မြန်မာအတိုင်းအထွာ ဇယားတွေထဲမှာ မိုက်တို့ ထွာတို့ တော့ပါပြီး ဆေးတံတို ၊တစ်ညိုလောက် ရော့သောက်တော့ ပေး ဆိုတဲ့ကဗျာထဲက ညိုကျတော့ မပါကြဘူး။
တခါက ဦးကြီးတစ်ယောက်က သူ့သနပ်ခါးပင် လုံးပတ်ဟာ ထွာဆိုင်လောက်ရှိပြီ လို့ပြောတာနဲ့ ကျနော်က အချင်းပြောစမ်းပါ ဆိုတော့.သူက ကောင်လေးကလည်း..အချင်းဆို တစ်ညိုလျော့လျော့၊ တစ်မိုက်လောက်ပေါ့..တဲ့။
ဘာလည်းခင်ဗျား..တစ်ညိုက ဆိုပြီး မေးတော့ တစ်မိုက်ဆိုတာ လက်သီးဆုပ်ပြီး လက်မကို လက်သီးဆုပ်ရဲ့ ဘေးကန့်လန့် ဆန့်ထုတ်လိုက်၊ လက်သီးဆုပ်နဲ့ လက်မအ တိုင်းအတာနှစ်ခုပေါင်းပဲတဲ့။တစ်ညိုဆိုတာက လက်မနဲ့လက်ညိုးကို ဟနိုင်သ၍ ဟပြီးထားလို့ရတဲ့ပမာဏ။
တစ်ထွာဆိုတာက လက်မနဲ့လက်သန်းကို ဟနိုင်သ၍ ဟပြီးထားလို့ ရတဲ့ ပမာဏတဲ့။ ဒီဦးကြီး ပြောတာဟုတ်လားဗျာ။စာဖြည့်မြန်မာ့ရှေးပညာများဆိုတဲ့ ပေ့ချ်ထဲမှာ ကို Zaw Min-Oo ကဝင်ဖြည့်ပေးလို့ အသိတိုးရတယ်။
ဒါကိုဖြည့်ပေးလိုက်ပါတယ်..ဟုတ်ပါတယ်။ ကျနော်တို့ငယ်စဉ်က ဂေါ်လီရိုက်ရင် တညိုတထွာ ဆိုတာတွေနဲ့ တိုင်းတာဆုံးဖြတ်အနိုင်ယူပါတယ်။ နိုင်ဖို့ အတွက် လက်ဖြဲလေ့ကျင့်ခန်း နေ့စဉ်လုပ်ပါတယ်။
ထွေလိုက်ရင် နီးမနီး ကိုယ့်အထွာအညိုတွေက အရေးပါလို့ပါ။ညို ထွာ ဆုပ် မိုက် တောင်အပြင် လူ့လက်နဲ့တိုင်းတဲ့ တခြားဝေါဟာရတွေက တဖောင် တသူ စတာတွေပါ။
လုံးပတ်ကိုတိုင်းရင် တဖောင်လို့ခေါ်ပြီး အနက်အမြင့်စောက်ကို ပုံမှန်အရပ်ရှိလူ လက်ဆန့်အမြင့်ကို တသူ ခေါ်ပါတယ်။ အသူတရာနက် သော ချောက်ဆိုတာ ဒီကလာပါတယ်။ပါဠိသက္ကတဝေါဟာရတွေဖြစ်တဲ့ အင်္ဂုလိ ဟတ္ထ မုဋ္ဌိ (မုတ္ထိ) စတာတွေကိုလည်း မဇ္ဈိမပုရိသနဲ့တိုင်းပါတယ်။
