ယိုးဒယားအထိတက်သိမ်းခဲ့တဲ့ အလောင်းဘုရားရဲ့ ဝါးရင်းတုတ် တပ်ဆိုသည်မှာ

မြန်မာတွေတော်တော်များများမှတ်ယူထားကြတာက ကုန်းဘောင်နန်းတည် အလောင်းမင်း တရား ဦးအောင်ဇေယျဟာ အယုဒ္ဓယ(ယခုထိုင်း) ကို ဝါးရင်းတုတ်တပ်နဲ့သိမ်းဖို့ ကြိုးစားခဲ့တယ်။

နောက်ပြီး ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာလည်း ယိုးဒယားကို ဝါးရင်းတုတ်ကိုင်ပြီး တက်သိမ်းခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ရှိကြပါတယ်အမှန်တကယ်ကတော့ မြန်မာတွေဟာ ယိုးဒယားကိုဝါးရင်းတုတ်ကိုင်ပြီးတက်သိမ်းခဲ့တာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ယိုးဒယားကို တက်သိမ်းခဲ့တဲ့ မြန်မာ့စစ်တပ်ထဲမှာတော့ တင်ကျည်းတပ်ဆိုတာပါခဲ့ပြီး အဲဒီတပ်ရဲ့ စွမ်းဆောင်မှု့ဟာ ယိုးဒယား၊မြန်မာ စစ်ပွဲတွေထဲမှာ တော်တော်ကြီးကို ပြောစမှတ်တွင်လောက် အောင် တိုက်ခိုက်ရေးစွမ်းရည်မှာ ထွန်းပြောင်ခဲ့ပါတယ်။

ယိုးဒယား-မြန်မာစစ်ပွဲတွေ အတွင်းမှာ မြန်မာတပ်ရဲ့တင်ကျည်းကိုင် တပ်သားတွေဟာ ရှေ့တန်းကနေပြီး ရင်ဆိုင်တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံနဲ့ အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့ ကြပါတယ် ။မြန်မာတို့ရဲ့ အောင်ပွဲတိုင်းမှာ တင် ကျည်းတပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ယိုးဒယား- မြန်မာ့စစ်သမိုင်းမှာ အခိုင်အမာဖော်ပြထားပါတယ်။

အဲဒီတော့ တင်ကျည်းဆိုတာ ဘာလည်း ၊ နောက်ပြီး တင် ကျည်းတပ်ရဲ့ ဖွဲ့စည်းပုံ စတာတွေကို စာဖတ်သူတွေ သိရှိနိုင်ဖို့၊ ဗဟုသုတရစေဖို့ တင်ပြပေးချင်ပါတယ်။တင်ကျည်းဆိုတာ အမှန်တော့ လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုလို့ရတဲ့ အလျားတိုတဲ့ ဝါးရင်းတုတ် လက်နက်မဟုတ်ပါဘူး။

ဒါပေမဲ့ ဝါးရင်းနဲ့ပြုလုပ်ထားတဲ့အတွက် သူ့ကို ဝါးရင်းတုတ်လို့အလွယ်တကူခေါ်ဆိုကြတဲ့အတွက်တင်ကျည်းဆိုတဲ့ နာမည်ပျောက် ကာ ဝါးရင်းတုတ်လို့အမည်တွင်သွားရခြင်းပဲဖြစ်ပါတယ် ။တင်ကျည်းဆိုတာ အမှန်တော့ ကျစ်လစ် မာကျောသော ဝါးအမျိုးအစားများဖြစ်ကြတဲ့ ဝါးရင်း၊ဝါးပိုး တွေကို မီးသင်းပြီး မာကျောအောင်ပြုလုပ်ထားတဲ့ တုတ်ရှည်ကိုခေါ်တာဖြစ်ပါတယ်

