မြန်မာပြည်အိမ်စောင့်အစိုးရခေတ် မတိုင်မှီ ၁၉၅၆ ခုနစ်တွင် MISS BURMA ဟူသောဝေါဟာရဖြင့် MISS BURMA 1956 ဟူ၍ ကျွန်ပ်တို့၏ အမိမြန်မာနိုုင်ငံတွင် စတင်ပေါ်ပေါက်လာခဲ့သည် ။
MISS BURMA 1956 အား ကရင်အမျိုးသမီး နော်လူဝီဇာဘင်ဆင်မှ မယ်မြန်မာ အဖြစ်တာဝန်ပေးခြင်းခံခဲ့ရပြီး ၁၉၅၆ခုနစ် နှင့် ၁၉၅၈ခုနစ် အစရှိသော ၂နှစ်ဆက်တိုက် မယ်မြန်မာအဖြစ် နော်လူဝီဇာဘင်ဆင်မှ ရယူနိုင်ခဲ့သည် ။
ထိုနောက် MISS BURMA ORGANIZATION မှ ၁၉၅၉ ခုနစ်၏ ပြည်တွင်း MISS BURMA ပြိုင်ပွဲကြီးအားပြုလုပ်၍ မယ်မြန်မာ မသန်းသန်းအေး အား ရွေးချယ်ခဲ့ပြီး အမေရိကန်အခြေစိုက် မယ်စကြာဝဠာပြိုင်ပွဲကြီးဖြစ်သော MISS UNIVERSE 1959 ပြိုင်ပွဲကြီး သို့ စေလွှတ်ယှဉ်ပြိုင်ခဲ့ပါသည် ။
၁၉၆၀ခုနစ် မှာလည်း MISS BURMA ORGANIZATION ကြီးဟာ MISS WORLD 1960 နှင့် MISS INTERNATIONAL 1960 တို့ကိုသွားရောက်ယှဉ်ပြိုင်ရန် MISS BURMA အလှမယ်ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြုအလှမယ်များကို ရွေးချယ်၍ စေလွှတ်ခဲ့ပြန်ပါတယ် ။
ထိုနောက် MISS BURMA ပြိုင်ပွဲကြီးအား ၃နှစ်ဆက်တိုက် ရွေးချယ်ပြုလုပ်ခဲ့ရာ MISS BURMA UNIVERSE 1959 မယ်မြန်မာ မသန်းသန်းအေး ၊
MISS BURMA UNIVERSE 1960 မယ်မြန်မာ မမြင့်မြင့်မေ ၊ MISS BURMA WORLD 1960 မယ်မြန်မာ မစိန်အေး ၊ MISS BURMA INTERNATIONAL 1960 မယ်မြန်မာ မManie Pu ၊
MISS BURMA UNIVERSE 1961 မယ်မြန်မာ မမြင့်မြင့်ခင် ဟူ၍ MISS BURMA ခံယူကာ အမေရိကန်အခြေစိုက် မယ်စကြာဝဠာ MISS UNIVERSE ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါသည် ။
၁၉၆၀ ခုနစ် မယ်မြန်မာ မမြင့်မြင့်မေ သည် MISS UNIVERSE 1960 ပြိုင်ပွဲကြီးတွင် Special Award ဆုဖြစ်သော Miss Congeniality ဆုအား ရရှိခဲ့ပြီး ထိုခေတ်အခါအား မြန်မာ့ PAGEANT INDUSTRY ၏ ရွှေခေတ်အခါ ဟူ၍ တင်စားခေါ်ဝေါ်ခဲ့ကြသည် ။
ထိုနောက် ၁၉၆၂ခုနစ်တွင် မြန်မာအစိုးရက MISS BURMA အား မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီသည်ဟူသောရည်ရွယ်ချက်ဖြင့် ပယ်ဖျက်ခဲ့ပြီး မယ်မြန်မာလောက / မြန်မာ BEAUTY PAGEANT INDUSTRY ၏ ရွှေခေတ်ဖြစ်ခဲ့သော MISS BURMA ကြီးသည် တခန်းရပ်တံ့ ခဲ့ရပါသည် ။
ထိုသို့အလှမယ်လောကအား ရွှေခေတ်သို့ ဦးမော့ခဲ့သည် MISS BURMAအားနည်းထုံးမူ၍ ၂၀၂၀ တွင် နိုင်ငံတော်၏ တရားဝင်ခွင့်ပြုချက်များဖြင့် အသစ်တဖန် Modern Miss Burma ပြန်လည် ပေါ်ပေါက်လာခဲ့သည် ။
ထို့ကြောင့် မြန်မာ့ BEAUTY PAGEANT INDUSTRY သည် တန်ဖိုးကြီးမြတ်သော ရွှေခေတ်ရွှေအခါဆီသို့ တဖန်ပြန်လည်ဦးမော့လာပေလိမ့်မည် ။
MISS BURMA ဟူသော ဝေါဟာရသည် မြန်မာ့ BEAUTY PAGEANT ပရိတ်သတ်များအနေဖြင့် နှလုံးသားထဲတွင် အစဉ်အမြဲ စွဲလန်းမှတ်သားထားလျက် ရှိသော ဝေါဟာရ တစ်ခုဖြစ်သည်နှင့်အညီ MISS BURMA ဟူသောအသုံးအနှုန်းအားကြားယောင်သည်နှင့် မြန်မာမိန်းမပျိုတို့၏ နှလုံးသားထဲတွင် အစဉ်အမြဲ ဂုဏ်ယူစဖွယ် မြည်ဟီး တမ်းတ နေပေလိမ့်မည် ။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi