အိမ်မှာစိုက်မိရင် လူခိုက်တတ်တဲ့ ဂမုန်း (၃) မျိူး…(ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်)

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေး ကတော့မြန်မာလူမျိုးတွေအတွက်သိပ်မစိမ်းတဲ့ အပင်တစ်မျိုး ပဲဖြစ်ပါ တယ်။

ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေ မှာတွယ်က ပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ် ပါတယ်။

ရှေးခေတ် ကမြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ရာထူးအာဏာတိုးတက်ဖို့ ၊ဧည့်ကောင်းဆောင်ကောင်းလာဖို့ ၊မီးကွင်းဖို့၊သူခိုးဓားပြအန္တရာယ် ကင်းဖို့ ဆိုပြီးခြံဝန်းထဲမှာစိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါစိုက်ပျိုး လာကြပါတယ်။

ဒါကပြဿနာ မဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝ မစိုက်ပျိုးသင့်တဲ့အပင်တွေကလည်း ရှိနေပါ တယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေး ဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင်ဖော်ပြပေး လိုက်ပါတယ်

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်း ကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူ ပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ် လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေ ဒီအပင်ကိုကျော်ဖြတ် မိပါက အူကျခြင်း ကိုဖြစ်စေတက်တယ် လို့တချို့ကလည်းပြောကြ ပါတယ်။

ဒါ့အပြင် ငါးရံ့၊ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့်ရောချက် ပါကဒူလာသွေးဝမ်းပျက် တယ်လို့ လည်းပြောကြ ပါတယ်။ ဆင် စွယ်ဂမုန် းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့ တစ် ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစု အတွင်းပြဿနာ အမျိုးမျိုးဖြစ်ရခြင်း၊မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ ဘေးရန်များခြင်းစတဲ့ စိတ်သောက မျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဂမုန်းစိုက်ပျိုးသူတွေ အနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေ ချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံ တူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုး ပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်းမိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။

ဆင်ဂမုန်းစိုက်ပျိုးသူ၉၀ရာခိုင်နှုန်းဟာကျန်းမာ ရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေကဖော်ပြထားပါတယ်။ဒါကြောင့်ဆင်ဂမုန်းဟာအိမ်တွင်းမှ စိုက်ပျိုးဖို့လုံးဝမသင့်တော်တဲ့ဂမုန်းပင်တွေထဲမှာတစ်ခုအ ပါ အဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒြာကြာဂမုန်း

ကုမုဒြာကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။

ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒြာကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။

ကုမုဒြာကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။သုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကိုစိုက်ပျိုးလေ့လာခဲ့ရာ

မိသားစုတွင်းပြဿနာ မျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်ကုမုဒြာကြာဂမုန်းကိုနုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုသောကတွေငြိမ်းအေးသွားခဲ့ တယ်လို့ ဆိုပါတယ်။ဒါကြောင့်သငအိမ်တွင်းမှာ ကုမုဒြာကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

crd

Zawgyi
ဂမုန္းဆိုတဲ့ အပင္မ်ိဳးႏြယ္ေလး ကေတာ့ျမန္မာလူမ်ိဳးေတြအတြက္သိပ္မစိမ္းတဲ့ အပင္တစ္မ်ိဳး ပဲျဖစ္ပါ တယ္။

ဥရွိတဲ့ အပင္မ်ားစြာကို ဂမုန္းလို႔ၿခဳံငုံေခၚေဝၚၾကၿပီးေတာ့ တခ်ိဳ႕ဂမုန္းပင္ေတြက အပင္ႀကီးေတြ မွာတြယ္က ပ္ေပါက္တက္တဲ့ အပင္မ်ိဳးျဖစ္ ပါတယ္။

ေရွးေခတ္ ကျမန္မာလူမ်ိဳးေတြဟာ ဂမုန္းပင္ေလးေတြကို စီးပြားလာဘ္လာဘ တိုးတက္ဖို႔၊ရာထူးအာဏာတိုးတက္ဖို႔ ၊ဧည့္ေကာင္းေဆာင္ေကာင္းလာဖို႔ ၊မီးကြင္းဖို႔၊သူခိုးဓားျပအႏၱရာယ္ ကင္းဖို႔ ဆိုၿပီးၿခံဝန္းထဲမွာစိုက္ပ်ိဳးခဲ့ၾကသလို အခုေခတ္မွာေတာ့ အိမ္တြင္းအပင္ေလးေတြ အျဖစ္ပါစိုက္ပ်ိဳး လာၾကပါတယ္။

ဒါကျပႆနာ မဟုတ္ေပမယ့္ ဂမုန္းပင္ေတြထဲမွာမွ အိမ္တြင္းမွာ လုံးဝ မစိုက္ပ်ိဳးသင့္တဲ့အပင္ေတြကလည္း ရွိေနပါ တယ္။ အဲအပင္(၃)မ်ိဳးကို စိုက္ပ်ိဳးေရး ဝါသနာရွင္ေတြ သထိထားဆင္ျခင္နိုင္ေအာင္ေဖာ္ျပေပး လိုက္ပါတယ္

