အမှိုက်သိမ်းသန့်ရှင်းရေးဘဝဖြင့် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရသော်လည်း ရရှိလာသည့် ဝင်ငွေ၏တစ်ဝက်ကို မရှိဆင်းရဲသားကလေးများ ကျောင်းတက်နိုင်ရန် ထောက်ပံ့ပေးနေခဲ့သည့် အဖိုးအို

မည်မျှပင် ဆင်းရဲချို့တဲ့နေပါစေ စိတ်ထားကောင်းမွန်လှသော နှလုံးသားလေးကို ပိုင်ဆိုင်ထားနိုင်လျှင် လူတိုင်း၏ အထင်ကြီးလေးစားခြင်းကိုခံနေရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Shenyangမြို့တွင်နေထိုင်သော အသက်၆၁နှစ်အရွယ် Zhao Yongjiuဆိုသူသည် သန့်ရှင်းရေးလုပ်သားအနေဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

အဖိုးဟာ အသက်၁၅နှစ်အရွယ်မှာဘဲ ဖခင်ကိုဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေးအဆင်မပြေဖြစ်လာခဲ့သည့်အပြင် ကျောင်းလခမပေးနိုင်လို့ ကျောင်း၏ထုတ်ပယ်ခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့်လည်း မြို့အနှံရှိအမှိုက်များကို လိုက်လံသိမ်းဆည်းပြီး သိမ်ငယ်စွာအလုပ်လုပ်လာခဲ့ရပါတယ်။

သို့သော် အဖိုးဟာ ကလေးသူငယ်များကလည်း ငွေကြေးကြောင့် ပညာမသင်ရတာမျိုးမဖြစ်စေရန် ရရှိသည့်ဝင်ငွေ၏တစ်ဝက်ကို မရှိဆင်းရဲသားကလေးငယ်များအတွက် လှူဒါန်းပေးနေခဲ့တာဖြစ်ပါတယ်။

crd,

Zawgyi





crd,