နှစ် ၃၀ကျော်ကြာလာတဲ့အထိ ခန္ဓာကိုယ်ပေါ်မှာ ခိုကပ်နေတဲ့ ပျားထောင်ပေါင်းများစွာနှင့်အတူ လမ်းလျှောက်ထွက်လေ့ရှိခဲ့တဲ့ ပျားထိန်းသိမ်းစောင့်ရှောက်သူအမျိုးသား

ပျားတုပ်ခံရခြင်းက နာကျင်ရောင်ရမ်းခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူရတဲ့အထိ လိုအပ်တဲ့ ဓာတ်မတည့်သည့် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေတတ်တာကြောင့်လူသားများဟာ ၎င်းကဲ့သို့အင်းဆက်ကောင်များနှင့် ထိတွေ့ခြင်းမှ ဝေးဝေးရှောင်ရှားကြတာကလည်း အံ့ဩစရာမဟုတ်နေတော့ပါဘူး။

သို့ပေမဲ့ ၎င်းအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးအတွက် ပြောင်းပြန်ဖြစ်နေပါတယ်။ အဆိုပါအမည်မသိအမျိုးသားတစ်ဦးဟာ ပျားထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးဖြစ်ပေမဲ့တကယ်တမ်း သူဟာ ၎င်းအလုပ်ထက် ပိုနေပါတယ်။

သူဟာ အကိုက်ခံရခြင်းမရှိဘဲ ခန္ဓာကိုယ်ပေါ်ရှိ ထောင်ပေါင်းများစွာသော ပျားများနှင့်အတူ လမ်းလျှောက်နိုင်ခြင်းကြောင့် သူ့ရဲ့အသိုင်းအဝိုင်းမှာ အလွန် ရေပန်းစားသူဘဲဖြစ်ပါတယ်။

Afrimax ဆိုတဲ့ YouTube ချန်နယ် ဗီဒီယိုတစ်ခုမှာ အဆိုပါ အမျိုးသားဟာ ခန္ဓာကိုယ်ပေါ်က ပျားအုံကြီးနှင့် မယုံနိုင်လောက်အောင်လှုပ်ရှားပြုမူနေပုံကိုရိုက်ကူးပြသထားပါတယ်။

ဗီဒီယိုထဲမှာတော့ အဆိုပါပျားတွေကို ကိုင်တွယ်နိုင်တဲ့ အမျိုးသားက ပျားတွေ သူ့ခန္ဓာကိုယ်ပေါ်မှာ လာရောက်ခိုကပ်နိုင်ရန် အရင်ဆုံးပျားဘုရင်မကိုဖမ်းပြီးပျားဘုရင်မကိုချည်နှောင်ထားတဲ့ကြိုးအား ခါးပတ်လည်ပတ်ချည်ထားခြင်းဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် တည်ငြိမ်သော အနေအထားကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောပြခဲ့ပါတယ်။

၎င်းအစီအစဉ်အောင်မြင်ပြီးတာနဲ့ တခြားပျားတွေက သူ့ခန္ဓာကိုယ်ဆီ လာပြီး ပျားဘုရင်မကို ကာကွယ်တဲ့အနေနဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ စခန်းချလာကြမှာဘဲဖြစ်ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက ပျားများကို ထိန်းကျောင်းလာခဲ့တာကြောင့် ထိုနည်းကဲ့သို့ပြုလုပ်လာခြင်းကလည်း အခုအခါ နှစ် ၃၀ ကျော်ပြီဖြစ်ကြောင်း အဆိုပါအမျိုးသားက ပြောပြခဲ့ပါတယ်။

ထို့ပြင် ကျော်ကြားမှုကြောင့် သူဟာ သူ့ပတ်ဝန်းကျင်ရှိပျားတွေကိုအနှောက်အယှက်ဖြစ်တဲ့သူတွေအတွက်ပျားကောင်များကိုဖယ်ရှားရာမှာ ကူညီဖို့ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုတွေပေးနေသလို သူဟာ ပျားတွေမှထုတ်လုပ်တဲ့ ပျားအုံများနှင့် ပျားရည်များကိုပါ ရောင်းချနေလျက်ရှိပါတယ်။

crd

Zawgyi
ပ်ားတုပ္ခံရျခင္းက နာက်င္ေရာင္ရမ္းျခင္း သို႔မဟုတ္ ေဆးဘက္ဆိုင္ရာ ကုသမႈခံယူရတဲ့အထိ လိုအပ္တဲ့ ဓာတ္မတည့္သည့္ တုံ႕ျပန္မႈမ်ားကို ျဖစ္ေပၚေစတတ္တာေၾကာင့္လူသားမ်ားဟာ ၎ကဲ့သို႔အင္းဆက္ေကာင္မ်ားႏွင့္ ထိေတြ႕ျခင္းမွ ေဝးေဝးေရွာင္ရွားၾကတာကလည္း အံ့ဩစရာမဟုတ္ေနေတာ့ပါဘူး။

