ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း

မိတ်ဆွေတွေအတွက် သိနေပြီးသား ဖြစ်နိုင်ပေမဲ့ တနှစ်တစ်ခေါက်လောက် ရုံးပိတ်ရက် အလည်သွားမဲ့ မိတ်ဆွေတွေ မသိတဲ့ နေရာလေးတွေရှိခဲ့ရင် အသုံးဝင်ခဲ့ရင် လက်ညောင်းရကျိုးနပ်ပါပြီ။

ဒီမိုင်တိုင် ( ၃၆၆/ ၃ မိုင် )အတွင်းမှာ နေရာတွေ အများကြီးပါ ။

ဒီထဲက ကျနော် မှတ်သားထားတာလေးတွေ ခေါင်းစဉ်တစ်ခုဆီအောက်မှာ ဖေါ်ပြပေးထားပါသည် ။

၁။ အကွေ့

အမြန်လမ်းမှာ အရေးအကြီးဆုံးပါ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့ မှောက်တာ အကွေ့တွေမှာပါ ။

•၄၆ မိုင်

•၁၀၅ မိုင်( ရွှေလီဦး ၁၇ယောက်သေ)

•၁၇၃ သာဂရအကွေ့

•၁၉၇ (ရာဇာမင်း ၉ယောက်သေ)

•၂၂၂

•၂၂၇ ကွေ့ဆင်း

••၂၄၂ အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့

မန်းလေးဘက်သွားတဲ့ဘက်မှာတော့

•၃၅၆

•၃၅၉ အကွေ့အရမ်းကြမ်းပါတယ်။

၂။ဂငယ်ကွေ့

အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင် အရမ်းသတိထားရပါတယ်။

•၁၅မိုင်ဘရားကြီးအနီး ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြတယ်…

•၁၁၃ ကြက်ကာလသားချက်ဆိုင်

•၁၄၇ တောင်ငူအနီး

၃။ကျွဲဖြတ် နွားဖြတ်

၁၁၀-၁၄၇ ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာပါတယ်။သတိထားပါ တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

၄။ဆိုင်ကယ်အဖြတ်အများဆုံး

ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။

၁၃မိုင် – မိုင်တိုင် ၂ဝကြား

၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)

၂၅၆မိုင် – မိုင်တိုင် ၂၆၂ကြား( ပျော်ဘွယ်လမ်းခွဲ)

၅။ကီလိုမီတာဖမ်း (ရဲစခန်းနဲ့ အနီးဆုံးနေရာများ)

၈၃မိုင်

၁၄၇မိုင်

၂၂၇ ကုန်းဆင်း

၃၂၅ မိုင်

လမ်းဘေးမှာ Light truck ကားလေးရပ်ထားရင်သတိထားပါ …

သတိထားကြည့်ရင် နောက်ဖုံးမှာ Highway Police စာတန်းလေးပါပါတယ်။

(ဒီစာပိုဒ်က စည်းကမ်းမဲ့မို့အတွက်မဟုတ်ပေမဲ့တခါတလေ အရေးကြီးလို့ အမြန်မောင်းမိရင် ဒီနေရာတွေကို သတိမထားလို့ ရဲဖမ်းခံရရင် ပိုကြာတတ်လို့ပါ)

PS. ကျနော့် ၂၅၀၀၀၀ ဖိုး အတွေ့အကြုံပါ ။

၆။ နယ်မြေကြမ်း

မြေနေရာ မသန့်ဘူးပဲ ပြောရမလား အတိုက်အခိုက်အများဆုံးနဲ့ ယာဉ်မောင်း အိပ်အငိုက်ဆုံးနေရာတွေပါ….

•၁၃မိုင် ၁၅မိုင်ကြား

•မိုင် ၂၀ ပတ်လည်

•မိုင် ၈၄-၁၀၀မိုင်တိုင်ကြား

•မိုင်တိုင် ၂၈၅-၃၃၀ ကြား

၇။ ညသရဲခြောက်

•၈၄-၁၀ဝကြား

•၂၈၅-၃၃ဝကြား ညနက်ပိုင်းတစ်ယောက်ထဲ မိတ္တီလာကထွက်လာရင် သတိထားမိတယ်။

အဲဒီမိုင်တိုင်တွေမှာ ကျောချမ်းလာတယ်။

•၁၁၅-၉၀ ကြား

၈။လုယက်မှု့

•မိုင်၂၀ပတ်လည်

•မိုင် ၉၀ပတ်လည်

•၁၅၈-၂၀ဝကြား

၉။ရဲစခန်း

အကျဉ်းဖျင်း ၈မိုင်ခြားတစ်ခုအမြန်လမ်းရဲကတော့ တစ်ကယ်ချီးကျုးဖို့ကောင်းပါတယ်။

နေပူကျဲထဲမှာ ညနက်သန်းခေါင်မှာ ကားဘီးပေါက်တာ ကားပျက်တာကအစ ကူညီပေးပါတယ်။

ရဲစခန်းလိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့ ပို့တစ်ခုရှိပါတယ် လင့်ရှာပေးပါ့မယ်။

၁၀။ ယာဉ်ကြံခိုင်ရေး

ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့…..

အင်ဂျင်ဝိုင် ရေတိုင်ဂီရေ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

၁၁။ တံတားဦး လေဆိပ်အဝိုင်း

မန်းလေး တိုးဂိတ် ကျော် အရှိန် အရမ်းတင်ပြီး ညပိုင်းဆို သတိထားပါ ….

ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီး စောင့်ကြိုနေပါတယ်။

၁၂။ မိုးရွာရင်

•ရေဝပ်တဲ့နေရာတွေ သတိထားပါ

•အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။

•ကီလိုမီတာ ( ၆၀) ထက် ပိုမောင်းလို့ မကောင်းပါ။

ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ…။

နောက်ထပ် သတိမှုစရာလေးများကျန်ခဲ့လျှင် ဖြည့်စွက် ရေးသားကြပါ။ဒီစာကိုရေးသားနိုင်တာဟာ ကျနော်တစ်ဦးထဲအတွေ့အကြုံမဟုတ်ပါ။

ယာဉ်မောင်းသက် ၁၅နှစ်ကျော် ရှိတဲ့ ယာဉ်မောင်း မိတ်ဆွေကြီးတွေ ရဲ့ အတွေ့အကြုံတွေကြောင့်ပါ။

လိုအပ်တဲ့ နေရာ နဲ့ သတိပြုရန် အချက်များလည်း ထပ်ပြီး ဖော်ပြရေးသားပေးခြင်းဖြင့် ခရီးသွား နှင့် ခရီးဖော် ဘဝတူယာဉ်မောင်းများအား ကူညီပေးကြပါ ။ဘေးအန္တရယ် ကင်းရှင်းစွာဖြင့် အေးချမ်းသာယာကြပါစေရှင် …။

ရေးသားသူ နှင့် ရိုက်ကူးပေးသူ အားလုံးထံသို့

Credit…