တောင်ငူခေတ် မြန်မာတို့၏ ကူလီအားကစားနည်း

တောင်ငူခေတ်တွင် အားကစားနှင့် ပတ်သက်၍ အမျိုးသားတို့သည် ကူလီ ကစားလေ့ရှိကြောင်း တောင်ငူခေတ် စာဆိုများ၏ ကူလီသဘင်ဖွဲ့ ရတုများအရ သိရှိရပါသည်။

ကူလီကစားနည်းမှာ မြန်မာ့ရိုးရာ အားကစားနည်း မဟုတ်ဘဲ အနောက်တိုင်းသားတို့၏ ကစားနည်း ဖြစ်ပါသည်။ တောင်ငူ ခေတ်တွင် နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ရာ ၎င်းတို့နှင့်အတူ ကူလီကစားနည်းပါ ရောက်ရှိလာခဲ့သည်ဟု ယူဆရပါသည်။

(မိမိ၏ လေ့လာတွေ့ရှိချက်အရ ကူလီရိုက်ကစားသည်ကို အချို့ နန်းစဉ်ပုရပိုက်များတွင် ပလီရိုက်သည် ဟု သုံးနှုန်းထားသည်ကို တွေ့ရှိရပြီး အဆိုပါ ပလီဟူသော စကားလုံးသည် အင်္ဂလိပ် မြင်းစီးအားကစား စကားလုံး”Polo”နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ထင်မြင်မိပါသည်။)

ကူလီကစားနည်းမှာ မြင်းပေါ်မှနေ၍ ကူလီလုံးကို တုတ်ရှည်ဖြင့်ရိုက်ကာ တစ်ဘက်အသင်း၏ စည်းကို ကျော်အောင် သွင်းရသော ကစားနည်းဖြစ်သည်။ မှတ်တမ်းများအရ ကူလီလုံးမှာ များသောအားဖြင့် သရက်မြစ်ဆုံကို ချောနေအောင် ပွတ်ကာ ထုံးဖြူသုတ်ထားလေ့ရှိသည်။

မြင်းပေါ်တွင် ကစားရသောကြောင့် လျင်မြန်ဖျတ်လတ် ပေါ့ပါးရန် လိုသည်နှင့်အညီ ယောက်ျားများသာ ကစားလေ့ရှိကြသော အားကစားနည်း ဖြစ်ပါသည်။ သို့ရာတွင် သာမန်လူတန်းစားတို့ထက် နန်းတွင်း အသိုင်းအဝိုင်းမှ မင်းညီမင်းသားများသာ ကစားလေ့ရှိပါသည်။

နတ်သျှင်နောင်သည် တောင်ငူ အိမ်ရှေ့ဥပရာဇာ ဘဝတွင် ပေါင်းလောင်းမြစ်ဝှမ်း လွင်ပြင်၌ ရဲမက်တော်များအား စစ်ရေးလေ့ကျင့်စေသလို ကူလီကစားရာတွင်လည်း နေပြည်တော် ကူလီကွင်းတွင် ကစားသည်ထက် အဝေးလယ်ပြင်များတွင် သွားရောက် ကစားခဲ့သည်။

ထိုသို့ကစားရာတွင် တခါတရံ ညနေမိုးချုပ်မှ ပြန်လာတတ်သဖြင့် ဓာတုကလျာက အဝေးသို့ သွားရောက်ကစားရသည့် အ ကြောင်းရင်းကို မေးမြန်းရာ နတ်သျှင်နောင်က”အဝေး လယ်ပြင်တွင် မိမိတို့ ကူလီကစားသည့်အခါ ဒေသခံ လယ်သမားငယ်၊ နွားကျောင်းသားငယ်များက လာရောက်ကြည့်ရှုကြကြောင်း၊

