ဆောက်ရေးလုပ်ငန်းများတွင် ဖာထေးရာ၌ အသုံးပြုရသော ဖော့စပရေးဗူးကို ခေါင်းလိမ်းဆီ စပရေးဗူးထင်ပြီး သုံးလိုက်မိလို့ မျက်နှာငယ်လေးနှင့် ဆေးရုံရောက်လာခဲ့သည့် အဖွားအို..

နောက်ပိုင်းခေတ်ကာလများ၏ တိုးတက်မှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် မည်သည့်အပေါက်လေးများပင် ရှိနေပါစေ ဖော့စပရေးဗူးလေးဖြန်းလိုက်ရုံဖြင့် နေရာလွတ်မရှိသော နေရာတွေကို ရရှိလာနိုင်ပြီဖြစ်ပါတယ်။

သို့သော် ပစ္စည်းများကို အသုံးပြုရမည့် သူ့နေရာနှင့်သူ ထားရှိမှသာလျှင် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

ဗူးပေါ်က အသုံးပြုပုံစာသားတွေကို မဖတ်မိပါက ဒုက္ခရောက်သွားနိုင်ပါတယ်။

ယခုတွင်လည်း အသက်၆၀အရွယ်အမျိုးသမီးဟာ ဆံပင်လိမ်းစပရေးဗူးထင်ပြီး ဖော့စပရေးဗူးကို အသုံးပြုခဲ့မိပါတော့တယ်။

ထိုအခါ ဦးခေါင်းက ဆံပင်တွေဟာ ဖော့များခဲလာခြင်းကြောင့် ဒုက္ခရောက်ချိန်မှာတော့ ဆေးရုံသို့အပြေးလာခဲ့ရတာဖြစ်ပါတယ်။

အဖွား၏မျက်နှာ မပြုံးနိုင်ဖြစ်နေခဲ့ရပြီး အတော်လေးကို စိတ်ဒုက္ခရောက်နေခဲ့ရတာဖြစ်ပါတယ်။

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်