တင်ကျည်းပြုလုပ်ပုံအဆင့်ဆင့်ကတော့ တော ထဲကနေ လတ်တလောခုတ်လာတဲ့ အနေတော် လက်တဆုပ်လုံးပတ်ရှိ ဝါးတွေကို အကိုင်း အခက်ရှင်းပြီး လုံးချောဖြစ်အောင်လုပ်ရပါတယ် ။အရှည်ကိုတော့ အသုံးပြုမဲ့သူရဲ့ အရပ် အ တိုင်း အထွာနဲ့ယှဉ်ပြီးခုတ်ဖြတ်ရတယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် တင်ကျည်းတွေဟာ အသုံး ပြုတဲ့သူရဲ့အရပ်(ခြေဖြားကနေခေါင်းထိ) ကနေနောက်ထပ်တစ်ထောင့်တစ်ထွာ ပိုရှည်ရတယ်လို့ သတ်မှတ်ထားပါတယ်။ပြီးနောက် နွားမဒါန်းရဲ့ ကျင်ငယ်ရည်နဲ့ ၂ရက်ကနေ သုံးရက်အထိ စိမ်ထားရတယ်လို့ဆိုပါတယ်။ (အတော်နံမှာပဲ)။

ဒါမှကွေးညွတ်နိုင်တဲ့ ဝါးကြောတွေသေသွားတယ်လို့ဆိုပါတယ် ။ထို့နောက် နေပြင်းပြင်းမှာ ၂-၃ ရက် လှန်းပြီး အစိုဓာတ်ကိုဖယ်ထုတ်ရပါတယ်။ထို့နောက် မီးဖြင့် အကြောမာအောင်ပြပြပြီး ဖြောင့်စင်းလာအောင် ပေပေါ်တင်ပြီး တူဖြင့်ထုပေးရပါတယ်။

ဒီအဆင့်တွေပြီးသွားရင်တော့ မာကျောဖြောင့်စင်းနေတဲ့ တင်ကျည်းတုတ်အကြမ်းကိုရရှိပြီဖြစ်ပါတယ်။လက်နက်အဖြစ်အသုံးပြုဖို့အတွက်တော့ တင်ကျည်းရဲ့ ထိပ်နှစ်ဖက်ကိုချွန်ပြီး မာကျောလာအောင် လုပ်ရပါတယ်။

ထို့နောက်ထိပ်ပိုင်း ၊အလယ်ပိုင်း လက်ကိုင်နေရာ နဲ့ အောက်ပိုင်းတွေကို သေးသွယ်ကျစ်လစ်တဲ့လျှော်ကြိုးများဖြင့်တင်းတင်းကျပ်ကျပ်စည်းနှောင်ရပါတယ် ။အဲဒီအဆင့်တွေပြီးသွားရင်တော့ လှံကဲ့သို့လည်း ထိုးနိုင်ပြီး တုတ်ရှည်ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်တဲ့ တင်ကျည်းခေါ်ဝါးရင်းတုတ် လက်နက်ကိုရရှိပြီဖြစ်ပါတယ်။

အဲဒီတင်ကျည်းလက် နက်ဟာ ဓါးနဲ့ပိုင်းဖြတ်လို့မရ အောင်ကို မာကျောလှတဲ့အပြင်သူ့ရဲ့ဝါးစူးချွန်ဟာဆိုရင် ကျွဲသားရေချပ်တွေကိုတောင် ဖောက်နိုင်တယ်လို့ဆိုပါတယ်။တင်ကျည်းနဲ့ ရိုက်နှက်ခံရရင်လည်း အတွင်းကျေပြီး ကိုယ်တွင်းဒဏ်ရာ ရရှိနိုင်တယ်လို့ဆိုပါတယ်။

ရှေးခေတ် တင်ကျည်းကိုင်တဲ့ သူရဲကောင်းတွေဟာမြန်မာ့စစ်တပ်မှာ ကြည်းတပ်အဖွဲ့ဝင်လက်ရွေးစင်စစ် သည်တော်တွေဖြစ်ကြပြီး သူတို့တွေဟာ လှံရေး ၃၇ ချင်းအပြင် ပွဲကျောင်း ဗန်တို တုတ်သိုင်းကိုပါ ကျွမ်းကျင် ပိုင်နိုင်ရပါတယ်။