ထို့နောက် မိမိတို့ကို အတုခိုးကာ ၎င်းတို့ပိုင် မြင်းပိန်ကလေးများဖြင့် လိုက်လံကစားကြကြောင်း၊ အကယ်၍ ကေတုမတီ နေပြည်တော်တွင် စစ်ရေးကြုံသည့်အခါ အဆိုပါ နွားကျောင်းသား၊ လယ်သမားများကို စစ်မြင်းပေါ်တင်၍ ကူလီရိုက်တံအစား လှံရှည်ထည့်ပေးလိုက်သည်နှင့် တောင်ငူမြေကို ကာကွယ်မည့် မြင်းစီးစစ်သည်များ ဖြစ်သွားမည် ဖြစ်ကြောင်း” ရှင်းပြခဲ့သည်။

ကူလီအားကစားနည်း (သို့မဟုတ်) ပလီရိုက်ကစားနည်းသည် တောင်ငူခေတ်တွင် စတင်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်းတိုင်အောင် ဆက်လက်တည်ရှိခဲ့ကြောင်း နန်းစဉ်ပုရပိုက်များက သက်သေခံလျက်ရှိပါသည်။

ပုရပိုက်ပုံများကို တွင်းသင်းရာဇဝင် တောင်ငူဆက်မှ ရယူထားခြင်း ဖြစ်ပါသည်။ ကျမ်းကိုးအနေဖြင့် တွင်းသင်းရာဇဝင် တောင်ငူဆက် (မဟာစည်သူဦးထွန်းညို) ခေတ်ပေါ်သုံးသပ်ချက်နှင့် ရာဇဓာတုကလျာ(စိမ့်-ပညာရေး) တို့ကို မှီငြမ်းပြီး စာစီသူမှာမူ ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း။

crd,(ဆရာမင်းထက်ကျော်စွာထံမှ ကူးယူဖော်ပြပါသည်) လေးစားစွာဖြင့်

Zawgyi

ေတာင္ငူေခတ္တြင္ အားကစားႏွင့္ ပတ္သက္၍ အမ်ိဳးသားတို႔သည္ ကူလီ ကစားေလ့ရွိေၾကာင္း ေတာင္ငူေခတ္ စာဆိုမ်ား၏ ကူလီသဘင္ဖြဲ႕ ရတုမ်ားအရ သိရွိရပါသည္။

ကူလီကစားနည္းမွာ ျမန္မာ့ရိုးရာ အားကစားနည္း မဟုတ္ဘဲ အေနာက္တိုင္းသားတို႔၏ ကစားနည္း ျဖစ္ပါသည္။ ေတာင္ငူ ေခတ္တြင္ နိုင္ငံျခားသားတို႔ ျမန္မာနိုင္ငံသို႔ ေရာက္ရွိလာခဲ့ရာ ၎တို႔ႏွင့္အတူ ကူလီကစားနည္းပါ ေရာက္ရွိလာခဲ့သည္ဟု ယူဆရပါသည္။

(မိမိ၏ ေလ့လာေတြ႕ရွိခ်က္အရ ကူလီရိုက္ကစားသည္ကို အခ်ိဳ႕ နန္းစဥ္ပုရပိုက္မ်ားတြင္ ပလီရိုက္သည္ ဟု သုံးႏႈန္းထားသည္ကို ေတြ႕ရွိရၿပီး အဆိုပါ ပလီဟူေသာ စကားလုံးသည္ အဂၤလိပ္ ျမင္းစီးအားကစား စကားလုံး”Polo”ႏွင့္ ဆက္စပ္မႈရွိနိုင္သည္ဟု ထင္ျမင္မိပါသည္။)

ကူလီကစားနည္းမွာ ျမင္းေပၚမွေန၍ ကူလီလုံးကို တုတ္ရွည္ျဖင့္ရိုက္ကာ တစ္ဘက္အသင္း၏ စည္းကို ေက်ာ္ေအာင္ သြင္းရေသာ ကစားနည္းျဖစ္သည္။ မွတ္တမ္းမ်ားအရ ကူလီလုံးမွာ မ်ားေသာအားျဖင့္ သရက္ျမစ္ဆုံကို ေခ်ာေနေအာင္ ပြတ္ကာ ထုံးျဖဴသုတ္ထားေလ့ရွိသည္။

