မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျျိုချင်တဲ့သူမရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုလှပတဲ့သူ၊
အမြဲတမ်းလှပနေတဲ့သူဖြစ်ချင်ကြပါတယ်။ အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်။
(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်
vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေပါ။ မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။
ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။
(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေး
ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။
၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။
(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေး
ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာ တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။
ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။
Zawgyi
မိန္းကေလးတိုင္း မလွခ်င္တဲ့သူ၊ မႏုပ်ိဳခ်င္တဲ့သူမရိွပါဘူး။ မိန္းကေလးဆိုတာ အသက္အရြယ္ႀကီးရင့္လာလည္း အေရးအေၾကာင္းကင္းစင္ၿပီး အရြယ္တင္ႏုပ်ိဳလွပတဲ့သူ၊
အၿမဲတမ္းလွပေနတဲ့သူျဖစ္ခ်င္ၾကပါတယ္။ အသက္ႀကီးလာတဲ့အထိ ႏုပ်ိဳလွပဖို႔အတြက္ မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္ အလွအပဆိုင္ရာလ်ိႈ႔ဝွက္ခ်က္ေတြကို ေျပာျပေပးလိုက္ပါတယ္။
(၁) ကိုယ္တိုင္လုပ္ အေရးအေၾကာင္းကင္းခရင္မ္
vaselline စားပြဲတင္ဇြန္းႏွစ္ဇြန္းကိုအပူေပးၿပီး သံလြင္ဆီတစ္ဇြန္း၊ ၾကက္ဥအႏွစ္တစ္လံုး၊ ပ်ားရည္တစ္ဇြန္း၊ ေထာပတ္သီးအမွၫ့္တစ္လံုးတို႔ကို အႏွစ္ျဖစ္ေအာင္ ေရာေမႊပါ။ မ်က္ႏွာကိုေျပာင္စင္ေအာင္သစ္ၿပီး ရလာတဲ့အႏွစ္ကိုမ်က္ႏွာအႏွံ႔ခပ္ထူထူေလးလိမ္းကာ မိနစ္၂၀ ေလာက္ထားေပးပါ။
ၿပီးရင္ ေရၾကက္သီးေနြးေလးနဲ႔မ်က္ႏွာသစ္လိုက္ပါ။ တစ္ပတ္ႏွစ္ႀကိမ္ေလာက္လုပ္ေပးရင္ မ်က္ႏွာေပၚမွာျဖစ္ေလ့ရိွတဲ့ အေရးအေၾကာင္းေတြမျဖစ္လာေအာင္ တားဆီးေပးႏိုင္တာေၾကာင့္ အသက္ႀကီးလာလည္း ရြယ္တူေတြထက္ ႏုပ်ိဳေနပါလိမ့္မယ္။
(၂) ကိုယ္တိုင္လုပ္ အမည္းစက္ေပ်ာက္ေပါင္းတင္ေဆး
ဂ်ံဳမႈန႔္ႏွစ္ဇြန္း၊ နႏြင္းအနည္းငယ္၊ ႏြားႏို႔အစိမ္းေလးဇြန္း၊ သံပရိုရည္တစ္ဇြန္း၊ အုန္းဆီတစ္ဇြန္း တို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔ထူထူေလးလိမ္းေပးပါ။
၁၀ မိနစ္ၾကာရင္ မ်က္ႏွာအႏွံ႔ဖြဖြေလးႏိွပ္နယ္ေပးၿပီး ေရၾကက္သီးေနြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။သံုးရက္တစ္ႀကိမ္ေလာက္ လုပ္ေပးရင္ အမည္းစက္ေတြသိသိသာသာေလ်ာ့ပါးလာတာကိုေတြ့ရပါလိမ့္မယ္။
(၃) ဆားဝက္ၿခံေပ်ာက္ေပါင္းတင္ေဆး
ဂ်ံဳမႈန႔္ႏွစ္ဇြန္း၊ မုန႔္ဖုတ္ဆိုဒါတစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးပါ။ မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီးရင္ ေရႏြေးေလးနဲ႔မ်က္ႏွာသစ္ေပးကာ တစ္သ်ွူးစကၠူေလးနဲ႔ ဆားဝက္ၿခံေတြကို ၫွစ္ထုတ္ေပးၿပီး ေရေအးနဲ႔မ်က္ႏွာျပန္သစ္ေပးပါ။
ဒါၿပီးရင္ေတာ့ တိုနာလိမ္းေပးပါ။ တစ္ပတ္တစ္ႀကိမ္လုပ္ေပးရင္ မ်က္ႏွာေပၚကဆားဝက္ၿခံေတြကို တျဖည္းျဖည္းသက္သာေပ်ာက္ကင္းလာေစပါလိမ့္မယ္။