၁၉၅၀ပြည့်နှစ်များကထွက်ပေါ်ခဲ့ပြီး မမျှော်လင့်ဘဲအုတ်အော်သောင်းတင်းဖြစ်သွားခဲ့တာ မခင်နှင်းဆီသီချင်းဘဲ ဖြစ်ပါတယ်။
ဖဆပလခေတ် ကကြောက်ခမန်းလိလိမြန်မာပြည်တစ်နံတစ်လျားပေါက်မြောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မခင်နှင်းဆီရဲ့အတိတ်သမိုင်းကြောင်းဟာ မြန်မာ့ဂီတလောကမှာစိတ်ဝင်စားစရာကောင်းပါတယ်။
မခင်နှင်းဆီသီချင်းကိုရေးဖွဲ့ခဲ့သူဟာဂီတလောကထဲကို တက္ကသိုလ်မြတ်လေးအမည်နဲ့ ဝင်လာခဲ့တဲ့ ကွယ်လွန်သူမင်းသားကြီးမြတ်လေးဖြစ်ပါတယ်။
မြတ်လေးတက္ကသိုလ်ကျောင်သားဘဝမှာ ရိုစလင်းလို့ခေါ်တဲ့ နှင်းဆီပန်းကလေးလို လှပပြီးချစ်စရာကောင်းတဲ့ ရတနာဆောင်ကကျောင်းသူလေးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်။
ရိုစလင်းဟာ သာမန်သူလို ကိုယ်လိုလှပချောမောတဲ့မိန်းကလေးတစ်ယောက်သာမဟုတ်ဘဲနိုင်ငံတော်အကြီးအကဲတစ်ဦးရဲ့သမီးလည်းဖြစ်ပါတယ်။
မြတ်လေးနဲ့ ချစ်သူဖြစ်နေတာကိုမိန်းကလေးရဲ့မိဘတွေကသိတော့မြတ်လေးကို ဘာမဟုတ်အညတရသီချင်းရေးဆရာတစ်ယောက်လို့သတ်မှတ်ပြီးသဘောမတူကြပါ။
ရိုစလင်းလည်းမိဘအသိုင်းအဝိုင်းရဲ့သြဇာနဲ့အာဏာအရှိန်အဝါကိုမလွန်ဆန်ဘဲချစ်လမ်းခရီးကိုဆက်မလျှောက်လှမ်းတော့ပါ။
အလှမ်းမမှီတဲ့အဝေးကလမင်းကိုမက်မောလိုချင်တဲ့ကလေးငယ်တစ်ယောက်လိုအဖြစ်မျိုးနဲ့မြတ်လေးကြုံခဲ့ရပါတော့တယ်။
ဘဝမှအချစ်အတွက်မျှော်လင့်ချက်ပျောက်ဆုံးသွားတော့ရင်နာတဲ့ခံစားချက်တွေနဲ့အတူအနုပညာသမားပီပီမခင်နှင်းဆီအမည်နဲ့သီချင်းတွေကိုဆက်တိုက်သုံးပုဒ်တိတိရေးသားလာပါတယ်။
အဲဒီသီချင်းတွေကတော့မခင်နှင်းဆီ၊မခင်နှင်းဆီရဲ့နှင်းဆီ၊မခင်နှင်းဆီရဲ့ဇာတ်သိမ်းစတဲ့သီချင်းတွေဖြစ်ပါတယ်။
ပထမဆုံးမခင်နှင်းဆီသီချင်းမှာ မောက်လိုက်ပါတဲ့ အလှဂုဏ်၊မာနဂုဏ်၊ အဲဒါတွေကိုကိုယ်စားပြုတော့ ကျွန်တော့်မှာကြောက်လှပြီ လို့ရေးခဲ့ပြီးကိုယ့်ချစ်သူရဲ့အလှဂုဏ်နဲ့မိဘရာထူးဂုဏ်အရှိန်အဝါတွေကိုမြင်ရတော့မြတ်လေးကြောက်သွားပြီးရေပေါ်ဆီလူတန်းစားနဲ့ ဝေးသွားခဲ့ရပါတော့တယ်။
