မကြီးကြီးလမ်းပိုင်ရှင် စေတနာ​ရှင်သူဌေးမကြီး မကြီးကြီး အကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းတွင် မကြီးကြီးလမ်းခု ခေါ်သော အထင်ကရလမ်းမကြီး တစ်လမ်းတည်ရှိသည်။

မကြီးကြီးလမ်းသည် ပြည်လမ်းနှင့် ရှမ်းလမ်းကို ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်သည်။ မကြီးကြီးလမ်းဟု ဂုဏ်ပြုမှည့်ခေါ်ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်းခဲ့သောကြောင့် ဖြစ်သည်။

မကြီးကြီးသည် မိဘဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။

မိဘဆွေမျိုး

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်း ဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်းပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး၏ ဘိုးဘွားများ ဖြစ်သည်။

ပိုင်မြေများ

ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင်ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။ မြေယာ အများအပြား ပိုင်ဆိုင်သော်လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။

ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်းဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။

ဟံသာဝတီ ဘူတာ ဘက်တွင် စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ကျောင်းအုပ် အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး

ဦးကြာညွန့် နှင့် လက်ဆက်ကာ ဦးကျော်စိန်၊ ဆာမောင်ကြီး ကတော် ဖြစ်လာပြီး လေဒီမောင်ကြီး ဟု ထင်ရှားသူ ဒေါ်ဧရီ၊ ဒေါ်ထားတင် တို့ကို ဖွားမြင်ခဲ့သည်။ ဒေါ်ကြီးကြီးသည် အသက် (၈၂)နှစ်အရွယ် ၁၉၅၂-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

သမီး ဒေါ်ဧရီနှင့် ခင်ပွန်း ဆာမောင်ကြီးတို့မှ ဒေါ်ခင်ဆွေအေး၊ ဦးမျိုးအောင်၊ ဒေါ်ခင်ဆွေတင့်၊ ဒေါ်ခင်ဆွေစစ်တို့ကို ဖွားမြင်ခဲ့သည်။

သမီးများဖြစ်ကြသော ဒေါ်ခင်ဆွေအေးသည် ဦးသန်းတင်နှင့်၎င်း၊ ဒေါ်ခင်ဆွေတင့်သည် ဒေါက်တာကြည်ပေါနှင့်၎င်း၊ ဒေါ်ခင်ဆွေစစ်သည် ဆေးတပ်မှူးကြီး ဒေါက်တာကျော်စိန်ထွန်းနှင့်၎င်း လက်ထပ်ခဲ့ကြသည်။

Crd,ဝီကီပီးဒီးယား

Zawgyi
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ အတြင္းတြင္ မႀကီးႀကီးလမ္းခု ေခၚေသာ အထင္ကရလမ္းမႀကီး တစ္လမ္းတည္ရွိသည္။

မႀကီးႀကီးလမ္းသည္ ျပည္လမ္းႏွင့္ ရွမ္းလမ္းကို ဆက္သြယ္ထားသည့္ လမ္းမႀကီးလည္း ျဖစ္သည္။ မႀကီးႀကီးလမ္းဟု ဂုဏ္ျပဳမွည့္ေခၚခံခဲ့ရျခင္းမွာ မိမိပိုင္ေျမမ်ားထဲမွ လမ္းေဖာက္လုပ္ရန္ ေျမလႉဒါန္းခဲ့ေသာေၾကာင့္ ျဖစ္သည္။

မႀကီးႀကီးသည္ မိဘဘိုးဘြားမ်ား လက္ထက္ကပင္ ခ်မ္းသာႂကြယ္ဝခဲ့သူ ျဖစ္သည္။

မိဘေဆြမ်ိဳး

၁၈၇၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလတြင္ ဦးရိုး၊ ေဒၚေ႐ႊသီး တို႔မွ ဖြားျမင္သည္။ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္အတြင္း ထင္ရွားသည့္ ဦးႂကြယ္ဟိုးလမ္း ဟု ဂုဏ္ျပဳေခၚခံရသူ သကၤန္းပရိကၡရာ တိုက္ပိုင္ရွင္ ဦးႂကြယ္ဟိုး ႏွင့္ ေဒၚစုံ တို႔မွာ မႀကီးႀကီး၏ ဘိုးဘြားမ်ား ျဖစ္သည္။

ပိုင္ေျမမ်ား

ပိုင္ဆိုင္ေသာ ေျမဧက ၄၀ ခန႔္ပင္ရွိသည္။ မုန႔္လုပ္ေဆာင္းကုန္း၊ ေဝဠုဝန္၊ စိန႔္ေမရီေက်ာင္း၊ ျပည္ေတာ္သာ တိုက္ခန္း၊ ကမာ႐ြတ္ အထိ ပိုင္ဆိုင္သည္။ ေျမယာ အမ်ားအျပား ပိုင္ဆိုင္ေသာ္လည္း အမ်ားအက်ိဳးအတြက္ လႉဒါန္းခဲ့သူ ျဖစ္သည္။

ေ႐ႊတိဂုံေစတီေတာ္ကို ၁၀ ဧက လႉဒါန္းဖူးေသာ္လည္း ေစတီေတာ္ ႏွင့္ ေဝးကြာသည့္ အတြက္ လူေနရပ္ကြက္မ်ား ျဖစ္သြားခဲ့သည္။

ဟံသာဝတီ ဘူတာ ဘက္တြင္ စာသင္ေက်ာင္းတစ္ေက်ာင္း ေဆာက္လုပ္လႉဒါန္းၿပီး ေက်ာင္းအုပ္ အျဖစ္လည္း တာဝန္ယူ ေဆာင္႐ြက္ခဲ့သည္။

ဘဝနိဂုံး

ဦးၾကာၫြန႔္ ႏွင့္ လက္ဆက္ကာ ဦးေက်ာ္စိန္၊ ဆာေမာင္ႀကီး ကေတာ္ ျဖစ္လာၿပီး ေလဒီေမာင္ႀကီး ဟု ထင္ရွားသူ ေဒၚဧရီ၊ ေဒၚထားတင္ တို႔ကို ဖြားျမင္ခဲ့သည္။ ေဒၚႀကီးႀကီးသည္ အသက္ (၈၂)ႏွစ္အ႐ြယ္ ၁၉၅၂-ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

သမီး ေဒၚဧရီႏွင့္ ခင္ပြန္း ဆာေမာင္ႀကီးတို႔မွ ေဒၚခင္ေဆြေအး၊ ဦးမ်ိဳးေအာင္၊ ေဒၚခင္ေဆြတင့္၊ ေဒၚခင္ေဆြစစ္တို႔ကို ဖြားျမင္ခဲ့သည္။

သမီးမ်ားျဖစ္ၾကေသာ ေဒၚခင္ေဆြေအးသည္ ဦးသန္းတင္ႏွင့္၎၊ ေဒၚခင္ေဆြတင့္သည္ ေဒါက္တာၾကည္ေပါႏွင့္၎၊ ေဒၚခင္ေဆြစစ္သည္ ေဆးတပ္မႉးႀကီး ေဒါက္တာေက်ာ္စိန္ထြန္းႏွင့္၎ လက္ထပ္ခဲ့ၾကသည္။

Crd,ဝီကီပီးဒီးယား