လှေသင်းအတွင်းဝန်ကတော်နှင့် တပ်ဂ်ျမဟာ နိမိတ်အစွဲအလမ်း

သီပေါမင်း ပါတော်မူပြီးချိန် ၁၈၈၆ ဧပြီ ၁၄ ဗုဒ္ဓဟူးနေ့ညတွင် သူ့ကျွန်မခံလိုသူ မြန်မာမျိုးချစ်များ၏ နန်းမြို့တွင်းတိုက်ပွဲ နှိမ်နင်းခံရပြီးနောက် အင်္ဂလိပ်တို့၏ အထူးသင်္ကာမကင်းဖြစ်မှုကို ခံနေရသည့် လှေသင်းဝန်မင်း ဦးရွှေမောင်သည် အကျဉ်းသား သေချာပေါက် ဖြစ်ရတော့မည့် အရေးမှ ရှောင်လွှဲနိုင်ရန် ၁၈၈၆ မေလ ၃ ရက်နေ့တွင် မန္တလေးမြို့မှ အိန္ဒိယသို့ ဘုရားဖူးထွက်လာခဲ့လေသည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သော လှေသင်းဝန်မင်းနှင့်အတူ ဝန်ကတော် (မွန်မြန်မာအမျိုးသမီး) ဒေါ်ခင်ခင်ညှာ၊ (မင်းတုန်းမင်းကြီး၏ အမိန့်တော်အရ မွေးစားခဲ့သော သား) မောင်မောင်ဝိုင်း၊ ဝန်ကတော်၏ ညီမအရင်း ပင်းသာမြို့စား ခင်ခင်ဖူးမှမွေးသော ခင်ခင်ကြီး၊ ခင်ခင်လတ်၊ ခင်ခင်လေး၊ ခင်မောင်ကြီး၊ ခင်မောင်လေးတို့ မောင်နှမတစ်စုနှင့်အတူ အခြွေအရံများ အပါအဝင် လူဦးရေ (၁၅)ဦး ထွက်ခွာလာခဲ့ကြသည်။

လှေသင်းဝန်မင်းတို့အဖွဲ့သည် ကာလကတ္တားမြို့သို့ ချောမောစွာ ရောက်ရှိလာကြပြီး ဝယ်လင်တန်စကွဲယားလမ်း (မူကွဲ- Fifth Square လမ်း)၌ အိမ်ငှါးနေထိုင်ခဲ့ကြပါသည်။ လများမကြာမီမှာပင် ထိုလမ်းထဲမှ တိုက်အိမ်တစ်လုံးကို အပြီးပိုင် ဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ကာလကတ္တားရောက်ပြီး ၇ လ လောက်အကြာတွင် ဝန်မင်းတို့အဖွဲ့သည် ဗုဒ္ဓဂယာအနှံ့ ဘုရားဖူးလှည့်လည်ပြီး လှူဒါန်းဖွယ်ရာများကို သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့ကြသည်။ အထူးအနေဖြင့် ၁၈၈၇ ခုနှစ် နွေဦးပေါက်ချိန်တွင် ဗုဒ္ဓဂယာသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး မဟာဗောဓိစေတီတော်ကြီး၏ ဂန္ဓကုဋီတိုက် အဝင်ဝ သံတံခါးကြီးကို ပြုလုပ်လှူဒါန်းခဲ့လေသည်။

လှေသင်းဝန်မင်းသည် ကာလကတ္တားတွင် နေထိုင်လာချိန် ၃ နှစ်ကျော် ၄ နှစ်နီးပါးခန့် ရှိလာသောအခါ မြန်မာပြည်ပြန်ခွင့်ရရန် အာဏာပိုင်များနှင့် တွေ့ဆုံ ကြိုးစားလေတော့သည်။ သက်ဆိုင်ရာ အာဏာပိုင်များကလည်း အချိန်ဆွဲသောအားဖြင့် ဗုဒ္ဓဘုရားပုထိုးများကိုသာ ဖူးရသေးသဖြင့် မပြန်မီ ကမ္ဘာကျော် တပ်ဂ်ျမဟာ သင်္ချိုင်းတော်ကြီးသို့လည်း သွားရောက်ကြည့်ရှုပါရန် တိုက်တွန်းကြ၏။

