနှစ် မွာ စတင် ဖွင့်လှစ် နိုင်ခဲ့ ပါတယ်။ ရန်ကုန်နဲ့ ပြည်ကို ပြေးဆွဲတဲ့ ပထမဆုံး မီးရထားလမ်း ဖြစ်ပြီး ၁၆၁ မိုင်ရှည်လျားတဲ့မီးရထားလမ်း ဖြစ်ပါတယ်။

၉။ ပထမဆုံး ရုပ်မြင်သံကြား

ယ နေ့ ပြည်လမ်းပေါ်မှ ာရွိတဲ့ အသံလွှင့်ရုံကို ၁၉၅၄ ခုနှစ် မွာ စတင် တည်ထောင် ခဲ့ပြီး မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ရုပ်မြင် သံကြား ပြသတာကို ၁၉၈၀ ပြည့်နှစ်မှာ စတင်နိုင်ခဲ့ပါတယ်။

Credit