ကြောင်များနဲ့ ခွေးကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များဟာ ၎င်းတို့ရဲ့ပိုင်ရှင်များထံ ချဉ်းကပ်လာပြီး ၎င်းတို့ရဲ့ကိုယ်တွေကို ပွတ်သပ်ပေးခြင်းဖြင့် ၎င်းတို့ကို ကြင်နာမှုပေးကြောင်း ညွှန်ပြနေပါတယ် ။
အခြားတစ်ဖက်မှာမူ ရေနေသတ္တဝါများကလည်း ထိုသို့ ပြုမှုတက်တယ်ဆိုတာ သိလိုက်တဲ့အခါမှာ အလွန်အံ့သြမိပါတယ် ။
ဗီဒီယိုထဲမှာ ရေငုပ်သမားက ၎င်းရဲ့ ဝတ်စုံအပြည့်နဲ့ ငါးပြတိုက်များကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပိုက်ကြီးများဖြင့် ဝန်းရံထားတဲ့အပြင်သူ့ပတ်ဝန်းကျင်မှာ ပေါ့ပေါ့ဆဆ ကူးခတ်နေတဲ့ ငါးများကိုပါ ပြသထားပါတယ် ။
ရေငုပ်သမားက ရေပိုက်ကို ရွေ့လျားနေစဉ်မှာ အလတ်စားငါးတစ်ကောင်က အခြားငါးများမှတစ်ဆင့် လူဆီသို့ ကူးခက်လာနေတာကို တွေ့နိုင်ပါတယ် ။
ပထမတစ်ချက်ကြည့်လိုက်တော့ ငါးက သူ့ကိုတိုက်ခိုက်တော့မယ့်ပုံပေါ်ပေမယ့် နီးကပ်လာချိန်မှာတော့ အရှိန်နှေးကွေးသွားပြီး သူ့ခန္ဓာကိုယ်နဲ့ အမြီးတွေကို လှုပ်ခါစပြုလာပါတော့တယ် ။
ပုံပန်းသဏ္ဍာန်အားဖြင့် ထူးထူးခြားခြားမြင်တွေ့ပြီးနောက် ရေငုပ်သမားက ငါးရဲ့ခန္ဓာကိုယ်ကို လက်ဖြင့် ပွတ်မိလိုက်တဲ့အခါမှာ ငါးက ခွေးတစ်ကောင်ရဲ့ အမူအကျင့်လို ပြောင်းသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ အဆိုပါငါးက Osaka Aquarium မှာနေထိုင်တဲ့ အညိုရောင်အုပ်စုဝင် 18 မျိုးထဲမှ တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ် ။
ငါးပြတိုက်ရေငုပ်သမားများက သန့်ရှင်းရေးကန်များကို ကန့်သတ်ထားရုံသာမကငါးပြတိုက်အတွင်းနေထိုင်သူများရဲ့ကျန်းမာရေးကိုပြုပြင်ထိန်းသိမ်းရာမှာလည်းတာဝန်ရှိပြီး ဧည့်သည်များကို ဆွဲဆောင်ရန်အတွက် တစ်ခါတစ်ရံ ရေအောက်မှာ ပြုမူလုပ်ဆောင်ရန် လိုအပ်ပါတယ် ။
ထို့ကြောင့်ငါးတွေကကျွေးမွေးပြုစုစောင့်ရှောက်ပေးတဲ့လူသားများနဲ့ အထူးနှောင်ကြိုးဖွဲ့ထားကြောင်း လုံးလုံးနားလည်နိုင်ပါတယ် ။