ထိုအခါ ဝန်မင်းက ဝန်ကတော်နှင့် တိုင်ပင်လေရာ ဝန်ကတော်က “မည်မျှပင် ခမ်းနားသည်ဖြစ်စေ၊ နိမိတ်မရှိသည့် နေရာဖြစ်၍ မလိုက်လိုကြောင်း” ပြောသော်လည်း ဝန်မင်းက ယင်းနေရာ၏ ရှားပါးထူးခြား ဗိသုကာပညာရပ်သတင်းကို မကြာခဏ ကြားရသဖြင့် ရှုစားလိုသည်ကတစ်ကြောင်း၊ ပြည်တော်ပြန်ခွင့် မကျမီ အပျင်းပြေ ခရီးထွက်လိုသည်က တစ်ကြောင်းကြောင့် ဗာရာဏသီတွင် တစ်ထောက်နားကာ မိဂဒါဝုန်သို့ ဝင်ရောက်ဘုရားဖူးကြမည်ဟု ဝန်ကတော်ကို သွေးဆောင်လေ၏။ ဤအကြိမ်သည် အိန္ဒိယတွင် ရှိနေစဉ် နောက်ဆုံးအကြိမ် ခရီးထွက်ကြခြင်းပေတည်း။

အာဂရာမြို့ တပ်ဂ်ျမဟာမှ အပြန် ဗာရာဏသီ မိဂဒါဝုန်သို့ ဘုရားဖူးဝင်ပြီးနောက် ကာလကတ္တားနေအိမ်သို့ ပြန်ရောက်သောအခါ ဝန်ကတော်မှာ နာမကျန်းဖြစ်ကာ အိပ်ရာထဲ၌ လဲလေတော့၏။ ဆရာဝန်များပင့်၍ ဝန်မင်းကိုယ်တိုင် အနားမှမခွာဘဲ ဂရုတစိုက် ကုသပါသော်လည်း ပကတိ ပျောက်ကင်းမသွားဘဲ အားအင်များ ဆုတ်ယုတ်လာသဖြင့် ဇာတိနိုင်ငံ အမြန်ပြန်နိုင်ရန် ဝန်မင်းသည် ကြိုးစားရလေ၏။

အင်္ဂလိပ်များက ဝန်မင်း ပြန်ခွင့်ရရန်လည်း ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် ဝန်မင်း မြန်မာပြည်ပြန်ရောက်လျှင် မိမိတို့ အုပ်ချုပ်ရေး၌ ရာထူးကြီး တစ်နေရာမှ ပါဝင်ထမ်းဆောင်ပေးပါရန်၊ ထိုသို့ မထမ်းဆောင်ချင်လျှင်လည်း အင်္ဂလိပ်အစိုးရ၏ ပင်စင်လစာကို လက်ခံပေးပါရန် တောင်းဆိုကြရာ လှေသင်းဝန်မင်းက ငြင်းဆိုသဖြင့် မြန်မာပြည်ပြန်ခွင့်မှာ ကြန့်ကြာနေလေသည်။

များမကြာမီပင် မြန်မာနိုင်ငံရှိ ကင်းဝန်မင်းကြီးထံမှ စာတစ်စောင်ကို လှေသင်းဝန်မင်း လက်ခံရရှိလေသည်။ ယင်းစာတွင် လှေသင်းဝန်မင်း၏ မိခင်အိုကြီးကလည်း သားကြီးနှင့် ခွဲခွာနေရသောကြောင့် များစွာစိတ်မချမ်းမသာ ဖြစ်နေပါကြောင်း၊ အကြောင်းမထူးတော့ပြီဖြစ်၍ ပင်စင်လစာကို လက်ခံပြီး အသုံးမပြုချင်လျှင်လည်း အလိုရှိရာ၌ လှူဒါန်းသင့်ပါကြောင်း စသည်တို့ ပါဝင်လေသည်။

ဝန်ကတော်မှာလည်း နာမကျန်းဖြစ်နေသောကြောင့် လှေသင်းဝန်မင်းသည် စိတ်လျှော့၍ မြန်မာပြည်ပြန်နိုင်ရန် ပြင်ရတော့သည်။ မိမိတို့ ဝယ်ယူနေထိုင်ခဲ့ရာ ဝယ်လင်တန်စကွဲယားမှ နေအိမ်ကို တိုင်းရင်းသားမိတ်ဆွေများနှင့် တိုင်ပင်လျက် လူမှုရေးအဆောက်အအုံအဖြစ် အများသုံးရန် လှူဒါန်းထားခဲ့ကြသည်။

