အရေး အတွေး တော်ချက်ဗျာ သာဓုနဲ့ သာလှကို နမူနာယူကြပါ ”
*၁၆ နှစ်အရွယ် မြီးကောင်ပေါက်မလေးက ဒါရိုက်တာကြီး တစ်ဦးကို “သူ့ကို မင်းသမီးတင်ပြီး ဇာတ်ကားတစ်ကားတည်းနဲ့ အကယ်ဒမီရအောင် ရုပ်ရှင်ရိုက်ပေးနိုင်ရင် ဒါရိုက်တာကြီးကို ကျမက ယူမယ်”လို့ စိန်ခေါ်ခဲ့ဖူးတယ်။
ဒါရိုက်တာကြီးကလည်း စိန်ခေါ်မှုကို ဘွာမခတ်ဘဲနဲ့ လက်ခံပြီး ရုပ်ရှင်ရိုက်ခဲ့တယ်။ အဲဒီ မြီးကောင်ပေါက်မလေးဟာ စရိုက်ရိုက်ချင်းဇာတ်ကားနဲ့ အကယ်ဒမီရလို့ ဒါရိုက်တာကြီးကို ယူခဲ့ရဖူးတဲ့ အကြောင်းတရားတွေ ရှိခဲ့ပါတယ်။
ဒါရိုက်တာကြီးရဲ့ အမည်က ဦးသာဓုပါ။ (သုမောင်. မင်းလူတို့ရဲ့အဖေ ဆိုးပေကြီးပေါ့) ကောင်မလေးရဲ့ အမည်ကတော့ အကယ်ဒမီ မြတ်မွန်။
ဇာတ်လမ်းအကျဉ်းက ဟိုဘက်အိမ်မှာ လူပျိုကြီး နှစ်ယောက်နဲ့ ခွေးတစ်ကောင် ရှိတယ်။ ဒီဘက်အိမ်မှာက အပျိုကြီးတစ်ယောက်. အပျိုပေါက်တစ်ယောက်နဲ့ ခွေးတစ်ကောင်ရှိတယ်။
(လူလေးယောက်. ခွေးနှစ်ကောင်. အိမ်နှစ်လုံးတည်းနဲ့ ဇာတ်ကားပြီးဆုံးခဲ့လို့ အကယ်ဒမီရ ဇာတ်ကားထဲမှာ ကုန်ကျမှု အနည်းဆုံး ဇာတ်ကား၊ အကယ်ဒမီ ၄.ဆုရ ဇာတ်ကားရယ်လို့ မြန်မာ့ရုပ်ရှင်လောကမှာ မှတ်တမ်းတင်ထားကြပါတယ် )
ဟိုဘက်အိမ်က ခွေးနဲ့ ဒီဘက်အိမ်က ခွေးတို့ ကိုက်ကြတဲ့အခါ လူပျိုကြီး (ထွန်းဝေ)က ဒီဘက်အိမ်က မြတ်မွန်ရဲ့ ခွေးကို တုတ်နဲ့ရိုက်တယ်။
အဲဒီအခါမှာ ဒီဘက်အိမ်က ခွေးပိုင်ရှင် မြီးကောင်ပေါက်မလေး(မြတ်မွန်)က… “ခွေးကိုရန်မူ၊ ရိုက်သောသူ၊ ရိုက်သူလည်းခွေး၊ ခွေးလည်း ခွေး”လို့ ရန်စရင်းနဲ့ ဇာတ်လမ်းကို စဖွင့်ပါတယ်။
အဲဒီ ဇာတ်ကားရဲ့ အမည်ကတော့ “ကကြီးရေက”တဲ့။ ဦးသာဓုက တော်လည်းတော်တယ် ~လူပါးလည်း ဝတယ်ဗျ ။
လူပါး၀လွန်းတဲ့ ဦးသာဓုအကြောင်းပြောရရင် ဦးသာဓုရဲ့ “သာဓု လူပါး၀တယ်” ဆိုတဲ့ စာအုပ် ဖတ်ဖူးကြသူများပါတယ်။
