ငါး အရိုးဆူးလျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားတတ်ပေမယ့်အခန့်မသင့်လျှင်ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်
ဒါ့ကြောင့် ငါးအရိုးမဆူးလျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ် တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်
(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ခေတ္တမျှ ငုံထားပါ။
အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကိုတိုက်စားသွားပေလိမ့်မယ်
(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်
(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးများ အချွဲများနှင့်အတူ ကျသွားပါလိမ့်မယ်
(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို
ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးဆူးခြင်း ပျောက်ကင်းသွားလိမ့်မယ်
(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မယ်
(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက် ပေးနိုင်ပါတယ်
(၇) သံလွင်ဆီ အနည်းငယ်ခန့် သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားပါတယ်။ လည်ချောင်းနာလည်း ပျောက်ကင်းပါတယ် …။
(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါတယ် …။
(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါလိမ့်မယ်
(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။
ငါးရိုးကို အမြန်ပျော့သွားစေပါတယ်
သတိပြုရန်….
ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်
သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက်ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။
အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