ဟတ္ထကို ဘာသာပြန် ကွဲကြလို့ ဘုရားရှင်အရပ်တော် ၁၈ တောင်လား မိုက်လား ယူဆချက်ကွဲပြန်ပါတယ်။ကျနော်စုပေါင်းပြီး ဆောင်း ပါးတပုဒ် ရေးထားသင့်ပြီလို့ တွေးမိပါတယ်။ မှတ်သားချက်များအရ ကွာဟလိုအပ်ရင် ထောက်ပြ လမ်းညွှန်ပါ။ တတ်နိုင်က လုပ်ကြပါ။
မုဋ္ဌိက လက်ဆုပ်ဖြစ်တော့ အကိုပြောတဲ့ မိုက်က လက်ဆုပ်နဲ့ ဦးကြီး ရောနေပုံရပါတယ်။လက်ဆုပ်အရွယ် ဗုဒ္ဓဆင်းတု ပဋိမာတွေကို ရှင်မုတ္ထီး ဘုရားတွေလို့ခေါ်ဝေါ်ပါတယ်။စစ်ဆေးတဲ့နည်းကတော့ တတောင်မှာ သုံးမိုက် တတောင် မှတ်ပါတယ်။ ကျနော် အလွတ်ပြောလို့ ကျမ်းအဆိုနဲ့ ပြန်ကြည့်ပြီး လွဲရင်ပြင်ပါ့မယ်။
ဖောင်က ဘယ်ညာလက်နှစ်ဖက်ကို ဘေးကို အစွမ်းကုန် လက်ဝါးပါဖြန့်လျက် ကိုယ်ခန္ဓာအဝင်အပါ တိုင်းတာမှု ယူနစ် တခုပါ။ သစ်ပင်လုံးပတ်တွေအပြင် အလျားဗျက်တွေကိုပါ တိုင်းနိုင်ပါတယ်။လက်ခုပ် လက်စွန်း လက်စွန်းဝက် လက်တပွေ့ ဆိုတာတွေက ခပ်ယူချင်တွယ်တာမျိုးမှာ သုံးပါတယ်။
crd,
Zawgyi
ျမန္မာအတိုင္းအထြာ ဇယားေတြထဲမွာ မိုက္တို႔ ထြာတို႔ ေတာ့ပါၿပီး ေဆးတံတို ၊တစ္ညိုေလာက္ ေရာ့ေသာက္ေတာ့ ေပး ဆိုတဲ့ကဗ်ာထဲက ညိုက်ေတာ့ မပါၾကဘူး။
တခါက ဦးႀကီးတစ္ေယာက္က သူ႕သနပ္ခါးပင္ လုံးပတ္ဟာ ထြာဆိုင္ေလာက္ရွိၿပီ လို႔ေျပာတာနဲ႕ က်ေနာ္က အခ်င္းေျပာစမ္းပါ ဆိုေတာ့.သူက ေကာင္ေလးကလည္း..အခ်င္းဆို တစ္ညိုေလ်ာ့ေလ်ာ့၊ တစ္မိုက္ေလာက္ေပါ့..တဲ့။
ဘာလည္းခင္ဗ်ား..တစ္ညိုက ဆိုၿပီး ေမးေတာ့ တစ္မိုက္ဆိုတာ လက္သီးဆုပ္ၿပီး လက္မကို လက္သီးဆုပ္ရဲ႕ ေဘးကန႔္လန႔္ ဆန႔္ထုတ္လိုက္၊ လက္သီးဆုပ္နဲ႕ လက္မအ တိုင္းအတာႏွစ္ခုေပါင္းပဲတဲ့။တစ္ညိုဆိုတာက လက္မနဲ႕လက္ညိုးကို ဟနိုင္သ၍ ဟၿပီးထားလို႔ရတဲ့ပမာဏ။
တစ္ထြာဆိုတာက လက္မနဲ႕လက္သန္းကို ဟနိုင္သ၍ ဟၿပီးထားလို႔ ရတဲ့ ပမာဏတဲ့။ ဒီဦးႀကီး ေျပာတာဟုတ္လားဗ်ာ။စာျဖည့္ျမန္မာ့ေရွးပညာမ်ားဆိုတဲ့ ေပ့ခ်္ထဲမွာ ကို Zaw Min-Oo ကဝင္ျဖည့္ေပးလို႔ အသိတိုးရတယ္။
