မိသားစုဆီက လွှတ်မြောက်ချင်လို့ ၁၄ နှစ်လုံးလုံး လေဆိပ်မှာပဲ နေထိုင်ခဲ့တဲ့ အမျိုးသား

လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက အသက် ၆၀ အရွယ် တရုတ်အမျိုးသား ဝေကျင့်ကော်(Wei Jainguo) ဟာ Beijin Capital International Airport မှာပဲ နေထိုင်ခဲ့ပြီး ဘယ်တော့မှ အိမ်မပြန်ခဲ့ဘူး။

သူ ဘာလို့ လေဆိပ်မှာ နေထိုင်ပြီး အိမ်မပြန်တာလဲ။ သူက သူ့ရဲ့မိသားစုရဲ့အနှောင့်အယှက်မပါဘဲ ဆေးလိပ်နဲ့ အရက်သောက်ချင်တာကြောင့်လို့ ဆိုပါတယ်။

တချို့လူတွေကတော့ မိသားစုမပါဘဲ လွတ်လပ်မှုအရသာကို ခံစားချင်တဲ့အတွက် လေဆိပ်ကို ခဏ အပန်းဖြေဖို့လာပြီးနောက်ဆုံးကျအိမ်ပြန်ကြတာပါ။

ဒါပေမဲ့ ဝေကျင့်ကတော့ အိမ်ပြန်ဖို့ စိတ်ကူးမရှိခဲ့ဘဲ လေဆိပ်ရဲ့ Terminal 2 မှာ အခြေချ နေထိုင်နေခဲ့ပါတယ်။

တစ်ခါတလေတော့ Terminal 3 ဘက်ကို သွားလေ့ရှိပါတယ်။ ဝေကျင့်က လေဆိပ်အပြင် ထွက်ရတာ မကြိုက်ဘူး။ တစ်ခုခုဝယ်စရာရှိရင်ပဲ အပြင်ထွက်ဖြစ်ပါတယ်။

“ကျွန်တော် အိမ်ကို မပြန်ဘူး။ အဲဒီမှာ လွတ်လပ်မှုမရှိဘူး။ ကျွန်တော် အိမ်မှာ နေချင်ရင် ဆေးလိပ်ဖြတ်ရမယ်။အရက်သောက်တာဖြတ်ရမယ်လို့ကျွန်တော့်မိသားစုက ပြောခဲ့တယ်။ အဲဒီလိုမလုပ်နိုင်ရင် သူတို့ကို လစဉ် အစိုးရထောက်ပံ့ကြေး ယွမ် ၁၀၀၀ ပေးရမယ်။

ဒါပေမဲ့ အဲဒီလို ပေးလိုက်ရင် ကျွန်တော် ဆေးလိပ်နဲ့ အရက် ဘယ်လိုဝယ်လို့ရပါ့မလဲ” လို့ ဝေကျင့်က China Daily ကို ပြောပါတယ်။

ဝေကျင့်က အသက် ၄၀ မှာ အလုပ်ပြုတ်သွားပြီး အသက်ကြီးတဲ့အတွက် အလုပ်သစ်ရဖို့လည်းခက်ခဲခဲ့တာကြောင့်အလုပ်ထပ်မရှာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။လေဆိပ်က ရဲနဲ့လုံခြုံရေးတွေဟာ ဝေကျင့်ကို မကြာခဏ မောင်းထုတ်လေ့ရှိပြီး သူ့အိမ်ကို ပြန်လိုက်ပို့ပေးလေ့ရှိပါတယ်။

ဒါပေမဲ့သူကအမြဲတမ်းလေဆိပ်ကို ပြန်သွားလို့ရမယ့်လမ်းကိုပဲရှာနေခဲ့တာပါ။ လေဆိပ်နဲ့သူ့အိမ်က ၁၂ မိုင် ကွာဝေးပါတယ်။

“ကျွန်တော် နှင်ထုတ်ခံရတယ်။ ဟိုတုန်းကလိုပဲ ကျွန်တော် ပြန်လာတယ်။ အနည်းဆုံးတော့ လေဆိပ်မှာ ကျွန်တော့်ရဲ့လွတ်လပ်မှုရှိတယ်” လို့ ဝေကျောင့်က ဆိုပါတယ်။လေဆိပ်မှာ ဝေကျင့်နေထိုင်တာကအခြားသူနဲ့ယှဉ်ရင်နှစ်အကြာဆုံးလို့ပြောလို့မရပါဘူး။

တူရကီလူမျိုးဘေရမ် တီပယ်လီ (Bayram Tepeli)ဆိုသူဆိုရင်ဝေကျောင့်လို အကြောင်းပြချက်မျိုးနဲ့ပဲ ၁၉၉၁ခုနှစ်ကတည်းက Ataturk Airport မှာ နေထိုင်ခဲ့ပြီး၂၀၁၉ခုနှစ်က လေဆိပ်မပိတ်သိမ်းခင်အထိ အဲဒီမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ အခုတော့ Sabiha Gokcen Airport မှာ နေထိုင်နေပါတယ်။

crd

Zawgyi
လြန္ခဲ့တဲ့ ၁၄ ႏွစ္ကတည္းက အသက္ ၆၀ အ႐ြယ္ တ႐ုတ္အမ်ိဳးသား ေဝက်င့္ေကာ္(Wei Jainguo) ဟာ Beijin Capital International Airport မွာပဲ ေနထိုင္ခဲ့ၿပီး ဘယ္ေတာ့မွ အိမ္မျပန္ခဲ့ဘူး။

