မျောက်ကုန်သည် ဥပမာ..
တရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ (၅၀၀၀) နှင့် ဝယ်မည်ဟု ကြေငြာသည်။
ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။
ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် (၅၀၀၀) နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။
ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။ မျောက်တစ်ကောင် (၁၀၀၀၀) ဖြင့်ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခက်ရာခက်ဆစ် ဖမ်းရောင်းကြပြန်သည်။
မျောက်တွေ တော်တော်ကြီးရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ ဈေးက တစ်ကောင် (၁၅၀၀၀) ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။
နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။ မျောက်တစ်ကောင် (၅၀၀၀၀) ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။ ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။
“ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်း ရှာမတွေ့တော့ဘူးဆိုတော့ ကျွန်တော် ဂွင်တစ်ခုပေးမယ်။ ကျွန်တော့် ဆရာဝယ်ထားတဲ့ မျောက်တွေ တွေ့တယ်မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တစ်ကောင် (၃၀၀၀၀) နဲ့ ပြန်ရောင်းပေးမယ်။
ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ (၅၀၀၀၀) နဲ့ရောင်းပေါ့။ (၂၀၀၀၀) တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။”ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး
တိုးဝှေ့ဝယ်ကြရာ မျောက်တစ်ကောင်တောင် မကျန်ချေ။ ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ “ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။”
လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။ သတိသာ ထားဖို့ပြင်ပေတော့၊ ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး
ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။ လိမ်တယ်ဘဲပြောရမလား၊ လောဘကို အရောင်းအဝယ်လုပ်တယ်ဘဲ ပြောရမလား ယနေ့တိုင် မြန်မာပြည် အဲ့ဒီနည်းကတော့ ရှိနေဆဲပါပဲ။
Credit
Zawgyi
ေမ်ာက္ကုန္သည္ ဥပမာ..
တရံေရာအခါက ႐ြာတစ္႐ြာတြင္ လူတစ္ေယာက္ေရာက္လာၿပီး ေမ်ာက္တစ္ေကာင္ ေငြ (၅၀၀၀) ႏွင့္ ဝယ္မည္ဟု ေၾကျငာသည္။
႐ြာသားမ်ားလည္း ေမ်ာက္ေပါသည့္နယ္ျဖစ္သျဖင့္ ေတာထဲသြားၿပီး ေမ်ာက္ဖမ္းၾကသည္။
ထိုလူလည္း ေမ်ာက္ေကာင္ေရ ေထာင္ခ်ီၿပီး တစ္ေကာင္ (၅၀၀၀) ႏႈန္းျဖင့္ ဝယ္လိုက္သည္။ ေမ်ာက္မ်ား အလြယ္တကူ ဖမ္းမရေတာ့ခ်ိန္တြင္ ႐ြာသားမ်ားလည္း ဆက္မဖမ္းေတာ့ေပ။
ထို႔ေနာက္ ထိုလူပင္ ထပ္ေၾကျငာသည္။ ေမ်ာက္တစ္ေကာင္ (၁၀၀၀၀) ျဖင့္ဝယ္မည္ဟု။ ႐ြာသားမ်ားလည္း ေမ်ာက္မ်ားကို ခက္ရာခက္ဆစ္ ဖမ္းေရာင္းၾကျပန္သည္။
ေမ်ာက္ေတြ ေတာ္ေတာ္ႀကီးရွားသြားေတာ့မွ ႐ြာသားမ်ား လက္ေလွ်ာ့သည္။ ထိုလူလည္း ဆက္ဝယ္မည္ဆို၏။ ေဈးက တစ္ေကာင္ (၁၅၀၀၀) ေပးမည္။ ေမ်ာက္မ်ားရွားသြားလိုက္သည္မွာ ဖမ္းဖို႔ မေျပာႏွင့္ ျမင္ရဖို႔ေတာင္ အနိုင္နိုင္ျဖစ္သြားသည္။
ေနာက္ဆုံး ထိုလူ ထပ္ေၾကျငာသည္။ ေမ်ာက္တစ္ေကာင္ (၅၀၀၀၀) ေပးမည္တဲ့။ သို႔ေသာ္ သူ ခရီးသြားစရာရွိသျဖင့္ အေရာင္းအဝယ္ကိစၥကို သူ႕လက္ေထာက္ႏွင့္လုပ္ရန္ မွာသြားသည္။ ထိုလူသြားေသာ္ လက္ေထာက္က ႐ြာသားမ်ားကိုေျပာသည္။
ဒီလိုလုပ္ ခင္ဗ်ားတို႔ ေမ်ာက္လည္း ရွာမေတြ႕ေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္ ဂြင္တစ္ခုေပးမယ္။ ကြၽန္ေတာ့္ ဆရာဝယ္ထားတဲ့ ေမ်ာက္ေတြ ေတြ႕တယ္မဟုတ္လား။ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို တစ္ေကာင္ (၃၀၀၀၀) နဲ႕ ျပန္ေရာင္းေပးမယ္။
ဆရာျပန္လာမွ သူ႕ကို ခင္ဗ်ားတို႔ (၅၀၀၀၀) နဲ႕ေရာင္းေပါ့။ (၂၀၀၀၀) ေတာင္မွ ျမတ္မွာေနာ္။ ခင္ဗ်ားတို႔ကို ေစတနာရွိလို႔ အႀကံေပးတာပါ။႐ြာသားမ်ားလည္း ရွိသမွ်ပိုက္ဆံထုတ္ၿပီး
တိုးေဝွ႕ဝယ္ၾကရာ ေမ်ာက္တစ္ေကာင္ေတာင္ မက်န္ေခ်။ ထိုေန႕မွစ၍ ႐ြာသားမ်ားလည္း ဆရာႏွင့္ လက္ေထာက္ကို ထပ္မေတြ႕ရေတာ့ပဲ ဘယ္ေနရာၾကည့္ၾကည့္ ေတြ႕ရသည္မွာ ေမ်ာက္မ်ားသာ ျဖစ္ေလသည္။
လူတစ္ေယာက္ဟာ မရသင့္တဲ့ ပစၥည္းကိုေလာဘကပ္ေနၿပီဆိုရင္ ထိုသူ အလိမ္ခံရဖို႔ နီးစပ္ေနပါၿပီ ။ သတိသာ ထားဖို႔ျပင္ေပေတာ့၊ ဘာလို႔လဲဆိုရင္ လူလိမ္ေတြက ေလာဘနဲ႕မွ်ားၿပီး
ကတုံးေပၚ ထိပ္ကြက္တတ္လို႔ပါပဲ ။ လိမ္တယ္ဘဲေျပာရမလား၊ ေလာဘကို အေရာင္းအဝယ္လုပ္တယ္ဘဲ ေျပာရမလား ယေန႕တိုင္ ျမန္မာျပည္ အဲ့ဒီနည္းကေတာ့ ရွိေနဆဲပါပဲ။
Credit