ကိုယ့်အလှဂုဏ်ကိုမြောက်ပြီးမောက်မာနေသူကလေးကိုအသိတရားရှိလာအောင်မြတ်လေးကဆက်လက်ရေးဖွဲ့ပြလိုက်တာကတော့ နှင်းဆီဆိုတာပန်း၊မခင်နှင်းဆီဆိုတော့မခင်ပန်းကလေးပေါ့နော်။
ပန်းဆိုတာ မနွမ်းခင်လန်းတာမျိုးဖြစ်သည်။ ဒါကြောင့်မို့ဘာဖြစ်လို့များဂုဏ်ယူနေချင်ရတာလဲလို့သင်္ခါရကိုအစဉ် ထာဝရမှတ်တော့သင်အနာတရဖြစ်မည် လို့အမှန်တရားကိုသိရှိအောင်ရေးပြလိုက်ပြီးမှဇီဝဗေဒသဘောတရားအမြင်နဲ့ပန်းရဲ့အဘိဓမ္မာသရုပ်အညီဖူးပွင့်နွမ်းပြီးတော့ကြွေရှာသည်။
အပေါင်းလက္ခဏာနှစ်ခုနဲ့တိုးတက်လာခဲ့သလိုအနုတ်လက္ခဏာနှစ်ခုနဲ့ ဆုတ်ယုတ်ပြန်ရသည်။
အက္ခရာသင်္ချာနည်းနဲ့တွက်ကြည့်တော့လည်း မက်စရာမမြင်ပါပြီ။အဲဒါဘဲအဖြေကွဲ့နှင်းဆီ၊အလှကြည့်တာကလွဲလို့မ ထင်ပါနဲ့မခင်နှင်းဆီ၊ကမ္ဘာ့နိယာမထဲသို့မဝင်လာပါနဲ့နှင်းဆီ လို့သင်္ချာ
သဘောတရားနဲ့ပါထပ်ပြီးရှင်းပြလိုက်ပါသေးတယ်။
နောက်ဆုံးမှာအရာရာဟာအနတ္တချည်းဘဲလို့မသိနားမလည်သူလေးကိုနားလည်သွားအောင်ပညာပါပါဆုံးမပြလိုက်တာဖြစ်ပါတယ်။
ဆက်လက်ပြီးမြတ်လေးရေးသားပြလိုက်တာက အသိမဟာဖြစ်တဲ့အဘိဓမ္မာသစ်ရဲ့ကျုပ်အသည်းလွှာသရုပ်ခွဲကာပြရရင်တော့အခြေအမြစ်ကြီး တဲ့နှင်းဆီဟာ မခင်နှင်းဆီရဲ့ပန်းကလေးလိုမလှဘဲပန်းကလေးလိုညှိုးပြန်ရှာသည်။
အဖိုးမတန်တဲ့ဘဝနဲ့ရှုံးပြန်ရသည်။ကံကြမ္မာမွဲလို့လွဲပြန်ရှာ သည်။အခုမှလူလုံးမလှလို့ယူကျုံးမရတော့သည်။
ဒါကိုပင်ပရမတ်လို့မထင်။ဒါကိုပင်ပညက်လို့သူမထင်။အမှန်ပင်မှားကာအလွန်ဘဲသနားစရာကောင်းလိုက်ပြန်ပါသည်။ လို့တရားသဘောအမှန်နဲ့အသိဝင်အောင်ဆုံးမပြလိုက်ပါသည်။
အစပိုင်းမှာမခင်နှင်းဆီသီချင်းသုံးပုဒ်ကိုမြန်မာ့အသံရေဒီယိုမှာတခြားအချစ်သီချင်းတွေလိုဘဲလူတွေကြားခဲ့ရပါတယ်။နောက်တော့မခင်နှင်းဆီသီချင်းသုံးပုဒ်ကိုအများပြည်သူနားဆင်ခွင့်မရှိတော့ဘဲမြန်မာ့အသံရေဒီယိုကပိတ်ပင်လိုက်ပါတယ်။
