မိမိတို့မိသားစု၏ကျေးဇူးရှင်ဆင်မကြီး မညွန့်ရီ ၃-၁-၂၀၂၂ ရက်နေ့တွင်ကွယ်လွန် သွားရှာလေပြီ။
ကျေးဇူးရှင်ဆင်မကြီးအား ဂါရဝထား ဦးခိုက်ရင်း ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်းဆုတောင်းလိုက်ပါ သည်။ ဆင်မကြီး မညွန့်ရီအား မိမိဘေးမဲ့ပေးထားသည်မှာ ငါးနှစ်ခန့်ရှိပြီ။
ဆင်မကြီးအား လိုရာကိုမောင်း၍ မရနိုင်တော့သဖြင့် ဤသို့ ပင်လွှတ်ထားခဲ့ရသည်။ တောတောင်အနှံ့တွင်တောင်ယာများ စိုက်ခင်းများရှိရာ တစ်ချို့သတင်းလာပို့သဖြင့်မိမိ ထိုက်သင့် သလောက်လျှော်ပေးခဲ့သည်မှာ အကြိမ် ပေါင်း မနည်းတော့ပါ။
သို့သော် အချို့ကား ဖနောင့်ကို လှီ -းခြင်း၊ ဆင်မကြီးအား ဒရကြမ်းမောင်းထုတ်စဉ်ခွါတစ်လုံးမှာ ယခင်ကပင်အနည်းငယ်ဟနေရာမှ စူးငြောင့် ခလုတ်ကျောက်များဖြင့် တိုက်မိပြီး သုံးလက်မခန့်ဟပြီး ပိုးဝင်နေသည်ကိုတွေ့ ရသည်။
နောက်ခြေနှစ်ဘက်လုံးမဲသွားသည်ကို ကြည့်ခြင်းဖြင့် မေးခိုင်းပိုးဝင်သွားသည်ဟုယတိပြတ် ပြောဆိုနိုင်သည်။တောင်ယာ ခုတ်ခြင်းကို နိုင်ငံတော်မှခွင့်မပြု။ ဆင်တွင် တရားဝင်လိုင်စင်ရှိသည်။
သို့သော်ဆင်းရဲ သားအများမှာတောင်ယာလုပ်ကိုင်စား သောက်ရသည်ကိုကိုယ်ချင်းစာမိပါသည်။မသွားနိုင် မလာနိုင်ဘေးမဲ့ပေးထားသော ဆင်မကြီးကိုမည်သူတွေက မညှာမတာညှ-င်းပ-န်းနိ-ပ် စ-က်သည်ဆိုသည်ကို သတင်းရရှိထားသည်။
တစ်ခုပြောလိုသည်မှာ ခုလိုဘေးမဲ့ ပေးထားသည့် ဒုက္ခိတဆင်မကြီးအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ခင်ဗျားတို့လည်း တန်ုပြန်ခံရမည်ကတော့ မလွဲဘူး ကိုယ့်လူတို့။
ခရက်ဒစ်
Zawgyi
မိမိတို႔မိသားစု၏ေက်းဇူးရွင္ဆင္မႀကီး မၫြန႔္ရီ ၃-၁-၂၀၂၂ ရက္ေန႕တြင္ကြယ္လြန္ သြားရွာေလၿပီ။
ေက်းဇူးရွင္ဆင္မႀကီးအား ဂါရဝထား ဦးခိုက္ရင္း ေကာင္းရာဘုံဘဝ ေရာက္ပါေစေၾကာင္းဆုေတာင္းလိုက္ပါ သည္။ ဆင္မႀကီး မၫြန႔္ရီအား မိမိေဘးမဲ့ေပးထားသည္မွာ ငါးႏွစ္ခန႔္ရွိၿပီ။
ဆင္မႀကီးအား လိုရာကိုေမာင္း၍ မရနိုင္ေတာ့သျဖင့္ ဤသို႔ ပင္လႊတ္ထားခဲ့ရသည္။ ေတာေတာင္အႏွံ႕တြင္ေတာင္ယာမ်ား စိုက္ခင္းမ်ားရွိရာ တစ္ခ်ိဳ႕သတင္းလာပို႔သျဖင့္မိမိ ထိုက္သင့္ သေလာက္ေလွ်ာ္ေပးခဲ့သည္မွာ အႀကိမ္ ေပါင္း မနည္းေတာ့ပါ။
သို႔ေသာ္ အခ်ိဳ႕ကား ဖေနာင့္ကို လွီ -းျခင္း၊ ဆင္မႀကီးအား ဒရၾကမ္းေမာင္းထုတ္စဥ္ခြါတစ္လုံးမွာ ယခင္ကပင္အနည္းငယ္ဟေနရာမွ စူးေျငာင့္ ခလုတ္ေက်ာက္မ်ားျဖင့္ တိုက္မိၿပီး သုံးလက္မခန႔္ဟၿပီး ပိုးဝင္ေနသည္ကိုေတြ႕ ရသည္။
ေနာက္ေျခႏွစ္ဘက္လုံးမဲသြားသည္ကို ၾကည့္ျခင္းျဖင့္ ေမးခိုင္းပိုးဝင္သြားသည္ဟုယတိျပတ္ ေျပာဆိုနိုင္သည္။ေတာင္ယာ ခုတ္ျခင္းကို နိုင္ငံေတာ္မွခြင့္မျပဳ။ ဆင္တြင္ တရားဝင္လိုင္စင္ရွိသည္။
သို႔ေသာ္ဆင္းရဲ သားအမ်ားမွာေတာင္ယာလုပ္ကိုင္စား ေသာက္ရသည္ကိုကိုယ္ခ်င္းစာမိပါသည္။မသြားနိုင္ မလာနိုင္ေဘးမဲ့ေပးထားေသာ ဆင္မႀကီးကိုမည္သူေတြက မညွာမတာညွ-င္းပ-န္းနိ-ပ္ စ-က္သည္ဆိုသည္ကို သတင္းရရွိထားသည္။
တစ္ခုေျပာလိုသည္မွာ ခုလိုေဘးမဲ့ ေပးထားသည့္ ဒုကၡိတဆင္မႀကီးအေပၚ လုပ္ခဲ့တဲ့ လုပ္ရပ္အတြက္ ခင္ဗ်ားတို႔လည္း တန်ုပြန်ခံရမည်ကတော့ မလြဲဘူး ကိုယ့္လူတို႔။
ခရက္ဒစ္