ျမင္းေပၚတြင္ ကစားရေသာေၾကာင့္ လ်င္ျမန္ဖ်တ္လတ္ ေပါ့ပါးရန္ လိုသည္ႏွင့္အညီ ေယာက္်ားမ်ားသာ ကစားေလ့ရွိၾကေသာ အားကစားနည္း ျဖစ္ပါသည္။ သို႔ရာတြင္ သာမန္လူတန္းစားတို႔ထက္ နန္းတြင္း အသိုင္းအဝိုင္းမွ မင္းညီမင္းသားမ်ားသာ ကစားေလ့ရွိပါသည္။

နတ္သွ်င္ေနာင္သည္ ေတာင္ငူ အိမ္ေရွ႕ဥပရာဇာ ဘဝတြင္ ေပါင္းေလာင္းျမစ္ဝွမ္း လြင္ျပင္၌ ရဲမက္ေတာ္မ်ားအား စစ္ေရးေလ့က်င့္ေစသလို ကူလီကစားရာတြင္လည္း ေနျပည္ေတာ္ ကူလီကြင္းတြင္ ကစားသည္ထက္ အေဝးလယ္ျပင္မ်ားတြင္ သြားေရာက္ ကစားခဲ့သည္။

ထိုသို႔ကစားရာတြင္ တခါတရံ ညေနမိုးခ်ဳပ္မွ ျပန္လာတတ္သျဖင့္ ဓာတုကလ်ာက အေဝးသို႔ သြားေရာက္ကစားရသည့္ အ ေၾကာင္းရင္းကို ေမးျမန္းရာ နတ္သွ်င္ေနာင္က”အေဝး လယ္ျပင္တြင္ မိမိတို႔ ကူလီကစားသည့္အခါ ေဒသခံ လယ္သမားငယ္၊ ႏြားေက်ာင္းသားငယ္မ်ားက လာေရာက္ၾကည့္ရႈၾကေၾကာင္း၊

ထို႔ေနာက္ မိမိတို႔ကို အတုခိုးကာ ၎တို႔ပိုင္ ျမင္းပိန္ကေလးမ်ားျဖင့္ လိုက္လံကစားၾကေၾကာင္း၊ အကယ္၍ ေကတုမတီ ေနျပည္ေတာ္တြင္ စစ္ေရးႀကဳံသည့္အခါ အဆိုပါ ႏြားေက်ာင္းသား၊ လယ္သမားမ်ားကို စစ္ျမင္းေပၚတင္၍ ကူလီရိုက္တံအစား လွံရွည္ထည့္ေပးလိုက္သည္ႏွင့္ ေတာင္ငူေျမကို ကာကြယ္မည့္ ျမင္းစီးစစ္သည္မ်ား ျဖစ္သြားမည္ ျဖစ္ေၾကာင္း” ရွင္းျပခဲ့သည္။

ကူလီအားကစားနည္း (သို႔မဟုတ္) ပလီရိုက္ကစားနည္းသည္ ေတာင္ငူေခတ္တြင္ စတင္ထြန္းကားခဲ့ၿပီး ကုန္းေဘာင္ေခတ္ႏွောင္းပိုင္းတိုင္ေအာင္ ဆက္လက္တည္ရွိခဲ့ေၾကာင္း နန္းစဥ္ပုရပိုက္မ်ားက သက္ေသခံလ်က္ရွိပါသည္။

ပုရပိုက္ပုံမ်ားကို တြင္းသင္းရာဇဝင္ ေတာင္ငူဆက္မွ ရယူထားျခင္း ျဖစ္ပါသည္။ က်မ္းကိုးအေနျဖင့္ တြင္းသင္းရာဇဝင္ ေတာင္ငူဆက္ (မဟာစည္သူဦးထြန္းညို) ေခတ္ေပၚသုံးသပ္ခ်က္ႏွင့္ ရာဇဓာတုကလ်ာ(စိမ့္-ပညာေရး) တို႔ကို မွီျငမ္းၿပီး စာစီသူမွာမူ က်ေနာ္ကိုယ္တိုင္သာ ျဖစ္ပါေၾကာင္း။

crd,(ဆရာမင္းထက္ေက်ာ္စြာထံမွ ကူးယူေဖာ္ျပပါသည္) ေလးစားစြာျဖင့္