ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာကို သန်စွမ်းစေဖို့ ကြက်ဥကို ဘယ်လိုသုံးမလဲ
ဆံပင်အုံထူပြီး ရှည်လျားတဲ့ ဆံကေသာကို လူတိုင်းလိုချင်ကြပါတယ်။အမျိုးသမီးတို့အတွက်တော့ ဆံကေသာဆိုတာ ဒုတိယမျက်နှာ ဆိုလည်းမမှားပါဘူး။
သဘာဝပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှုတွေကြောင့်အပါအဝင် ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ နေထိုင်ပြုမူမှုတွေကြောင့် ဆံပင်ကျွတ် တတ်ကြပါတယ်။
ဆံပင်ကျွတ်တာသက်သာစေပြီး ဆံကေသာကို သဘာဝအတိုင်း သန်စွမ်းစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
ကြက်ဥ ၂ လုံး
ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ခွက်တစ်လုံးထဲမှာ ကြက်ဥနှစ်လုံးကိုခွဲပြီးထည့်လိုက်ပါ။ ပြီးရင်သေချာခလောက်လိုက်ပါ။
အဲဒီနောက် ကြက်ဆူဆီထည့်ပေးပါ။ ပြီးရင်သေချာမွှေပေးလိုက်ပါ။
အသုံးပြုနည်း
ဦးရေပြားအပါအဝင် ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးပါ။ ပြီးရင် ၂၅ မိနစ် ၊ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းလျှော်ပြီးရင် ဆံပင်အဖျားလေးတွေကို ပေါင်းဆေးထည့်ပေးဖို့ မမေ့ပါနဲ့။
တစ်ပတ်ကို တစ်ကြိမ် ဒီနည်းလမ်းကို အသုံးပြုပေးနိုင်ပါတယ်။ ကျန်းမာသန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင်ကြပါစေနော်…
Zawgyi
ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ေပးၿပီး ဆံေကသာကို သန္စြမ္းေစဖို႔ ၾကက္ဥကို ဘယ္လိုသံုးမလဲ
ဆံပင္အံုထူၿပီး ရွည္လ်ားတဲ့ ဆံေကသာကို လူတိုင္းလိုခ်င္ၾကပါတယ္။အမ်ိဳးသမီးတို႔အတြက္ေတာ့ ဆံေကသာဆိုတာ ဒုတိယမ်က္ႏွာ ဆိုလည္းမမွားပါဘူး။
သဘာဝပတ္ဝန္းက်င္၊ ေလထုညစ္ညမ္းမႈေတြေၾကာင့္အပါအဝင္ ကိုယ္အသံုးျပဳေနတဲ့ အလွကုန္ပစၥည္းေတြနဲ႔ ေနထိုင္ျပဳမူမႈေတြေၾကာင့္ ဆံပင္ကြၽတ္ တတ္ၾကပါတယ္။
ဆံပင္ကြၽတ္တာသက္သာေစၿပီး ဆံေကသာကို သဘာဝအတိုင္း သန္စြမ္းေစမယ့္ နည္းလမ္းေကာင္းေတြကို မ်ွေဝေပးခ်င္ပါတယ္။
ပါဝင္ပစၥည္း
ၾကက္ဥ ၂ လံုး
ၾကက္ဆူဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း
ခြက္တစ္လံုးထဲမွာ ၾကက္ဥႏွစ္လံုးကိုခြဲၿပီးထၫ့္လိုက္ပါ။ ၿပီးရင္ေသခ်ာခေလာက္လိုက္ပါ။
အဲဒီေနာက္ ၾကက္ဆူဆီထၫ့္ေပးပါ။ ၿပီးရင္ေသခ်ာေမႊေပးလိုက္ပါ။
အသံုးျပဳနည္း
ဦးေရျပားအပါအဝင္ ဆံပင္အရင္းကေန အဖ်ားထိ ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ ၂၅ မိနစ္ ၊ မိနစ္ ၃၀ ေလာက္ထားၿပီး ေခါင္းေလ်ွာ္ခ်လိုက္ပါ။ ေခါင္းေလ်ွာ္ၿပီးရင္ ဆံပင္အဖ်ားေလးေတြကို ေပါင္းေဆးထၫ့္ေပးဖို႔ မေမ့ပါနဲ႔။
တစ္ပတ္ကို တစ္ႀကိမ္ ဒီနည္းလမ္းကို အသံုးျပဳေပးႏိုင္ပါတယ္။ က်န္းမာသန္စြမ္းေတာက္ေျပာင္တဲ့ ဆံေကသာအလွကို ပိုင္ဆိုင္ၾကပါေစေနာ္…