ကွမ်းအရမ်းကြိုက်သူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိကိုယ်တွေ့)

ကွမ်းအရမ်းကြိုက်သူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိကိုယ်တွေ့)

မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ကင်ဆာဖြစ်နေကြလေသည်။

ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင် လည်းပါ၏။ တစ်နေ့ ၂ဝဝဝကျပ်ဖိုးလောက်ကုန်ပါသည်။ အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်းဆိုသည်။

ကွမ်းသီးကွမ်းရွက် ထုံး ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေးအမျိုးမျိုး ကိုပြောင်း၍စားသုံးမိ၏။ ၉၂ ၊ ဆာဂါ ၊ ပါရာဂျက် ၊ ၁၆၂ ၊ စီကနယ် အမျိုးမျိုးအဖုံဖုံ နှပ်ဆေးလည်းစုံပြန်သည်။

အတိအကျမရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ်မှိုတက်သည်လည်းပါပေလိမ့်မည်။ အချို့ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့်ရောင်းချသည ်လည်းရှိ၏ ။

တင်ပြလိုသည်မှာ ယခုနောက်ပိုင်း ကွမ်းယာကြောင့် ကင်ဆာအတော် များများဖြစ်နေကြသည်ဆိုသော သတင်းများနှင့်အတူ လက်တွေ့ ပတ်ဝန်းကျင်တွင် ပါးစပ် ၊ လျှာ ၊ ပါးစောင်ကင်ဆာဖြစ်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့နေရခြင်းဖြစ်တော့သည် ။

ထိုကြောင့် ကွမ်းဖြတ်ချင်လှပါသည်။ ခက်သည်က ထမင်းစားပြီး သည်နှင့် ကွမ်းတစ်ယာငုံရလျှင် ပြည့်စုံသွားသည်။

လက်ဖက်ရည်ပဲသောက်သောက် ၊ မုန့်ဟင်းခါးစားစား ၊ ဘာပဲစားစား စားပြီးတိုင်း ကွမ်းမစားရပါလျှင် အဆင်မပြေ ခံတွင်းတစ်ခုလုံး နေမထိထိုင်မထိ ချဉ်သလိုလို ချွဲသလို ဒုက္ခမျိုးကွမ်းသမားတိုင်း ကြုံရသည်ချည်းသာ။ ထိုအဖြစ်က ကွမ်းကြိုက်သူတိုင်းသိ၏။

နှစ်ပေါင်းများစွာ စွဲလန်းနှစ်ခြိုက်သောကွမ်းကို မည်သို့ဖြတ်မည်နည်း ထိုပြင် လူကြားထဲ ကွမ်းကြောင့်အခက်တွေ့ရတတ်သည် ။ သွားများသည်လည်း နီရာကညစ် အမည်းဂျိုးနှစ်တို့ ကပ်နေပြန်သည်။

ထိရောက်သောကွမ်းဖြတ်နည်းလေးအားတင်ပြလိုပါသည်

၁။ ဖြတ်ချင်သောစိတ်ဆန္ဒရှိရန် အထူးလိုခြင်း

၂။ ဆေးမင်းရာဇာ(ဆေးဘုရင်)ပင်မှ အရွက်စိမ်းကိုအသုံးပြုရန်

၃။ အရွက်မှာ အနံ့အတော်ပြင်းပြီး စိမ်းရွှေပါသည် ။ ထမင်းစားပြီးတိုင်း လက်ဖက်ရည်သောက်ပြီးတိုင်း ကွမ်းယာစားချင်လိုသော ဆန္ဒရှိလေတိုင်း ဆေးမင်းရာဇာရွက်(၂)ရွက်ကို လျှာပေါ်တင်ကြိတ်ဝါးပြီး ပါးစောင်တွင်ငုံထားပါ ။

ကွမ်းစားချင်သော စိတ်ပျောက်ကွယ်ပြီး နေထိုင်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

၄။ အရွက်ရည်ကို မြိုချလည်းရပါသည်။ ထွေးထုတ်လည်းဖြစ်ပါသည် ။ အနံ့ဆိုးပါသည် လက်တွေ့စမ်းကြည့်ပါ

၅။ (၅)ရက်လောက်သာ တင်ပြပါနည်းကို စိတ်ယုံကြည်ချက်ဖြင့် လုပ်ဆောင်လိုက်ပါ ကွမ်းအမှန်ပြတ်ပါကြောင်း။

ဆေးဘုရင် ဆေးမင်းရာဇာ နတ်ဆေးပင်(ပြည့်စုံပင်)တောင်လုံးကျော်

ဆေးပင်၏ ပ ဉ္ဓငါးပါးသည် စိမ်းရွှေရွှေအနံ့ ရှိ၏

ဆေးအသုံးပြုပုံမှာ

(၁) သွားကိုက်ပါကအရွက်သုံးရွက်ကို လိပ်ပြီး အပေါ်သွားနှင့်အောက်သွား ညှပ်ထားပေးပါ

(၂) တစ်နေ့( ၂ )ရွက်စားပါက ခွန်အားဖြစ်ပါသည်

(၃) ကင်ဆာအကြိတ်ကို အရွက်ကြိတ်၍အုံပါ။

(၄) သွေးလေးဘက်နာဖြစ်ပါက အရွက်ကိုကြိတ်၍ အုံပါ။

(၅) ကျောက်ကပ်ရောဂါအတွက် အရွက်(၅)ရွက်ကို အခြောက်ပြု၍ လက်ဖက်ခြောက် လုပ်သောက်ကြသည်

(၆) ခွေးကိုက် ခြင်ကိုက် ပဒူကောင်းထိုးကင်းကိုက် ပုရွက်ဆိတ်ကိုက်ပါက အရွက်နှင့်ပွတ်တိုက်ပါ။

(၇) ခေါင်းကိုက် မျက်စိနာ နားကိုက် အရွက်နှင့် ကပ်ပါ။

(၈) သွေးတိုးပါက(၃)ရွက်စားပါ။

(၉) ထိခိုက် ဒဏ်ရာများကို အရွက်ကြိတ်၍အုံပေးပါ။

(၁၀) ဝမ်းကိုက်ပါက အရွက်(၃)ရွက်စားပေးပါ

အခြားဆေးအသုံးများလည်းကျန်ရှိနေပါသေးသည်။

လိုသူယူသုံး စေတနာအပြုံးးဖြင့်

ရဲမျိုးသူ(ဗောဓိမြိုင်)