သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်အကြောင်း

သီပေါမင်းရဲ့သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်ပုံစံ စီခြယ်ထားတဲ့ အဖိုးတန်ရတနာ၊

မြန်မာပဒေသရာဇ်ခေတ်ရဲ့ နန်းကျဘုရင် (သို့) ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်က သိမ်းပိုက်ပြီးချိန်၊

အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်ချပြီး ထားရှိချိန်မှာ သူမန္တလေးမှာ ရှိစဉ်က ရွှေကွမ်းအစ်နဲ့ ထည့်ထားတဲ့နန်းစဉ် ရတနာတွေကို အဲ့ဒီအချိန်က

အင်္ဂလိပ်သံအရာရှိ ကာနယ်စလေဒင်ကို ပေးအပ်ထားတာ ပြန်ရရှိဘို့ ရှေ့နေတွေငှားပြီး အင်္ဂလိပ်အစိုးရထံ ပြန်လည်ရှိရေး ကြိုးပမ်းခဲ့သေးတယ်ဆိုဘဲ။

ရတနာဂီရိကို မပို့ဆောင်ခင်အချိန်က အိန္ဒိယနိုင်ငံ၊ နယူးဒလီမြို့မှာ ထားရှိစဉ်အချိန်က သုံးစွဲဘို့ ငွေကြေးအကြပ်အတည်း ကြုံလာတိုင်း အင်္ဂလန်ကလာတဲ့

ကျောက်ကုန်သည်တွေထံ သူ့ထံမှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းလေ့ရှိတယ်ဆိုဘဲ။

နောက်ပိုင်း ကုန်သည်တွေ ခြေရှုပ်လာလို့ အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ဘုရင်ခံက ရတနာဂီရိကို ပို့လိုက်ရတာမျိုးဆိုတော့ နောက်ဆုံး သေသည်အထိ ရတနာဂီရိမှာဘဲ နေထိုင်သွားခဲ့ရတယ်လို့ ဆိုတယ်လေ။

ခုပုံမှာပါတဲ့ လက်ဝတ်ရတနာကတော့ သူနောက်ဆုံးကျန်ရှိတဲ့ ရတနာ တွေထဲကတစ်ခုပေါ့။ ထူးဆန်းတာက မြကျောက်ကို ပတ္တမြားကျောက်တွေ ရံပြီး စီချယ်ထားတာပါ။

ဒီလို ကျောက်မျက်ရတနာတွေကို စည်းကမ်းမရှိ လုပ်ချင်သလို လုပ်ပြီး ဆင်မြန်းခဲ့လို့ နောက်ဆုံးမှာစွန့်လွှတ်ရသည်အထိ ခိုက်ခဲ့ရတယ်လို့ ရှေးလူကြီးသူမတွေက ပြောကြတယ်လေ။

ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ ကျောက်မျကရတနာတွေထဲမှာ အမြင့်မြတ်ဆုံး ကျောက်လို့ ရှေးပဝေသဏီ ကာလကတည်းက သတ်မှတ်ခဲ့ကြတယ်လေ။

ပတ္တမြားကို အလယ်မှာဘဲထားပြီး ဝတ်ဆင်ရမည်ဆိုတဲ့ အယူအဆဟာ ခုချိန်ထိ မှန်ကန်နေတဲ့အယူအဆ ဖြစ်သလို

နောင်လက်ဝတ်ရတနာတွေကို ဆင်မြန်းကြမည်ဆိုပါက အခြားကျောက်တွေကို အလယ်မှာထားပြီး ပတ္တမြားကို အရံ သဘောထားကာ ဝတ်ဆင်တာမျိုးတွေ ရှောင်ရှားကြစေလိုကြောင်း။

မိုးကုတ် နှစ် (800 ) ကို ဂုဏ်ပြု၍ ရေးသားဖေါ်ပြလိုက်ရပါကြောင်း။

Credit