၁။ ဆင္စြယ္ဂမုန္း

ဆင္စြယ္ဂမုန္း ကေတာ့ ေျမႀကီးမွ တစ္ပင္ခ်င္းေပါက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။ ဒန႔္သလြန္သီးနဲ႕ အပင္ခ်င္းတူ ပါတယ္။ ဆင္စြယ္ဂမုန္းဟာ စိုက္ပ်ိဳးသူကို စီးပြားလာဘ္ လာဘျဖစ္ေစတဲ့ ဂမုန္းမ်ိဳးမဟုတ္ပဲအမ်ိဳးသားေတြ ဒီအပင္ကိုေက်ာ္ျဖတ္ မိပါက အူက်ျခင္း ကိုျဖစ္ေစတက္တယ္ လို႔တခ်ိဳ႕ကလည္းေျပာၾက ပါတယ္။

ဒါ့အျပင္ ငါးရံ႕၊ငါးကြင္းႏွင့္ ဆင္စြယ္တစ္ေထာင့္ေရာခ်က္ ပါကဒူလာေသြးဝမ္းပ်က္ တယ္လို႔ လည္းေျပာၾက ပါတယ္။ ဆင္ စြယ္ဂမုန္ းစိုက္ပ်ိဳးၿပီး စီးပြားတက္လာပါကတစ္ဦးနဲ႕ တစ္ ဦး အေၾကာင္းမရွိပဲ ရန္လိုျခင္း၊ မိသားစု အတြင္းျပႆနာ အမ်ိဳးမ်ိဳးျဖစ္ရျခင္း၊မႈခင္းတစ္ခုခုျဖစ္တက္ျခင္း၊ ေဘးရန္မ်ားျခင္းစတဲ့ စိတ္ေသာက မ်ိဳးစုံျဖစ္ပြားတက္တဲ့ ဂမုန္းပင္ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဂမုန္းစိုက္ပ်ိဳးသူေတြ အေနနဲ႕ ဆင္စြယ္ဂမုန္းကိုေတာ့ အထူးေရွာင္ၾကဥ္ေစ ခ်င္ပါတယ္။

၂။ ဆင္ဂမုန္း

ဆင္ဂမုန္းရဲ႕ အ႐ြက္ဟာ ကြမ္း႐ြက္နဲ႕ပုံစံ တူၿပီးေတာ့ အ႐ြက္ထူၿပီး အစိမ္းရံကို အဝါေဖာက္ထားတဲ့ ပုံစံမ်ိဳး ပါ။ ဒီဂမုန္းပင္ကို စိုက္မယ္ဆိုရင္ စီးပြားလာဘ္လာဘေတြ တိုးတက္ေစသည္မွန္ေသာ္လည္းမိသားစုထဲမွ တစ္ေယာက္ေယာက္ကို က်န္းမာေရးခ်ိဳ႕ယြင္းေစပါတယ္။

ဆင္ဂမုန္းစိုက္ပ်ိဳးသူ၉၀ရာခိုင္ႏႈန္းဟာက်န္းမာ ေရးအႏၱရာယ္ႀကဳံရတက္တယ္လို႔ ေလ့လာေတြ႕ရွိသူေတြကေဖာ္ျပထားပါတယ္။ဒါေၾကာင့္ဆင္ဂမုန္းဟာအိမ္တြင္းမွ စိုက္ပ်ိဳးဖို႔လုံးဝမသင့္ေတာ္တဲ့ဂမုန္းပင္ေတြထဲမွာတစ္ခုအ ပါ အဝင္ပဲ ျဖစ္ပါတယ္။

၃။ ကုမုျဒာၾကာဂမုန္း

ကုမုျဒာၾကာဂမုန္းကေတာ့အ႐ြက္ရွည္ၿပီး ေဘးအနားေတြက လွိုင္းတြန႔္ေနတဲ့အ႐ြက္ပုံစံမ်ိဳးေလးပါ။ဒီဂမုန္းကေတာ့ ညဘက္ေတြမွာ ဖူးတံထြက္ၿပီး အျဖဴေရာင္အပြင့္ေလးေတြပြင့္တက္ပါတယ္။

ၾကာပြင့္ေတြလို အထပ္မမ်ားေသာ္လည္း ၾကာပြင့္နဲ႕ပုံစံတူတာေၾကာင့္ ကုမုျဒာၾကာဂမုန္းလို႔ ေခၚၾကတာျဖစ္ပါတယ္။

ကုမုျဒာၾကာဂမုန္းဟာ စီးပြားလာဘ္လာဘေတြ ျဖစ္ေစေသာ္လည္း မိသားစုအတြင္း ပဋိပကၡမၾကာခဏျဖစ္ပြားတက္ပါတယ္။သုေတသနလုပ္ေသူတြမွကုမုဒ္ၾကာဂမုန္းကိုစိုက္ပ်ိဳးေလ့လာခဲ့ရာ

မိသားစုတြင္းျပႆနာ မ်ိဳးစုံႀကဳံေတြ႕ရတယ္လို႔ ဆိုပါတယ္ကုမုျဒာၾကာဂမုန္းကိုႏုတ္ၿပီးစြန႔္ပစ္ခဲ့ခ်ိန္မွာေတာ့မိသားစုေသာကေတြၿငိမ္းေအးသြားခဲ့ တယ္လို႔ ဆိုပါတယ္။ဒါေၾကာင့္သငအိမ္တြင္းမွာ ကုမုျဒာၾကာဂမုန္းကို မစိုက္ပ်ိဳးဖို႔ အႀကံျပဳလိုက္ရပါတယ္။

crd