တင်ကျည်းတပ်ဟာ ကြည်းတပ်ဖွဲ့စည်းမှု့ထဲမှာ တပ်စု တစ်ခုအနေနဲ့ပါဝင်ပြီး သေနတ်ဝန်ရဲ့ လက်အောက်မှာ အမိန့်နာခံရပါတယ်။

ကုန်းဘောင်ခေတ် စစ်တပ်ဖွဲ့စည်းပုံအရတင်ကျည်းတပ်သား ဆယ်ယောက်ရဲ့အထက်မှာ သွေးသောက်တစ်ယောက်ရှိပြီး ၊ သွေးသောက်ဆယ်ယောက်တဲ့ အထက်မှာ အိုးစားကြီးဆိုတဲ့အကြပ်တစ်ယောက်ရှိပါတယ်။အိုးစားကြီး ဆယ်ယောက်ရဲ့ အထက်မှာ ပျံချီဘွဲ့ရ တပ်မှုူးတစ်ယောက်က အုပ်ချုပ်ပြီး သေနတ်ဝန်ရဲ့ အမိန့်ကို နာခံရပါတယ် ။

အဲဒါကြောင့် တင်ကျည်းတပ်ကို လူတစ်ထောင်ပါဝင်တဲ့ လက်ရွေးစင် ကြည်း တပ်စု အဖြစ် ခန့်မှန်းတွက်ချက်နိုင်ပါတယ်။တင်ကျည်းတပ်ဟာ ပုဂံခေတ်ကတည်းက ဖွဲ့စည်းတည် ရှိခဲ့တဲ့ တပ်အနေနဲ့ သမိုင်းအထောက်အထား မတွေ့ရှိရပေမဲ့ ပုဂံခေတ် အရည်းကြီးများရဲ့ ပွဲကျောင်းတွေမှာတော့ တင်ကျည်းကိုင် ပညာရပ်တွေဖြစ်တဲ့ဗန်တို/ရှည် တုတ်သိုင်းပညာကို သင်ကြားနေပြီဆိုတာအခိုင်အမာတွေ့ရှိနိုင်ပါတယ်။

တင်ကျည်းကိုင် သူရဲကောင်းတွေကို တပ်တစ်ခုအနေနဲ့ ဖွဲ့စည်း အသုံးချခဲ့တဲ့ အထောက်အထားကိုတော့ကုန်းဘောင်ခေတ်ဦးအလောင်း မင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်ကြမှသာ တွေ့ရှိရတာ ဖြစ်ပါတယ် ။

ကုန်းဘောင် ခေတ်တလျှာက်လုံး ဖြစ်ပွားခဲ့တဲ့ ယိုးဒယား မြန်မာစစ်ပွဲတိုင်းမှာ တင်ကျည်းတပ်ကရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တိုက်ပြီး အောင်ပွဲဆင် နိုင် ခဲ့တဲ့ အတွက် ယိုးဒယားလူမျိုးတွေကရော မြန်မာလူမျိုးတွေကပါ မြန်မာတွေဟာ အယုဒ္ဓယမြို့ကို ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တယ်လို့ ပြောစ မှတ်ပြုခဲ့ကြရတာဖြစ်ပါတယ်။

နှောင်းလူတွေလက်ထက်အရောက်မှာတော့ မြန်မာတို့ရဲ့အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနဲ့မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်လာအောင် စိတ်ဓာတ်မြင့်တင်တဲ့ အနေနဲ့ ယိုးဒယားကိုဝါးရင်းတုတ် နဲ့တက်သိမ်းခဲ့တာကွလို့ ကြွေးကြော်ပြီးတချိန်က မြန်မာလူမျိုးတို့ရဲ့ သတ္တိနဲ့ စစ်ရေးစွမ်းရည်ကို နှောင်းလူတွေလေးစား အားကျလာအောင် ပြောဆိုခဲ့ကြပါတယ် ။

ကိုးကား – မြန်မာ့စွယ်စုံကျမ်း– မှန်နန်းရာဇဝင်– ရာဇဘိသေက ကျမ်

Crd,