သင်္ဘောပေါ်တွင် အထူးခန်းမှ လိုက်ပါလာကြရသော်လည်း ဝန်ကတော်မှာ လှိုင်းဒဏ်ကြောင့်လား မသိ၊ ဝေဒနာတိုး၍ သတိလစ်သည်အထိ အခြေအနေ ဆိုးရွားသွားလေသည်။ လှေသင်းဝန်မင်းနှင့် ဆရာဝန်တို့က သင်္ဘောကပ္ပတိန်ကို သွားပြောပြရာ သင်္ဘောကို စက်ရပ်၍ ၃ နာရီကျော် ရပ်နားထားပြီး ဝန်ကတော် သတိလည် သက်သာလာအောင် ဖေးမပြုစုကြရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိကြသော် ရက်အနည်းငယ်သာ နားပြီး မိခင်အိုကြီးရှိရာ မန္တလေးသို့ မီးရထားဖြင့် ခရီးဆက်ခဲ့ကြသည်။ ဝန်ကတော်အား ညီမအရင်းဖြစ်သူနှင့် လှေသင်းဝန်မင်း၏ မိခင်ကြီးတို့ကပါ ပိုက်ထွေးယုယ ပြုစုကာ ဘုရင့်သမားတော်ကြီးများကိုပင် ခေါ်ပင့်ကုသပါသော်လည်း ဤတောင်မှ မကျော်နိုင်တော့ချေ။ လများမကြာမီမှာပင် ဒေဝန်းရပ် နေအိမ်ကြီးပေါ်၌ အနိစ္စ ရောက်ရှာလေတော့သည်။

လှေသင်းဝန်မင်း၏ စိတ်တွင် စနိုးစနောင့်ဖြစ်ကာ ယူကျုံးမရ ဖြစ်ရသည်မှာ အာဂရာမြို့ရှိ တပ်ဂ်ျမဟာ သင်္ချိုင်းဂူသို့ သွားရောက်ကြမည်ရှိစဉ် ဝန်ကတော်က “မည်မျှပင် ခမ်းနားသည်ဖြစ်စေ၊ နိမိတ်မရှိသည့် နေရာဖြစ်၍ မလိုက်လိုပါကြောင်း” ပြောခဲ့ပါလျက် မိမိသွေးဆောင် ခေါ်ငင်၍ လိုက်ပါလာခဲ့ရပြီး ယင်းခရီး အပြန်မှစ၍ပင် နာမကျန်းဖြစ်ရသည်မှာ တစ်နှစ်နီးပါးကြာပြီး ကွယ်လွန်အနိစ္စရောက်သည်အထိပင် ဖြစ်ခဲ့ရခြင်းကို ဖြစ်သည်။

ဝန်ကတော်အား နောက်ဆုံး ပြုစုခြင်း အနေဖြင့် အစဉ်အလာအရ ထိပ်တန်းဝန်ကတော်ကြီးများကို သင်္ဂြိုဟ်သည့်နည်းအတိုင်း သံဃာတော်သက်စေ့ ပင့်ဖိတ်ပြီး တစ်ပါးလျှင် လှူဖွယ်ဝတ္ထု လှည်းတစ်စီးတိုက် လှူဒါန်းခြင်း၊ ၎င်းအပြင် စိန်တံလျဉ်း၊ ငှက်ချေးခံ၊ ကြာကလပ် စသည်ဖြင့် ကျပ်ငွေ တစ်သောင်းကျော် အကုန်ကျခံ၍ သိုက်မြိုက်ခမ်းနားစွာဖြင့် စျာပနကိစ္စကို နှစ်ဘက်သော မွန်မြန်မာ ဆွေမျိုးများက ဆောင်ရွက်ကြလေသည်။

