သားခြေရာတစ်တောင် မောင်မဲခေါင်နှင့် မိခင်ဖြစ်သူ ဖျာလိပ်နတ်မအောင်ဖြူ တို့ရဲ့ ဘဝဇာတ်ကြောင်း

ပုဂံပြည်ကျစွာမင်းကြီး နန်းစံသောချိန်အခါက ဖြစ်သည်။ အောက်မြို့ဒေသမြို့ သုံးမြို့ကို အပိုင်စားရသော သုံးမြို့ရှင်သည်။သာယာဝတီမြို့ကို တည်ရာတွင် မြို့ရိုးတံတိုင်း ထူ၍မရသောကြောင့် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းလေသည်။

ပုဏ္ဏားတို့က အောင်ပါသော တနင်္ဂနွေသမီးတစ်ယောက်ကို ဖျာလိပ်ကိုပွေ့လျက် သံခမောက်ဆောင်းကာ သပြေခက်ကို နားမှာပန်လျက် အချိန်အခါကျလျှင်။လာပါလိမ့်မည်၊ ယင်းတနင်္ဂနွေသမီးကိုစတေးပါက အောင်မြင်ပါလိမ့်မည်”ဟု လျှောက်တင်ကြလေသည်။

ထိုအခါ မင်းအမိန့်အရ မင်းမှုထမ်းတို့သည် ထိုနေရာတွင် အောင်ပါသော အမျိုးသမီးလာရာအရပ်ကို စောင့်မျှော်၍နေကြလေသည်၊ သုံးမြို့ရှင်၏တူတော်သူ။

ပညာဗလအမတ်သည် လူကြီးများက စေ့စပ်ပေစားသော မြို့ဝန်သမီးကိုမယူပဲ ရွာသူကြီးသမီး မအောင်ဖြူကိုသာယူသဖြင့် မြို့ဝန်မင်းသည် ပညာဗလအပေါ်မှာ အမျက်ထွက်ပြီး “တိုင်းပြည်ကို လုပ်ကြံလိမ့်မည်ဟု သတင်းလွှင့်၍ သုံးမြို့ရှင်ထံ ကုန်းချောစကား လျှောက်ထားလေသည်။

မြို့ဝန်၏စကားကိုယုံကြည်ပြီး သုံးမြို့ရှငျလည်း ပညာဗလကို ဖမ်းဆီးအကျဉ်းချထားသည်။ ထို့ပြင် ပညာဗလ၏ နှမ “မမင်းလှ”ကိုပါ ဖမ်းဆီးသိမ်းယူရန်။ကြံပြန်သည်။ မမင်းလှသည် ဦးရီးတော် သုံးမြို့ရှင်၏ပြုမှုချက်ကို မခံမရပ်နိုင် ဖြစ်ကာ ဦးရီးတော်၏ အသိမ်းပိုက်ကို မခံပဲ။

မိမိကိုယ်ကို အသက်အောင့်၍သေလိုက်ရာ သုံးပန်လှနတ် ဖြစ်သွားလေသည်။ ယင်းသုံးပန်လှနတ်သည် အပျိုဘဝ၌ ကွယ်လွန်သဖြင့် သမီးရည်းစားစုံတွဲ နေထိုင်မှုများ၊ အချစ်နှင့် ပတ်သက်သောကိစ္စများကို မကြိုက်ချေ။

မအောင်ဖြူသည် ယင်း၏ယောက်ျား ရာဇဝတ်သင့်သည်ဟု ကြား၍။ တွေ့ဆုံရန် လိုက်လာရာတွင် မြို့ပေါ်၌ ချက်ပြုတ်စားသောက်ရန်အတွက် သံဒယ်အိုးယူဆောင်လာပြီး အပူဒဏ်ကာသည့်အနေဖြင့် ထိုသံဒယ်ကို ခေါင်းတွင်ဆောင်းကာ အိပ်ရန်အတွက် ဖျာကို လိပ်ယူပိုက်ပြီး လိုက်လာလေသည်။

လမ်းခရီး၌တွေ့‌သော သပြေခက်အား ထည့်သွင်းကာ စတေးလေသည်၊ မစတေးမီ မအောင်ဖြူက အပြစ်မရှိသောမိမိအား စတေးသည့်အတွက် သာယာဝတီနယ်တွင် ဆင်ကောင်း မြင်းကောင်း မထွန်းကားပါစေနှင့် ထွန်းကားပါကလဲ အသေဆိုးပါစေ။ ဘုန်းကြီးသောယောင်္ကျား မပေါ်ပါစေနှင့် ပေါ်ခဲ့သည်ရှိသော် ငယ်ငယ်ရွယ်ရွယ်နှင့် အသေဆိုးပါစေ။

မိန်းမကောင်း မထွန်းကားပါစေနှင့် ထွန်းကားပါက ပြည့်တန်ဆာဖြစ်ပါစေ။ကြီးပွားတိုးတက်ခြင်းလည်း မရှိကြပါစေနှင့်ဟု ကျိန်စာဆိုသွားလေသည်။ ထို့ပြင်မိမိသည် လင်ကိုချစ်မြတ်နိုးရာ ဖြစ်လေရာ ဘဝတွင် လင်ယောက်ျားနှင့် ပေါင်းသင်းရပါစေသား”ဟူ၍လည်း ဆုတောင်းသွားလေသည်။