သို႔ေပမဲ့ ၎အေျခအေနနဲ႕ပတ္သက္ၿပီး အမ်ိဳးသားတစ္ဦးအတြက္ ေျပာင္းျပန္ျဖစ္ေနပါတယ္။ အဆိုပါအမည္မသိအမ်ိဳးသားတစ္ဦးဟာ ပ်ားထိန္းသိမ္းေစာင့္ေရွာက္သူတစ္ဦးျဖစ္ေပမဲ့တကယ္တမ္း သူဟာ ၎အလုပ္ထက္ ပိုေနပါတယ္။

သူဟာ အကိုက္ခံရျခင္းမရွိဘဲ ခႏၶာကိုယ္ေပၚရွိ ေထာင္ေပါင္းမ်ားစြာေသာ ပ်ားမ်ားႏွင့္အတူ လမ္းေလွ်ာက္နိုင္ျခင္းေၾကာင့္ သူ႕ရဲ႕အသိုင္းအဝိုင္းမွာ အလြန္ ေရပန္းစားသူဘဲျဖစ္ပါတယ္။

Afrimax ဆိုတဲ့ YouTube ခ်န္နယ္ ဗီဒီယိုတစ္ခုမွာ အဆိုပါ အမ်ိဳးသားဟာ ခႏၶာကိုယ္ေပၚက ပ်ားအုံႀကီးႏွင့္ မယုံနိုင္ေလာက္ေအာင္လႈပ္ရွားျပဳမူေနပုံကိုရိုက္ကူးျပသထားပါတယ္။

ဗီဒီယိုထဲမွာေတာ့ အဆိုပါပ်ားေတြကို ကိုင္တြယ္နိုင္တဲ့ အမ်ိဳးသားက ပ်ားေတြ သူ႕ခႏၶာကိုယ္ေပၚမွာ လာေရာက္ခိုကပ္နိုင္ရန္ အရင္ဆုံးပ်ားဘုရင္မကိုဖမ္းၿပီးပ်ားဘုရင္မကိုခ်ည္ႏွောင္ထားတဲ့ႀကိဳးအား ခါးပတ္လည္ပတ္ခ်ည္ထားျခင္းျဖင့္ သူ႕ခႏၶာကိုယ္ေပၚတြင္ တည္ၿငိမ္ေသာ အေနအထားကို ထိန္းသိမ္းရန္လိုအပ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

၎အစီအစဥ္ေအာင္ျမင္ၿပီးတာနဲ႕ တျခားပ်ားေတြက သူ႕ခႏၶာကိုယ္ဆီ လာၿပီး ပ်ားဘုရင္မကို ကာကြယ္တဲ့အေနနဲ႕ သူ႕ခႏၶာကိုယ္ေပၚမွာ စခန္းခ်လာၾကမွာဘဲျဖစ္ပါတယ္။

သူဟာ ငယ္စဥ္ကတည္းက ပ်ားမ်ားကို ထိန္းေက်ာင္းလာခဲ့တာေၾကာင့္ ထိုနည္းကဲ့သို႔ျပဳလုပ္လာျခင္းကလည္း အခုအခါ ႏွစ္ ၃၀ ေက်ာ္ၿပီျဖစ္ေၾကာင္း အဆိုပါအမ်ိဳးသားက ေျပာျပခဲ့ပါတယ္။

ထို႔ျပင္ ေက်ာ္ၾကားမႈေၾကာင့္ သူဟာ သူ႕ပတ္ဝန္းက်င္ရွိပ်ားေတြကိုအႏွောက္အယွက္ျဖစ္တဲ့သူေတြအတြက္ပ်ားေကာင္မ်ားကိုဖယ္ရွားရာမွာ ကူညီဖို႔ေဈးသက္သက္သာသာနဲ႕ ဝန္ေဆာင္မႈေတြေပးေနသလို သူဟာ ပ်ားေတြမွထုတ္လုပ္တဲ့ ပ်ားအုံမ်ားႏွင့္ ပ်ားရည္မ်ားကိုပါ ေရာင္းခ်ေနလ်က္ရွိပါတယ္။

crd