ဤသို့လျှင် သူရဲဝန် ဦးလုံး၏ သမီးအကြီး၊ မင်းကြီး မင်းလက်ဝါး၏ တူမအရင်း၊ လှိုင်ထိပ်ထား၏ ညီမတော် နှစ်ဝမ်းကွဲ တော်စပ်သူ၊ လှေသင်းအတွင်းဝန်မင်း၏ ဝန်ကတော်ကြီး၊ ကျောက်ရစ်မြို့စားဟောင်း၊ မှန်နန်းအပျိုတော် သုသီရိစိတ္တာ ဘွဲ့ရ ဒေါ်ခင်ခင်ညှာ၏ နောက်ဆုံးခရီးမှာ လူမှုလောကီနယ်ပယ်တွင် တင့်တယ်စည်ကားစွာ အဆုံးသတ်သွားရလေသည်။

ဝန်ကတော်၏ ရုပ်ကလာပ်အား သူ အနိစ္စရောက်ရာ ဒေဝန်းရပ် ဥယျာဉ်ခြံကြီး၏ တစ်နေရာတွင် အုတ်ဂူသွင်းပြီး လှပသာယာသော တောင်ပူစာကလေးသဖွယ် ပြုပြင်စေလျက် ထားရှိလေသည်။

crd,
စာရေးဆရာမကြီး ရွှေဘိုမိမိကြီး (ဗဟုသုတကြယ်စင်ဂရု)အားလေးစားစွာဖြင့်

Zawgyi
သီေပါမင္း ပါေတာ္မူၿပီးခ်ိန္ ၁၈၈၆ ဧၿပီ ၁၄ ဗုဒၶဟူးေန႕ညတြင္ သူ႕ကြၽန္မခံလိုသူ ျမန္မာမ်ိဳးခ်စ္မ်ား၏ နန္းၿမိဳ႕တြင္းတိုက္ပြဲ ႏွိမ္နင္းခံရၿပီးေနာက္ အဂၤလိပ္တို႔၏ အထူးသကၤာမကင္းျဖစ္မႈကို ခံေနရသည့္ ေလွသင္းဝန္မင္း ဦးေ႐ႊေမာင္သည္ အက်ဥ္းသား ေသခ်ာေပါက္ ျဖစ္ရေတာ့မည့္ အေရးမွ ေရွာင္လႊဲနိုင္ရန္ ၁၈၈၆ ေမလ ၃ ရက္ေန႕တြင္ မႏၱေလးၿမိဳ႕မွ အိႏၵိယသို႔ ဘုရားဖူးထြက္လာခဲ့ေလသည္။

အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္ေသာ ေလွသင္းဝန္မင္းႏွင့္အတူ ဝန္ကေတာ္ (မြန္ျမန္မာအမ်ိဳးသမီး) ေဒၚခင္ခင္ညွာ၊ (မင္းတုန္းမင္းႀကီး၏ အမိန့္ေတာ္အရ ေမြးစားခဲ့ေသာ သား) ေမာင္ေမာင္ဝိုင္း၊ ဝန္ကေတာ္၏ ညီမအရင္း ပင္းသာၿမိဳ႕စား ခင္ခင္ဖူးမွေမြးေသာ ခင္ခင္ႀကီး၊ ခင္ခင္လတ္၊ ခင္ခင္ေလး၊ ခင္ေမာင္ႀကီး၊ ခင္ေမာင္ေလးတို႔ ေမာင္ႏွမတစ္စုႏွင့္အတူ အေႁခြအရံမ်ား အပါအဝင္ လူဦးေရ (၁၅)ဦး ထြက္ခြာလာခဲ့ၾကသည္။

ေလွသင္းဝန္မင္းတို႔အဖြဲ႕သည္ ကာလကတၱားၿမိဳ႕သို႔ ေခ်ာေမာစြာ ေရာက္ရွိလာၾကၿပီး ဝယ္လင္တန္စကြဲယားလမ္း (မူကြဲ- Fifth Square လမ္း)၌ အိမ္ငွါးေနထိုင္ခဲ့ၾကပါသည္။ လမ်ားမၾကာမီမွာပင္ ထိုလမ္းထဲမွ တိုက္အိမ္တစ္လုံးကို အၿပီးပိုင္ ဝယ္ယူၿပီး ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကသည္။