ထိုအချိန်က ရုပ်ရှင်မြှင့်တင်ရေး ဥက္ကဋ္ဌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှ အကြောင်းရေးထားသည့် “သပ်သပ်နဲ့ တခြားစီ” ဆိုတာလေး သဘောကျမိပါတယ်။
ဦးသာဓု ရိုက်ကူးသော “အငိုလွယ်သည်” ဆိုသည့် ရုပ်ရှင်ဇာတ်ကား အမြန်ရုံတင်နိုင်ရေး ဆင်ဆာ စည်းမျဉ်းတွေမလိုက်နာလို့ စည်းကမ်းကြီးသူ ဒေါက်တာသာလှက လုံးဝခွင့်မပြုခဲ့ပါဘူး ။
ရန်တွေဖြစ် စကားတွေများပြီး ဦးသာဓု တစ်ယောက် ဒေါက်တာသာလှကို အမုန်းကြီးမုန်းမိခဲ့ပါတော့သတဲ့ဗျာ ”များမကြာမီ အကယ်ဒမီ ပေးချိန်ရောက်တော့ အကယ်ဒမီ ရွေးပွဲမှာ ဒေါက်တာသာလှ ဥက္ကဋ္ဌ ဖြစ်နေတော့ ဦးသာဓုအတွက် မျော်လင့်ချက် လုံးဝမရှိဘူးလို့ ထင်ခဲ့ကြပါတယ်။
တကယ်တမ်းအကယ်ဒမီပေးတော့ ဦးသာဓုကို အကောင်းဆုံး ဒါရိုက်တာအဖြစ် ရွေးချယ်ခံရပြီး ဘာကြောင့် ရွေးခဲ့ရကြောင်း ဒေါက်တာသာလှ ကိုယ်တိုင် ကြေငြာပေးခဲ့ပါတဲ့ ။
ဦးသာဓုလည်း အရမ်းအံ့ဩနေခဲ့ပါတယ်။ ပိုအံ့သြခဲ့ရတာကတော့ သူ့ကို အကယ်ဒမီ ပေးဖို့ရွေးချယ်ရာမှာ ဒေါက်တာသာလှဟာ အဓိက ထောက်ခံပေးခဲ့ခြင်းကြောင့်ပါပဲ။
သိပ်မကြာခင် အခမ်းအနားတစ်ခုမှာ ဒေါက်တာ သာလှနှင့် ဦးသာဓု တွေ့ကြပါတယ်၊သူအရမ်းသိချင်နေတဲ့ကိစ္စ သူနဲ့ ဒီလောက် ရန်ဖြစ်ထားတာကို ဘာလို့ အကယ်ဒမီပေးဖို့ ထောက်ခံရတာလဲဟု မေးခဲ့ပါတယ်။
ဒေါက်တာသာလှ ပြန်ပြောတာက အတုယူ မှတ်သားစရာ ကောင်းလှပါတယ် ။”ဒေါက်တာသာလှနဲ့ သာဓုရန်ဖြစ်တာ”အကယ်ဒမီ ရွေးချယ်ရေး ဥက္ကဋ္ဌနဲ့ သာဓုအနုပညာ ရန်ဖြစ်တာမှ မဟုတ်တာဟု ပြောပါသတဲ့။
“သပ်သပ်နဲ့ တခြားစီ စဉ်းစားရမယ် ။ ရောထွေးပြီး မစဉ်းစားသင့်ဘူး ။ ဒါမျိုးက အလွန်စိတ်ဓာတ် သေးသိမ် အောက်တန်းကျရာရောက်တယ်” ဟု ပြောခဲ့ပါသတဲ့။
လူပါး၀လွန်းတဲ့ ဦးသာဓုလည်း ဒေါက်တာသာလှကို လေးစားလွန်းလို့ လူတွေကြားထဲ ထိုင်ပြီးကန်တော့ခဲ့ပါတယ်။
( ဖတ်မိဖတ်ရာမှ စပ်မိစပ်ရာ ရေးလိုက်မိပါသည် )
crd ,TRMH
winhlaingoo
ပြန်လည်မျှဝေဖော်ပြပါသည်။
Zawgyi