crd
Zawgyi
ေၾကာင္မ်ားနဲ႕ ေခြးကဲ့သို႔ေသာ အိမ္ေမြးတိရစ္ဆာန္မ်ားဟာ ၎တို႔ရဲ႕ပိုင္ရွင္မ်ားထံ ခ်ဥ္းကပ္လာၿပီး ၎တို႔ရဲ႕ကိုယ္ေတြကို ပြတ္သပ္ေပးျခင္းျဖင့္ ၎တို႔ကို ၾကင္နာမႈေပးေၾကာင္း ၫႊန္ျပေနပါတယ္ ။
အျခားတစ္ဖက္မွာမူ ေရေနသတၱဝါမ်ားကလည္း ထိုသို႔ ျပဳမႈတက္တယ္ဆိုတာ သိလိုက္တဲ့အခါမွာ အလြန္အံ့ၾသမိပါတယ္ ။
ဗီဒီယိုထဲမွာ ေရငုပ္သမားက ၎ရဲ႕ ဝတ္စုံအျပည့္နဲ႕ ငါးျပတိုက္မ်ားကို သန႔္ရွင္းေရးျပဳလုပ္ရာမွာ အသုံးျပဳတဲ့ ေရပိုက္ႀကီးမ်ားျဖင့္ ဝန္းရံထားတဲ့အျပင္သူ႕ပတ္ဝန္းက်င္မွာ ေပါ့ေပါ့ဆဆ ကူးခတ္ေနတဲ့ ငါးမ်ားကိုပါ ျပသထားပါတယ္ ။
ေရငုပ္သမားက ေရပိုက္ကို ေ႐ြ႕လ်ားေနစဥ္မွာ အလတ္စားငါးတစ္ေကာင္က အျခားငါးမ်ားမွတစ္ဆင့္ လူဆီသို႔ ကူးခက္လာေနတာကို ေတြ႕နိုင္ပါတယ္ ။
ပထမတစ္ခ်က္ၾကည့္လိုက္ေတာ့ ငါးက သူ႕ကိုတိုက္ခိုက္ေတာ့မယ့္ပုံေပၚေပမယ့္ နီးကပ္လာခ်ိန္မွာေတာ့ အရွိန္ႏွေးေကြးသြားၿပီး သူ႕ခႏၶာကိုယ္နဲ႕ အၿမီးေတြကို လႈပ္ခါစျပဳလာပါေတာ့တယ္ ။
ပုံပန္းသ႑ာန္အားျဖင့္ ထူးထူးျခားျခားျမင္ေတြ႕ၿပီးေနာက္ ေရငုပ္သမားက ငါးရဲ႕ခႏၶာကိုယ္ကို လက္ျဖင့္ ပြတ္မိလိုက္တဲ့အခါမွာ ငါးက ေခြးတစ္ေကာင္ရဲ႕ အမူအက်င့္လို ေျပာင္းသြားခဲ့ပါတယ္။
ေနာက္ပိုင္းမွာ အဆိုပါငါးက Osaka Aquarium မွာေနထိုင္တဲ့ အညိုေရာင္အုပ္စုဝင္ 18 မ်ိဳးထဲမွ တစ္ခုျဖစ္ေၾကာင္းေတြ႕ရွိခဲ့ပါတယ္ ။
ငါးျပတိုက္ေရငုပ္သမားမ်ားက သန႔္ရွင္းေရးကန္မ်ားကို ကန႔္သတ္ထား႐ုံသာမကငါးျပတိုက္အတြင္းေနထိုင္သူမ်ားရဲ႕က်န္းမာေရးကိုျပဳျပင္ထိန္းသိမ္းရာမွာလည္းတာဝန္ရွိၿပီး ဧည့္သည္မ်ားကို ဆြဲေဆာင္ရန္အတြက္ တစ္ခါတစ္ရံ ေရေအာက္မွာ ျပဳမူလုပ္ေဆာင္ရန္ လိုအပ္ပါတယ္ ။
ထို႔ေၾကာင့္ငါးေတြကေကြၽးေမြးျပဳစုေစာင့္ေရွာက္ေပးတဲ့လူသားမ်ားနဲ႕ အထူးႏွောင္ႀကိဳးဖြဲ႕ထားေၾကာင္း လုံးလုံးနားလည္နိုင္ပါတယ္ ။
crd