နိုင်ငံရေးကြောင့်မဟုတ်၊ဖဆပလအစိုးရရဲ့မူဝါဒကိုထိုခိုက်လို့လည်းမဟုတ်ဘဲနိုင်ငံတော်အကြီးအကဲရဲ့ဖိအားပေးမှုကြောင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။လူတစ်ယောက်ထိခိုက်တဲ့ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပိတ်ပင်ခံရတာဖြစ်ပါတယ်။
ဒါကြောင့်မခင်နှင်းဆီသီချင်းကို နားဆင်ခွင့်မရတော့ပါ။ လုပ်ဆောင်ချက်တိုင်းမှာထပ်တူတန်ပြန်လုပ်ဆောင်ချက်ရှိတယ်ဆိုတဲ့နယူတန်ရဲ့နိယာမအရမြတ်လေးရဲ့မခင်နှင်းဆီသီချင်းမှန်ကန်နေတဲ့အတွက်ပိတ်ပင်ခံရတာဖြစ်ပါတယ်။
မြတ်လေးရဲ့အနုပညာအစွမ်းထက်ခဲ့ပါတယ်။ဒီမိုကရေစီခေတ်ဦးမှာပထမဆုံးပိတ်ပင်ခံရတဲ့မြတ်လေးရဲ့သီချင်းကိုကံကောင်းထောက်မစွာတေးချစ်ပရိတ်သတ်တွေကြားနိုင်ခွင့်၊နားဆင်နိုင်ခွင့်၊ခံစားနိုင်ခွင့်တွေရရှိခဲ့ပါတယ်။
(ဆောင်းပါးရှင်မောင်ညီညွတ်ရဲ့ဆောင်းပါးကိုပြန်လည်မျှဝေပါတယ်)ချစ်ဝင်း မောင် ထံမှ ပြန်လည်မျှဝေဖော်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
၁၉၅၀ျပည့္ႏွစ္မ်ားကထြက္ေပၚခဲ့ၿပီး မေမွ်ာ္လင့္ဘဲအုတ္ေအာ္ေသာင္းတင္းျဖစ္သြားခဲ့တာ မခင္ႏွင္းဆီသီခ်င္းဘဲ ျဖစ္ပါတယ္။
ဖဆပလေခတ္ ကေၾကာက္ခမန္းလိလိျမန္မာျပည္တစ္နံတစ္လ်ားေပါက္ေျမာက္ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မခင္ႏွင္းဆီရဲ႕အတိတ္သမိုင္းေၾကာင္းဟာ ျမန္မာ့ဂီတေလာကမွာစိတ္ဝင္စားစရာေကာင္းပါတယ္။
မခင္ႏွင္းဆီသီခ်င္းကိုေရးဖြဲ႕ခဲ့သူဟာဂီတေလာကထဲကို တကၠသိုလ္ျမတ္ေလးအမည္နဲ႕ ဝင္လာခဲ့တဲ့ ကြယ္လြန္သူမင္းသားႀကီးျမတ္ေလးျဖစ္ပါတယ္။
ျမတ္ေလးတကၠသိုလ္ေက်ာင္သားဘဝမွာ ရိုစလင္းလို႔ေခၚတဲ့ ႏွင္းဆီပန္းကေလးလို လွပၿပီးခ်စ္စရာေကာင္းတဲ့ ရတနာေဆာင္ကေက်ာင္းသူေလးတစ္ေယာက္နဲ႕ခ်စ္ႀကိဳက္ခဲ့ပါတယ္။
ရိုစလင္းဟာ သာမန္သူလို ကိုယ္လိုလွပေခ်ာေမာတဲ့မိန္းကေလးတစ္ေယာက္သာမဟုတ္ဘဲနိုင္ငံေတာ္အႀကီးအကဲတစ္ဦးရဲ႕သမီးလည္းျဖစ္ပါတယ္။