အေရး အေတြး ေတာ္ခ်က္ဗ်ာ သာဓုနဲ႕ သာလွကို နမူနာယူၾကပါ
*၁၆ ႏွစ္အ႐ြယ္ ၿမီးေကာင္ေပါက္မေလးက ဒါရိုက္တာႀကီး တစ္ဦးကို သူ႕ကို မင္းသမီးတင္ၿပီး ဇာတ္ကားတစ္ကားတည္းနဲ႕ အကယ္ဒမီရေအာင္ ႐ုပ္ရွင္ရိုက္ေပးနိုင္ရင္ ဒါရိုက္တာႀကီးကို က်မက ယူမယ္လို႔ စိန္ေခၚခဲ့ဖူးတယ္။
ဒါရိုက္တာႀကီးကလည္း စိန္ေခၚမႈကို ဘြာမခတ္ဘဲနဲ႕ လက္ခံၿပီး ႐ုပ္ရွင္ရိုက္ခဲ့တယ္။ အဲဒီ ၿမီးေကာင္ေပါက္မေလးဟာ စရိုက္ရိုက္ခ်င္းဇာတ္ကားနဲ႕ အကယ္ဒမီရလို႔ ဒါရိုက္တာႀကီးကို ယူခဲ့ရဖူးတဲ့ အေၾကာင္းတရားေတြ ရွိခဲ့ပါတယ္။
ဒါရိုက္တာႀကီးရဲ႕ အမည္က ဦးသာဓုပါ။ (သုေမာင္. မင္းလူတို႔ရဲ႕အေဖ ဆိုးေပႀကီးေပါ့) ေကာင္မေလးရဲ႕ အမည္ကေတာ့ အကယ္ဒမီ ျမတ္မြန္။
ဇာတ္လမ္းအက်ဥ္းက ဟိုဘက္အိမ္မွာ လူပ်ိဳႀကီး ႏွစ္ေယာက္နဲ႕ ေခြးတစ္ေကာင္ ရွိတယ္။ ဒီဘက္အိမ္မွာက အပ်ိဳႀကီးတစ္ေယာက္. အပ်ိဳေပါက္တစ္ေယာက္နဲ႕ ေခြးတစ္ေကာင္ရွိတယ္။
(လူေလးေယာက္. ေခြးႏွစ္ေကာင္. အိမ္ႏွစ္လုံးတည္းနဲ႕ ဇာတ္ကားၿပီးဆုံးခဲ့လို႔ အကယ္ဒမီရ ဇာတ္ကားထဲမွာ ကုန္က်မႈ အနည္းဆုံး ဇာတ္ကား၊ အကယ္ဒမီ ၄.ဆုရ ဇာတ္ကားရယ္လို႔ ျမန္မာ့႐ုပ္ရွင္ေလာကမွာ မွတ္တမ္းတင္ထားၾကပါတယ္ )
ဟိုဘက္အိမ္က ေခြးနဲ႕ ဒီဘက္အိမ္က ေခြးတို႔ ကိုက္ၾကတဲ့အခါ လူပ်ိဳႀကီး (ထြန္းေဝ)က ဒီဘက္အိမ္က ျမတ္မြန္ရဲ႕ ေခြးကို တုတ္နဲ႕ရိုက္တယ္။
အဲဒီအခါမွာ ဒီဘက္အိမ္က ေခြးပိုင္ရွင္ ၿမီးေကာင္ေပါက္မေလး(ျမတ္မြန္)က ေခြးကိုရန္မူ၊ ရိုက္ေသာသူ၊ ရိုက္သူလည္းေခြး၊ ေခြးလည္း ေခြးလို႔ ရန္စရင္းနဲ႕ ဇာတ္လမ္းကို စဖြင့္ပါတယ္။
အဲဒီ ဇာတ္ကားရဲ႕ အမည္ကေတာ့ ကႀကီးေရကတဲ့။ ဦးသာဓုက ေတာ္လည္းေတာ္တယ္ ~လူပါးလည္း ဝတယ္ဗ် ။
လူပါး၀လြန္းတဲ့ ဦးသာဓုအေၾကာင္းေျပာရရင္ ဦးသာဓုရဲ႕ သာဓု လူပါး၀တယ္ ဆိုတဲ့ စာအုပ္ ဖတ္ဖူးၾကသူမ်ားပါတယ္။