(ထို မအောင်ဖြူ၏ကျိန်စာကြောင့် သာယာဝတီနယ်သည် လူမိုက်များပေါများသည်ဟု ဆိုစမှတ်ပြုကြသည်။) မအောင်ဖြူသည် စတေးခံရ၍ သေဆုံးသောအခါ စိတ်ကြမ်းကိုယ်ကြမ်း ကျိန်ဆဲ၍သေရသောကြောင့် နောင်ဘဝတွင် ဘီလူးမဖြစ်သွားလေသည်။

ဘီလူးမဖြစ်သော အခါ ထောင်သွင်းအကျဉ်းချထားခြင်းခံရသော မိမိ ၏လင်ယောက်ျားကို တန်ခိုးဖြင့်ယူဆောင်၍ သူမပိုင်ဆိုင်ရာ နယ်ပယ်အတွင်းသို့ ခေါ်ဆောင်သွားပြီး အတူတကွ ပေါင်းသင်းနေထိုင်ကြလေသည်။မကြာခင် သားတစ်ယောက် မွေးဖွားလေသည်။

ထိုသားသည် ဘီလူးမနှင့်လူ သား ညား၍ ပေါက်ဖွားလာသောကြောင့် ခွန်အားဗလကြီးမားကာ အရွယ်ရောက်တဲ့ချိန်တွင် ခြေဖဝါးသည် တစ်တောင်ခန့်ရှိ၍ ယင်းကို ခြေရာတစ်တောင် မောင်မဲခေါင်ဟု ခေါ်တွင်လေသည်။ဆင်ကိုပင် ဖမ်း၍ အစွယ်ကိုချိုးနိုင်သော ခွန်အားဗလ စွမ်းရည်သတ္တိနှင့်လည်းပြည့်စုံလေသည်။

မောင်မဲခေါင်သည် ဖခင်၏ပြောပြချက်အရ လူသားများနေထိုင်ရာကို သွားချင်လှသည်ကတစ်ကြောင်း၊ မတော်ကလည်း ဘီ လူးမဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် ထိုနေရာတွင်။နေလိုစိတ်မရှိပေ၊ တစ်နေ့တွင် မယ်တော် ပြင်ပထွက်၍ အစာရှာနေခိုက် ဖခင်ကိုထမ်း၍ ထွက်ပြေးလေသည်။

မယ်တော်ဘီလူးမကလည်း ပြန်ရောက်၍ သိလျှင်သိချင်း လိုက်လေရာ သူပိုင်သောနယ်ပယ်ကို ကျော်သွားပြီဖြစ်သည့်အတွက် ဆက်လက် မလိုက်နိုင်တော့ပဲ။သားနှင့်လင်အတွက် အပူမီး တောက်လောင်ကာ ရင်ကွဲနာကျပြီး သေဆုံးလေသည်။ ဘီလူးမ ဘဝမှ သေဆုံးစဉ်ကို စိတ်စောနေ၍ လူ့ဘဝ မအောင်ဖြူ ဖြစ်စဉ်က ကျန်ရစ်ခဲ့သောဖျာလိပ်ကို သတိရစွဲလမ်းချက် ဥပါဒါန်ကြောင့် ဖျာလိပ်နတ် မအောင်ဖြူ ဖြစ်လာလေသည်။

ဖျာလိပ်နတ် မအောင်ဖြူသည် လင်နှင့် သားကိုစိတ်နာသောကြောင့် သူမကို တင်မြှောက်ပသသောအခါ ယောက်ျားများ ကိုင်တွယ်ပူဇော်ပသခြင်းမပြုရပေ။ မိန်းမများသာပူဇော်ပသရသည်။ ဖျာလိပ်နတ် မအောင်ဖြူတင်မြှောက်ရာတွင် ကန်တော့ပွဲ၌ ထည့်ရိုးထုံးစံဖြစ်။

အုန်း၊ ငှက်ပျောကိုထည့်ပြီး ပွဲရှေ့၌ ဖျာလိပ်သစ်တွင် ထဘီ၊ အင်္ကျီ၊ ဆံစု၊ ဘီးစသည်ဖြင့် လူကဲ့သို့ ဝတ်ဆင်လျက် ကျောက်ပြင်၊ သနပ်ခါးတုံး၊ မှန်တို့ဖြင့် အဆင်သင့် ထားပေးရသည်။

အပျိုအရွယ် မိန်းမပျိုကလေးများ ဆုံမိကြ သည့်အခါ မိမိရည်မှန်းထားသူနှင့်ပေါင်းသင်းရမှုမှန်ပါလျှင် မအောင်ဖြူ သခင်မကြီးက ဘယ်နှစ်ချက်ရိုက်ပြတော်မူပါဟု အပျော်အပါး ရယ်စရာမေး မြန်းကြလေ့ရှိသည်။

အမျိုးသမီးလောကတွင် ထင်ရှားသော နတ်တစ်ပါးဖြစ်လေသည်။ မအောင်ဖြူနတ်ဝင်ပါက ဖျာလိပ်ဘယ်ညာယိမ်း ပြသည်ဟု ယုံကြည်ကြလေသည်။ကြို့ပင်ကောက်မြို့သို့ ကြုံတုန်းကြုံခိုက် ရာက်ရှိပါက သွားရောက်လေ့လာနိုင်ပါကြောင်း..။

Credit – မူရင်း