ကာလကတၱားေရာက္ၿပီး ၇ လ ေလာက္အၾကာတြင္ ဝန္မင္းတို႔အဖြဲ႕သည္ ဗုဒၶဂယာအႏွံ႕ ဘုရားဖူးလွည့္လည္ၿပီး လႉဒါန္းဖြယ္ရာမ်ားကို သဒ္ဓါတရား ထက္သန္စြာ လႉဒါန္းခဲ့ၾကသည္။ အထူးအေနျဖင့္ ၁၈၈၇ ခုႏွစ္ ႏြေဦးေပါက္ခ်ိန္တြင္ ဗုဒၶဂယာသို႔ ဒုတိယအႀကိမ္ ထပ္မံသြားေရာက္ၿပီး မဟာေဗာဓိေစတီေတာ္ႀကီး၏ ဂႏၶကုဋီတိုက္ အဝင္ဝ သံတံခါးႀကီးကို ျပဳလုပ္လႉဒါန္းခဲ့ေလသည္။

ေလွသင္းဝန္မင္းသည္ ကာလကတၱားတြင္ ေနထိုင္လာခ်ိန္ ၃ ႏွစ္ေက်ာ္ ၄ ႏွစ္နီးပါးခန့္ ရွိလာေသာအခါ ျမန္မာျပည္ျပန္ခြင့္ရရန္ အာဏာပိုင္မ်ားႏွင့္ ေတြ႕ဆုံ ႀကိဳးစားေလေတာ့သည္။ သက္ဆိုင္ရာ အာဏာပိုင္မ်ားကလည္း အခ်ိန္ဆြဲေသာအားျဖင့္ ဗုဒၶဘုရားပုထိုးမ်ားကိုသာ ဖူးရေသးသျဖင့္ မျပန္မီ ကမၻာေက်ာ္ တပ္ဂ္်မဟာ သခၤ်ိဳင္းေတာ္ႀကီးသို႔လည္း သြားေရာက္ၾကည့္ရႈပါရန္ တိုက္တြန္းၾက၏။

ထိုအခါ ဝန္မင္းက ဝန္ကေတာ္ႏွင့္ တိုင္ပင္ေလရာ ဝန္ကေတာ္က “မည္မွ်ပင္ ခမ္းနားသည္ျဖစ္ေစ၊ နိမိတ္မရွိသည့္ ေနရာျဖစ္၍ မလိုက္လိုေၾကာင္း” ေျပာေသာ္လည္း ဝန္မင္းက ယင္းေနရာ၏ ရွားပါးထူးျခား ဗိသုကာပညာရပ္သတင္းကို မၾကာခဏ ၾကားရသျဖင့္ ရႈစားလိုသည္ကတစ္ေၾကာင္း၊ ျပည္ေတာ္ျပန္ခြင့္ မက်မီ အပ်င္းေျပ ခရီးထြက္လိုသည္က တစ္ေၾကာင္းေၾကာင့္ ဗာရာဏသီတြင္ တစ္ေထာက္နားကာ မိဂဒါဝုန္သို႔ ဝင္ေရာက္ဘုရားဖူးၾကမည္ဟု ဝန္ကေတာ္ကို ေသြးေဆာင္ေလ၏။ ဤအႀကိမ္သည္ အိႏၵိယတြင္ ရွိေနစဥ္ ေနာက္ဆုံးအႀကိမ္ ခရီးထြက္ၾကျခင္းေပတည္း။

အာဂရာၿမိဳ႕ တပ္ဂ္်မဟာမွ အျပန္ ဗာရာဏသီ မိဂဒါဝုန္သို႔ ဘုရားဖူးဝင္ၿပီးေနာက္ ကာလကတၱားေနအိမ္သို႔ ျပန္ေရာက္ေသာအခါ ဝန္ကေတာ္မွာ နာမက်န္းျဖစ္ကာ အိပ္ရာထဲ၌ လဲေလေတာ့၏။ ဆရာဝန္မ်ားပင့္၍ ဝန္မင္းကိုယ္တိုင္ အနားမွမခြာဘဲ ဂ႐ုတစိုက္ ကုသပါေသာ္လည္း ပကတိ ေပ်ာက္ကင္းမသြားဘဲ အားအင္မ်ား ဆုတ္ယုတ္လာသျဖင့္ ဇာတိနိုင္ငံ အျမန္ျပန္နိုင္ရန္ ဝန္မင္းသည္ ႀကိဳးစားရေလ၏။