ထိုအခ်ိန္က ႐ုပ္ရွင္ျမႇင့္တင္ေရး ဥကၠ႒ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာသာလွ အေၾကာင္းေရးထားသည့္ သပ္သပ္နဲ႕ တျခားစီ ဆိုတာေလး သေဘာက်မိပါတယ္။
ဦးသာဓု ရိုက္ကူးေသာ အငိုလြယ္သည္ ဆိုသည့္ ႐ုပ္ရွင္ဇာတ္ကား အျမန္႐ုံတင္နိုင္ေရး ဆင္ဆာ စည္းမ်ဥ္းေတြမလိုက္နာလို႔ စည္းကမ္းႀကီးသူ ေဒါက္တာသာလွက လုံးဝခြင့္မျပဳခဲ့ပါဘူး ။
ရန္ေတြျဖစ္ စကားေတြမ်ားၿပီး ဦးသာဓု တစ္ေယာက္ ေဒါက္တာသာလွကို အမုန္းႀကီးမုန္းမိခဲ့ပါေတာ့သတဲ့ဗ်ာ မ်ားမၾကာမီ အကယ္ဒမီ ေပးခ်ိန္ေရာက္ေတာ့ အကယ္ဒမီ ေ႐ြးပြဲမွာ ေဒါက္တာသာလွ ဥကၠ႒ ျဖစ္ေနေတာ့ ဦးသာဓုအတြက္ ေမ်ာ္လင့္ခ်က္ လုံးဝမရွိဘူးလို႔ ထင္ခဲ့ၾကပါတယ္။
တကယ္တမ္းအကယ္ဒမီေပးေတာ့ ဦးသာဓုကို အေကာင္းဆုံး ဒါရိုက္တာအျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ဘာေၾကာင့္ ေ႐ြးခဲ့ရေၾကာင္း ေဒါက္တာသာလွ ကိုယ္တိုင္ ေၾကျငာေပးခဲ့ပါတဲ့ ။
ဦးသာဓုလည္း အရမ္းအံ့ဩေနခဲ့ပါတယ္။ ပိုအံ့ၾသခဲ့ရတာကေတာ့ သူ႕ကို အကယ္ဒမီ ေပးဖို႔ေ႐ြးခ်ယ္ရာမွာ ေဒါက္တာသာလွဟာ အဓိက ေထာက္ခံေပးခဲ့ျခင္းေၾကာင့္ပါပဲ။
သိပ္မၾကာခင္ အခမ္းအနားတစ္ခုမွာ ေဒါက္တာ သာလွႏွင့္ ဦးသာဓု ေတြ႕ၾကပါတယ္၊သူအရမ္းသိခ်င္ေနတဲ့ကိစၥ သူနဲ႕ ဒီေလာက္ ရန္ျဖစ္ထားတာကို ဘာလို႔ အကယ္ဒမီေပးဖို႔ ေထာက္ခံရတာလဲဟု ေမးခဲ့ပါတယ္။
ေဒါက္တာသာလွ ျပန္ေျပာတာက အတုယူ မွတ္သားစရာ ေကာင္းလွပါတယ္ ။ေဒါက္တာသာလွနဲ႕ သာဓုရန္ျဖစ္တာအကယ္ဒမီ ေ႐ြးခ်ယ္ေရး ဥကၠ႒နဲ႕ သာဓုအႏုပညာ ရန္ျဖစ္တာမွ မဟုတ္တာဟု ေျပာပါသတဲ့။
သပ္သပ္နဲ႕ တျခားစီ စဥ္းစားရမယ္ ။ ေရာေထြးၿပီး မစဥ္းစားသင့္ဘူး ။ ဒါမ်ိဳးက အလြန္စိတ္ဓာတ္ ေသးသိမ္ ေအာက္တန္းက်ရာေရာက္တယ္ ဟု ေျပာခဲ့ပါသတဲ့။
လူပါး၀လြန္းတဲ့ ဦးသာဓုလည္း ေဒါက္တာသာလွကို ေလးစားလြန္းလို႔ လူေတြၾကားထဲ ထိုင္ၿပီးကန္ေတာ့ခဲ့ပါတယ္။
( ဖတ္မိဖတ္ရာမွ စပ္မိစပ္ရာ ေရးလိုက္မိပါသည္ )
crd ,TRMH
winhlaingoo
ျပန္လည္မွ်ေဝေဖာ္ျပပါသည္။