ျမတ္ေလးနဲ႕ ခ်စ္သူျဖစ္ေနတာကိုမိန္းကေလးရဲ႕မိဘေတြကသိေတာ့ျမတ္ေလးကို ဘာမဟုတ္အညတရသီခ်င္းေရးဆရာတစ္ေယာက္လို႔သတ္မွတ္ၿပီးသေဘာမတူၾကပါ။
ရိုစလင္းလည္းမိဘအသိုင္းအဝိုင္းရဲ႕ၾသဇာနဲ႕အာဏာအရွိန္အဝါကိုမလြန္ဆန္ဘဲခ်စ္လမ္းခရီးကိုဆက္မေလွ်ာက္လွမ္းေတာ့ပါ။
အလွမ္းမမွီတဲ့အေဝးကလမင္းကိုမက္ေမာလိုခ်င္တဲ့ကေလးငယ္တစ္ေယာက္လိုအျဖစ္မ်ိဳးနဲ႕ျမတ္ေလးႀကဳံခဲ့ရပါေတာ့တယ္။
ဘဝမွအခ်စ္အတြက္ေမွ်ာ္လင့္ခ်က္ေပ်ာက္ဆုံးသြားေတာ့ရင္နာတဲ့ခံစားခ်က္ေတြနဲ႕အတူအႏုပညာသမားပီပီမခင္ႏွင္းဆီအမည္နဲ႕သီခ်င္းေတြကိုဆက္တိုက္သုံးပုဒ္တိတိေရးသားလာပါတယ္။
အဲဒီသီခ်င္းေတြကေတာ့မခင္ႏွင္းဆီ၊မခင္ႏွင္းဆီရဲ႕ႏွင္းဆီ၊မခင္ႏွင္းဆီရဲ႕ဇာတ္သိမ္းစတဲ့သီခ်င္းေတြျဖစ္ပါတယ္။
ပထမဆုံးမခင္ႏွင္းဆီသီခ်င္းမွာ ေမာက္လိုက္ပါတဲ့ အလွဂုဏ္၊မာနဂုဏ္၊ အဲဒါေတြကိုကိုယ္စားျပဳေတာ့ ကြၽန္ေတာ့္မွာေၾကာက္လွၿပီ လို႔ေရးခဲ့ၿပီးကိုယ့္ခ်စ္သူရဲ႕အလွဂုဏ္နဲ႕မိဘရာထူးဂုဏ္အရွိန္အဝါေတြကိုျမင္ရေတာ့ျမတ္ေလးေၾကာက္သြားၿပီးေရေပၚဆီလူတန္းစားနဲ႕ ေဝးသြားခဲ့ရပါေတာ့တယ္။
ကိုယ့္အလွဂုဏ္ကိုေျမာက္ၿပီးေမာက္မာေနသူကေလးကိုအသိတရားရွိလာေအာင္ျမတ္ေလးကဆက္လက္ေရးဖြဲ႕ျပလိုက္တာကေတာ့ ႏွင္းဆီဆိုတာပန္း၊မခင္ႏွင္းဆီဆိုေတာ့မခင္ပန္းကေလးေပါ့ေနာ္။
ပန္းဆိုတာ မႏြမ္းခင္လန္းတာမ်ိဳးျဖစ္သည္။ ဒါေၾကာင့္မို႔ဘာျဖစ္လို႔မ်ားဂုဏ္ယူေနခ်င္ရတာလဲလို႔သခၤါရကိုအစဥ္ ထာဝရမွတ္ေတာ့သင္အနာတရျဖစ္မည္ လို႔အမွန္တရားကိုသိရွိေအာင္ေရးျပလိုက္ၿပီးမွဇီဝေဗဒသေဘာတရားအျမင္နဲ႕ပန္းရဲ႕အဘိဓမၼာသ႐ုပ္အညီဖူးပြင့္ႏြမ္းၿပီးေတာ့ေႂကြရွာသည္။
အေပါင္းလကၡဏာႏွစ္ခုနဲ႕တိုးတက္လာခဲ့သလိုအႏုတ္လကၡဏာႏွစ္ခုနဲ႕ ဆုတ္ယုတ္ျပန္ရသည္။
အကၡရာသခၤ်ာနည္းနဲ႕တြက္ၾကည့္ေတာ့လည္း မက္စရာမျမင္ပါၿပီ။အဲဒါဘဲအေျဖကြဲ႕ႏွင္းဆီ၊အလွၾကည့္တာကလြဲလို႔မ ထင္ပါနဲ႕မခင္ႏွင္းဆီ၊ကမၻာ့နိယာမထဲသို႔မဝင္လာပါနဲ႕ႏွင္းဆီ လို႔သခၤ်ာ
သေဘာတရားနဲ႕ပါထပ္ၿပီးရွင္းျပလိုက္ပါေသးတယ္။
