Laptop Battery အားမခံတော့လို့ အသစ်ဝယ်တော့မယ်ဆိုရင် ဒါလေးတော့သိထားပါ

Laptop Battery အားမခံတော့လို့ အသစ်ဝယ်တော့မယ်ဆိုရင် ဒါလေးတော့သိထားပါ

ကျွန်တော်တို့က Laptop External Battery (အလွယ်တကူ ဖြုတ်လို့ရသော battery) အားမခံတော့လို့ အသစ်လဲတော့မယ်ဆိုရင်

OEM Battery နဲ့ Original နှစ်မျိုးရှိတယ်

OEM က ဈေးသက်သာပြီး

Original က ဈေးနည်းနည်းပိုမယ်။

Battery က 4 Cells နဲ့ 6 Cells ဆိုပြီး နှစ်မျိုးရှိသေးတယ်။

Gaming Laptop တွေမှာ 9 cells နဲ့ 12 Cell ထိ လာတတ်ပါတယ်။

Battery 4 Cells က ခန့်မှန်း‌ခြေ နှစ်နာရီ ကနေ နှစ်နာရီလေးဆယ်ငါးမိနစ်လောက် အသုံးခံတယ်။

(အသုံးပြုတဲ့ Software ပေါ်မူတည်ပြီးခန့်မှန်းခြေ)

ဈေးက သုံးသောင်းကနေ လေးသောင်းကြားရှိတယ် အကြမ်းဖြင်း

Battery 6 Cells က ခန့်မှန်းခြေ သုံးနာရီက နေ သုံးနာရီ ခွဲ ဝန်းကျင်ကြား အားခံတယ်။

(အသုံးပြုတဲ့ Software ပေါ်မူတည်ပြီးခန့်မှန်းခြေ)

ဈေးက ငါးသောင်းက နေ ခြောက်သောင်းကြားရှိနိုင်တယ်ခန့်မှန်း

ဘယ်ဟာတွေက laptop battey ကို အားပိုကုန်စေသလည်း

မိမိဘယ်လို အသုံးပြုသလဲဆိုတဲ့ အပေါ်မူတည်ပြီးတော့ ကုန်ဆုံးနိုင်တဲ့ power ပမာဏတွေဟာ မတူညီနိုင်ပါဘူး။

သာမန် web browser လေးသုံးလို့ ကုန်ဆုံးတဲ့ power ဟာ game ကစားလို့ကုန်တဲ့ power မတူညီနိုင်ပါဘူး။

60Wနဲ့အထက်: game အကြီးကြီးတွေ ကစားခြင်း

40-60W: game အသေးလေးများကစားခြင်း

30-40W: Video သို့မဟုတ် photo editing လုပ်ခြင်း

20-30W: online ကနေ high definition (HD) video တွေကြည့်ခြင်း

15-20W: application များစွာဖွင့်ထားခြင်း၊ offline နဲ့ပဲ high definition (HD) video တွေကြည့်ခြင်း

10-15W: သာမန်အသုံးပြုမှုများ

8-10W: ဘာမှမလုပ်ပဲ screen ကိုဖွင့်ထားခြင်း

စသည်ဖြင့် ခန့်မှန်းချေ ကုန်နိုင်ပါတယ်။ ခန့်မှန်းချေသာဖြစ်ပါတယ်။

Tun Tun Aung

Zawgyi




OEM က ဈေးသက်သာပြီး





















Tun Tun Aung