အဂၤလိပ္မ်ားက ဝန္မင္း ျပန္ခြင့္ရရန္လည္း ေဆာင္႐ြက္ေနပါေၾကာင္း၊ ထို႔ျပင္ ဝန္မင္း ျမန္မာျပည္ျပန္ေရာက္လွ်င္ မိမိတို႔ အုပ္ခ်ဳပ္ေရး၌ ရာထူးႀကီး တစ္ေနရာမွ ပါဝင္ထမ္းေဆာင္ေပးပါရန္၊ ထိုသို႔ မထမ္းေဆာင္ခ်င္လွ်င္လည္း အဂၤလိပ္အစိုးရ၏ ပင္စင္လစာကို လက္ခံေပးပါရန္ ေတာင္းဆိုၾကရာ ေလွသင္းဝန္မင္းက ျငင္းဆိုသျဖင့္ ျမန္မာျပည္ျပန္ခြင့္မွာ ၾကန့္ၾကာေနေလသည္။

မ်ားမၾကာမီပင္ ျမန္မာနိုင္ငံရွိ ကင္းဝန္မင္းႀကီးထံမွ စာတစ္ေစာင္ကို ေလွသင္းဝန္မင္း လက္ခံရရွိေလသည္။ ယင္းစာတြင္ ေလွသင္းဝန္မင္း၏ မိခင္အိုႀကီးကလည္း သားႀကီးႏွင့္ ခြဲခြာေနရေသာေၾကာင့္ မ်ားစြာစိတ္မခ်မ္းမသာ ျဖစ္ေနပါေၾကာင္း၊ အေၾကာင္းမထူးေတာ့ၿပီျဖစ္၍ ပင္စင္လစာကို လက္ခံၿပီး အသုံးမျပဳခ်င္လွ်င္လည္း အလိုရွိရာ၌ လႉဒါန္းသင့္ပါေၾကာင္း စသည္တို႔ ပါဝင္ေလသည္။

ဝန္ကေတာ္မွာလည္း နာမက်န္းျဖစ္ေနေသာေၾကာင့္ ေလွသင္းဝန္မင္းသည္ စိတ္ေလွ်ာ့၍ ျမန္မာျပည္ျပန္နိုင္ရန္ ျပင္ရေတာ့သည္။ မိမိတို႔ ဝယ္ယူေနထိုင္ခဲ့ရာ ဝယ္လင္တန္စကြဲယားမွ ေနအိမ္ကို တိုင္းရင္းသားမိတ္ေဆြမ်ားႏွင့္ တိုင္ပင္လ်က္ လူမႈေရးအေဆာက္အအုံအျဖစ္ အမ်ားသုံးရန္ လႉဒါန္းထားခဲ့ၾကသည္။

သေဘၤာေပၚတြင္ အထူးခန္းမွ လိုက္ပါလာၾကရေသာ္လည္း ဝန္ကေတာ္မွာ လွိုင္းဒဏ္ေၾကာင့္လား မသိ၊ ေဝဒနာတိုး၍ သတိလစ္သည္အထိ အေျခအေန ဆိုး႐ြားသြားေလသည္။ ေလွသင္းဝန္မင္းႏွင့္ ဆရာဝန္တို႔က သေဘၤာကပၸတိန္ကို သြားေျပာျပရာ သေဘၤာကို စက္ရပ္၍ ၃ နာရီေက်ာ္ ရပ္နားထားၿပီး ဝန္ကေတာ္ သတိလည္ သက္သာလာေအာင္ ေဖးမျပဳစုၾကရသည္။

ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိၾကေသာ္ ရက္အနည္းငယ္သာ နားၿပီး မိခင္အိုႀကီးရွိရာ မႏၱေလးသို႔ မီးရထားျဖင့္ ခရီးဆက္ခဲ့ၾကသည္။ ဝန္ကေတာ္အား ညီမအရင္းျဖစ္သူႏွင့္ ေလွသင္းဝန္မင္း၏ မိခင္ႀကီးတို႔ကပါ ပိုက္ေထြးယုယ ျပဳစုကာ ဘုရင့္သမားေတာ္ႀကီးမ်ားကိုပင္ ေခၚပင့္ကုသပါေသာ္လည္း ဤေတာင္မွ မေက်ာ္နိုင္ေတာ့ေခ်။ လမ်ားမၾကာမီမွာပင္ ေဒဝန္းရပ္ ေနအိမ္ႀကီးေပၚ၌ အနိစၥ ေရာက္ရွာေလေတာ့သည္။