ေနာက္ဆုံးမွာအရာရာဟာအနတၱခ်ည္းဘဲလို႔မသိနားမလည္သူေလးကိုနားလည္သြားေအာင္ပညာပါပါဆုံးမျပလိုက္တာျဖစ္ပါတယ္။
ဆက္လက္ၿပီးျမတ္ေလးေရးသားျပလိုက္တာက အသိမဟာျဖစ္တဲ့အဘိဓမၼာသစ္ရဲ႕က်ဳပ္အသည္းလႊာသ႐ုပ္ခြဲကာျပရရင္ေတာ့အေျခအျမစ္ႀကီး တဲ့ႏွင္းဆီဟာ မခင္ႏွင္းဆီရဲ႕ပန္းကေလးလိုမလွဘဲပန္းကေလးလိုညွိုးျပန္ရွာသည္။
အဖိုးမတန္တဲ့ဘဝနဲ႕ရႈံးျပန္ရသည္။ကံၾကမၼာမြဲလို႔လြဲျပန္ရွာ သည္။အခုမွလူလုံးမလွလို႔ယူက်ဳံးမရေတာ့သည္။
ဒါကိုပင္ပရမတ္လို႔မထင္။ဒါကိုပင္ပညက္လို႔သူမထင္။အမွန္ပင္မွားကာအလြန္ဘဲသနားစရာေကာင္းလိုက္ျပန္ပါသည္။ လို႔တရားသေဘာအမွန္နဲ႕အသိဝင္ေအာင္ဆုံးမျပလိုက္ပါသည္။
အစပိုင္းမွာမခင္ႏွင္းဆီသီခ်င္းသုံးပုဒ္ကိုျမန္မာ့အသံေရဒီယိုမွာတျခားအခ်စ္သီခ်င္းေတြလိုဘဲလူေတြၾကားခဲ့ရပါတယ္။ေနာက္ေတာ့မခင္ႏွင္းဆီသီခ်င္းသုံးပုဒ္ကိုအမ်ားျပည္သူနားဆင္ခြင့္မရွိေတာ့ဘဲျမန္မာ့အသံေရဒီယိုကပိတ္ပင္လိုက္ပါတယ္။
နိုင္ငံေရးေၾကာင့္မဟုတ္၊ဖဆပလအစိုးရရဲ႕မူဝါဒကိုထိုခိုက္လို႔လည္းမဟုတ္ဘဲနိုင္ငံေတာ္အႀကီးအကဲရဲ႕ဖိအားေပးမႈေၾကာင့္ပိတ္ပင္လိုက္တာျဖစ္ပါတယ္။လူတစ္ေယာက္ထိခိုက္တဲ့ ပုဂၢလိကကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ ပိတ္ပင္ခံရတာျဖစ္ပါတယ္။
ဒါေၾကာင့္မခင္ႏွင္းဆီသီခ်င္းကို နားဆင္ခြင့္မရေတာ့ပါ။ လုပ္ေဆာင္ခ်က္တိုင္းမွာထပ္တူတန္ျပန္လုပ္ေဆာင္ခ်က္ရွိတယ္ဆိုတဲ့နယူတန္ရဲ႕နိယာမအရျမတ္ေလးရဲ႕မခင္ႏွင္းဆီသီခ်င္းမွန္ကန္ေနတဲ့အတြက္ပိတ္ပင္ခံရတာျဖစ္ပါတယ္။
ျမတ္ေလးရဲ႕အႏုပညာအစြမ္းထက္ခဲ့ပါတယ္။ဒီမိုကေရစီေခတ္ဦးမွာပထမဆုံးပိတ္ပင္ခံရတဲ့ျမတ္ေလးရဲ႕သီခ်င္းကိုကံေကာင္းေထာက္မစြာေတးခ်စ္ပရိတ္သတ္ေတြၾကားနိုင္ခြင့္၊နားဆင္နိုင္ခြင့္၊ခံစားနိုင္ခြင့္ေတြရရွိခဲ့ပါတယ္။
(ေဆာင္းပါးရွင္ေမာင္ညီၫြတ္ရဲ႕ေဆာင္းပါးကိုျပန္လည္မွ်ေဝပါတယ္)ခ်စ္ဝင္း ေမာင္ ထံမွ ျပန္လည္မွ်ေဝေဖာ္ျပပါသည္။
မူရင္းေရးသားသူအားေလးစားစြာျဖင့္ ခရက္ဒစ္