သူ ဘာလို႔ ေလဆိပ္မွာ ေနထိုင္ၿပီး အိမ္မျပန္တာလဲ။ သူက သူ႕ရဲ႕မိသားစုရဲ႕အႏွောင့္အယွက္မပါဘဲ ေဆးလိပ္နဲ႕ အရက္ေသာက္ခ်င္တာေၾကာင့္လို႔ ဆိုပါတယ္။

တခ်ိဳ႕လူေတြကေတာ့ မိသားစုမပါဘဲ လြတ္လပ္မႈအရသာကို ခံစားခ်င္တဲ့အတြက္ ေလဆိပ္ကို ခဏ အပန္းေျဖဖို႔လာၿပီးေနာက္ဆုံးက်အိမ္ျပန္ၾကတာပါ။

ဒါေပမဲ့ ေဝက်င့္ကေတာ့ အိမ္ျပန္ဖို႔ စိတ္ကူးမရွိခဲ့ဘဲ ေလဆိပ္ရဲ႕ Terminal 2 မွာ အေျခခ် ေနထိုင္ေနခဲ့ပါတယ္။

တစ္ခါတေလေတာ့ Terminal 3 ဘက္ကို သြားေလ့ရွိပါတယ္။ ေဝက်င့္က ေလဆိပ္အျပင္ ထြက္ရတာ မႀကိဳက္ဘူး။ တစ္ခုခုဝယ္စရာရွိရင္ပဲ အျပင္ထြက္ျဖစ္ပါတယ္။

ကြၽန္ေတာ္ အိမ္ကို မျပန္ဘူး။ အဲဒီမွာ လြတ္လပ္မႈမရွိဘူး။ ကြၽန္ေတာ္ အိမ္မွာ ေနခ်င္ရင္ ေဆးလိပ္ျဖတ္ရမယ္။အရက္ေသာက္တာျဖတ္ရမယ္လို႔ကြၽန္ေတာ့္မိသားစုက ေျပာခဲ့တယ္။ အဲဒီလိုမလုပ္နိုင္ရင္ သူတို႔ကို လစဥ္ အစိုးရေထာက္ပံ့ေၾကး ယြမ္ ၁၀၀၀ ေပးရမယ္။

ဒါေပမဲ့ အဲဒီလို ေပးလိုက္ရင္ ကြၽန္ေတာ္ ေဆးလိပ္နဲ႕ အရက္ ဘယ္လိုဝယ္လို႔ရပါ့မလဲ လို႔ ေဝက်င့္က China Daily ကို ေျပာပါတယ္။

ေဝက်င့္က အသက္ ၄၀ မွာ အလုပ္ျပဳတ္သြားၿပီး အသက္ႀကီးတဲ့အတြက္ အလုပ္သစ္ရဖို႔လည္းခက္ခဲခဲ့တာေၾကာင့္အလုပ္ထပ္မရွာဖို႔ ဆုံးျဖတ္ထားခဲ့ပါတယ္။ေလဆိပ္က ရဲနဲ႕လုံၿခဳံေရးေတြဟာ ေဝက်င့္ကို မၾကာခဏ ေမာင္းထုတ္ေလ့ရွိၿပီး သူ႕အိမ္ကို ျပန္လိုက္ပို႔ေပးေလ့ရွိပါတယ္။

ဒါေပမဲ့သူကအၿမဲတမ္းေလဆိပ္ကို ျပန္သြားလို႔ရမယ့္လမ္းကိုပဲရွာေနခဲ့တာပါ။ ေလဆိပ္နဲ႕သူ႕အိမ္က ၁၂ မိုင္ ကြာေဝးပါတယ္။

ကြၽန္ေတာ္ ႏွင္ထုတ္ခံရတယ္။ ဟိုတုန္းကလိုပဲ ကြၽန္ေတာ္ ျပန္လာတယ္။ အနည္းဆုံးေတာ့ ေလဆိပ္မွာ ကြၽန္ေတာ့္ရဲ႕လြတ္လပ္မႈရွိတယ္ လို႔ ေဝေက်ာင့္က ဆိုပါတယ္။ေလဆိပ္မွာ ေဝက်င့္ေနထိုင္တာကအျခားသူနဲ႕ယွဥ္ရင္ႏွစ္အၾကာဆုံးလို႔ေျပာလို႔မရပါဘူး။

တူရကီလူမ်ိဳးေဘရမ္ တီပယ္လီ (Bayram Tepeli)ဆိုသူဆိုရင္ေဝေက်ာင့္လို အေၾကာင္းျပခ်က္မ်ိဳးနဲ႕ပဲ ၁၉၉၁ခုႏွစ္ကတည္းက Ataturk Airport မွာ ေနထိုင္ခဲ့ၿပီး၂၀၁၉ခုႏွစ္က ေလဆိပ္မပိတ္သိမ္းခင္အထိ အဲဒီမွာ ၂၇ ႏွစ္ၾကာ ေနထိုင္ခဲ့ပါတယ္။ အခုေတာ့ Sabiha Gokcen Airport မွာ ေနထိုင္ေနပါတယ္။

crd