ဒါကိုျဖည့္ေပးလိုက္ပါတယ္..ဟုတ္ပါတယ္။ က်ေနာ္တို႔ငယ္စဥ္က ေဂၚလီရိုက္ရင္ တညိုတထြာ ဆိုတာေတြနဲ႕ တိုင္းတာဆုံးျဖတ္အနိုင္ယူပါတယ္။ နိုင္ဖို႔ အတြက္ လက္ၿဖဲေလ့က်င့္ခန္း ေန႕စဥ္လုပ္ပါတယ္။
ေထြလိုက္ရင္ နီးမနီး ကိုယ့္အထြာအညိုေတြက အေရးပါလို႔ပါ။ညို ထြာ ဆုပ္ မိုက္ ေတာင္အျပင္ လူ႕လက္နဲ႕တိုင္းတဲ့ တျခားေဝါဟာရေတြက တေဖာင္ တသူ စတာေတြပါ။
လုံးပတ္ကိုတိုင္းရင္ တေဖာင္လို႔ေခၚၿပီး အနက္အျမင့္ေစာက္ကို ပုံမွန္အရပ္ရွိလူ လက္ဆန႔္အျမင့္ကို တသူ ေခၚပါတယ္။ အသူတရာနက္ ေသာ ေခ်ာက္ဆိုတာ ဒီကလာပါတယ္။ပါဠိသကၠတေဝါဟာရေတြျဖစ္တဲ့ အဂၤုလိ ဟတၳ မု႒ိ (မုတၳိ) စတာေတြကိုလည္း မဇၩိမပုရိသနဲ႕တိုင္းပါတယ္။
ဟတၳကို ဘာသာျပန္ ကြဲၾကလို႔ ဘုရားရွင္အရပ္ေတာ္ ၁၈ ေတာင္လား မိုက္လား ယူဆခ်က္ကြဲျပန္ပါတယ္။က်ေနာ္စုေပါင္းၿပီး ေဆာင္း ပါးတပုဒ္ ေရးထားသင့္ၿပီလို႔ ေတြးမိပါတယ္။ မွတ္သားခ်က္မ်ားအရ ကြာဟလိုအပ္ရင္ ေထာက္ျပ လမ္းၫႊန္ပါ။ တတ္နိုင္က လုပ္ၾကပါ။
မု႒ိက လက္ဆုပ္ျဖစ္ေတာ့ အကိုေျပာတဲ့ မိုက္က လက္ဆုပ္နဲ႕ ဦးႀကီး ေရာေနပုံရပါတယ္။လက္ဆုပ္အ႐ြယ္ ဗုဒၶဆင္းတု ပဋိမာေတြကို ရွင္မုတၳီး ဘုရားေတြလို႔ေခၚေဝၚပါတယ္။စစ္ေဆးတဲ့နည္းကေတာ့ တေတာင္မွာ သုံးမိုက္ တေတာင္ မွတ္ပါတယ္။ က်ေနာ္ အလြတ္ေျပာလို႔ က်မ္းအဆိုနဲ႕ ျပန္ၾကည့္ၿပီး လြဲရင္ျပင္ပါ့မယ္။
ေဖာင္က ဘယ္ညာလက္ႏွစ္ဖက္ကို ေဘးကို အစြမ္းကုန္ လက္ဝါးပါျဖန႔္လ်က္ ကိုယ္ခႏၶာအဝင္အပါ တိုင္းတာမႈ ယူနစ္ တခုပါ။ သစ္ပင္လုံးပတ္ေတြအျပင္ အလ်ားဗ်က္ေတြကိုပါ တိုင္းနိုင္ပါတယ္။လက္ခုပ္ လက္စြန္း လက္စြန္းဝက္ လက္တေပြ႕ ဆိုတာေတြက ခပ္ယူခ်င္တြယ္တာမ်ိဳးမွာ သုံးပါတယ္။
crd,