ေလွသင္းဝန္မင္း၏ စိတ္တြင္ စနိုးစေနာင့္ျဖစ္ကာ ယူက်ဳံးမရ ျဖစ္ရသည္မွာ အာဂရာၿမိဳ႕ရွိ တပ္ဂ္်မဟာ သခၤ်ိဳင္းဂူသို႔ သြားေရာက္ၾကမည္ရွိစဥ္ ဝန္ကေတာ္က “မည္မွ်ပင္ ခမ္းနားသည္ျဖစ္ေစ၊ နိမိတ္မရွိသည့္ ေနရာျဖစ္၍ မလိုက္လိုပါေၾကာင္း” ေျပာခဲ့ပါလ်က္ မိမိေသြးေဆာင္ ေခၚငင္၍ လိုက္ပါလာခဲ့ရၿပီး ယင္းခရီး အျပန္မွစ၍ပင္ နာမက်န္းျဖစ္ရသည္မွာ တစ္ႏွစ္နီးပါးၾကာၿပီး ကြယ္လြန္အနိစၥေရာက္သည္အထိပင္ ျဖစ္ခဲ့ရျခင္းကို ျဖစ္သည္။

ဝန္ကေတာ္အား ေနာက္ဆုံး ျပဳစုျခင္း အေနျဖင့္ အစဥ္အလာအရ ထိပ္တန္းဝန္ကေတာ္ႀကီးမ်ားကို သျဂၤိုဟ္သည့္နည္းအတိုင္း သံဃာေတာ္သက္ေစ့ ပင့္ဖိတ္ၿပီး တစ္ပါးလွ်င္ လႉဖြယ္ဝတၳဳ လွည္းတစ္စီးတိုက္ လႉဒါန္းျခင္း၊ ၎အျပင္ စိန္တံလ်ဥ္း၊ ငွက္ေခ်းခံ၊ ၾကာကလပ္ စသည္ျဖင့္ က်ပ္ေငြ တစ္ေသာင္းေက်ာ္ အကုန္က်ခံ၍ သိုက္ၿမိဳက္ခမ္းနားစြာျဖင့္ စ်ာပနကိစၥကို ႏွစ္ဘက္ေသာ မြန္ျမန္မာ ေဆြမ်ိဳးမ်ားက ေဆာင္႐ြက္ၾကေလသည္။

ဤသို႔လွ်င္ သူရဲဝန္ ဦးလုံး၏ သမီးအႀကီး၊ မင္းႀကီး မင္းလက္ဝါး၏ တူမအရင္း၊ လွိုင္ထိပ္ထား၏ ညီမေတာ္ ႏွစ္ဝမ္းကြဲ ေတာ္စပ္သူ၊ ေလွသင္းအတြင္းဝန္မင္း၏ ဝန္ကေတာ္ႀကီး၊ ေက်ာက္ရစ္ၿမိဳ႕စားေဟာင္း၊ မွန္နန္းအပ်ိဳေတာ္ သုသီရိစိတၱာ ဘြဲ႕ရ ေဒၚခင္ခင္ညွာ၏ ေနာက္ဆုံးခရီးမွာ လူမႈေလာကီနယ္ပယ္တြင္ တင့္တယ္စည္ကားစြာ အဆုံးသတ္သြားရေလသည္။

ဝန္ကေတာ္၏ ႐ုပ္ကလာပ္အား သူ အနိစၥေရာက္ရာ ေဒဝန္းရပ္ ဥယ်ာဥ္ၿခံႀကီး၏ တစ္ေနရာတြင္ အုတ္ဂူသြင္းၿပီး လွပသာယာေသာ ေတာင္ပူစာကေလးသဖြယ္ ျပဳျပင္ေစလ်က္ ထားရွိေလသည္။

crd,
စာေရးဆရာမႀကီး ေ႐ႊဘိုမိမိႀကီး (ဗဟုသုတၾကယ္စင္ဂ႐ု)အားေလးစားစြာျဖင့္