တစ်ချိန်ကနာမည်ကြီးခဲ့သော ယောက်ျားမင်းသမီး ဦးအောင်ဗလ ခေါ် မယ်အောင်ဗလအကြောင်း

ယောက်ျားမင်းသမီးဦးအောင်ဗလခေါ် မယ်အောင်ဗလသည် မြန်မာဇာတ်သဘင်လောကတွင် အထူးပင် အတုယူလေးစားခြင်းခံရသော ပြည်သူ့ အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်သည်။

အောင်ဗလ

၁၉၅၀-ခုနှစ်က မင်းသမီးဝတ်စုံနဲ့ တွေ့မြင်ရသော မင်းသားကြီး

အောင်ဗလ မွေးဖွား

ဖေဖော်ဝါရီ ၁၈၊ ၁၈၈၃ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ ကွယ်လွန် နိုဝင်ဘာ ၂၂၊ ၁၉၁၃ (အသက်၃၀) အလုပ်အကိုင် သဘင်ပညာရှင် ကျော်ကြားမှုအရင်းခံ ယောက်ျား မင်းသမီး မယ်အောင်ဗလမိဘ (များ) ဦးလူကြီးနှင့် ဒေါ်မယ်ပွင့်

အောင်ဗလကို မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသော ဆင်ဖြူကျွန်းမြို့ မြောက်ပိုးတန်းရပ်ကွက်တွင် (၁၂၄၄) ခုနှစ် တပေါင်းလဆန်း (၁၃) ရက် တနင်္ဂနွေနေ့ နံနက် တစ်ချက်တီးအချိန်တွင် ဖွားမြင်သည်။

ဖခင်မှာ ကန်တော်ရွာသား ရုပ်သေးဆရာ ဦးလူကြီးဖြစ်၍ အမိမှာ ဒေါ်မယ်ပွင့် ဖြစ်သည်။ ဦးလူကြီးနှင့် ဒေါ်မယ်ပွင့်တို့တွင် သားကြီးကိုစံထွန်းဦး၊ သမီး မသင်းအုံ၊ မသင်းပုံတို့ကို ဖွားမြင်ပြီးနောက် သားငယ်အောင်ဗလကို ဖွားမြင်သည်။

ငယ်ဘဝ

အောင်ဗလ ခြောက်နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးလူကြီး ကွယ်လွန်သဖြင့် မိခင်ဖြစ်သူက ဆား၊ ငါးပိ စသည့် ရောင်းဝယ်လုပ်ကိုင်၍ သားဖြစ်သူကို ကြီးပြင်းအောင်မွေးမြူလေသည်။ သားငယ်အောင်ဗလအား အရွယ်ရောက်သော် ဘုန်းကြီးကျောင်းသို့ပို့အပ်၍ စာပေသင်ကြားစေသည်။

အောင်ဗလသည် အတီးအမှုတ် အကအခု ဝါသနာပါသည့် အလျောက် ကျောင်းသားဘဝကပင် ဂီတနှင့် သဘင်ပညာကို လိုက်စားခဲ့လေသည်။ ဦးလေးတော်သူ အရပ်သားဦးထွန်းဝထံတွင် ဗုံရှည်နှစ်လုံးအတီးသင်၊ အကသင်၍ အရပ်ယိမ်းများတွင် ပါဝင်ကပြလေ့ရှိသည်။

ဆရာဘုန်းတော်ကြီး ဦးလင်္ကာထံတွင် အပြေအဆို အငိုမှအစ လေ့လော သင်ကြား လိုက်စားခဲ့သည်။ (၁၀)နှစ်သားအရွယ်ခန့်မှ စ၍ ဇာတ်သဘင်လောကသို့ ဝင်ကာ မိခင်အား လုပ်ကျွေးပြုစုသည်။ ဆင်ဖြူကျွန်းမြို့တခွင် ကျေးရွာစဉ်များမှ ဘုရားပွဲ၊ နတ်ပွဲ၊ အလှူပွဲများတွင် အောင်ဗလမပါလျှင် ပွဲမဖြစ်သလောက်ပင် လူကြိုက်များခဲ့သည်။

သဘင်သည်ဘဝ

အောင်ဗလသည် နာမည်ကြီးမင်းသမီး မထွေးလေးထံမှ အဆို၊ အငို၊ အက သင်ခဲ့ဖူးသည်။ ရွှေရင်ဆို့ရုပ်သေးမင်းသမီးကြီး ဦးရွှေဖောင်၊ ဦးဖိုးကွန်းတို့ထံမှလည်း အပြော၊ အဆို၊ အငို၊ အမူ အရာမှအစ သင်ကြား ပညာယူခဲ့သည်။

မင်းသားကိုသန်းဆိုသူနှင့် တွဲကစဉ်က မြေဝိုင်းအနိမ့်သဘင်အဖြစ် ကပြခဲ့ရသည်။ အောက်နယ်သို့ဆင်းခဲ့ရာ ဟင်္သာတရောက်သောအခါ တွဲဖတ်ကပြရန် မင်းသမီး ကောင်းကောင်းရှာရင် ဟင်္သာ တ မြို့သို့ ဆိုက်ရောက်လာသောဦးဘိုးစိန်နှင့် တွေ့ကြလေသည်။

အောင်ဗလနှင့်အတူ နာမည်ကျော်လူပြတ် ကြုံတိုင်း၊ ဆင့်ဆံ၊ ကျော်ဇံ စသည်တို့လည်း ပါလာလေသည်။ အောင်ဗလနှင့် ဘိုးစိန်တို့ အတွဲသည် ဘက်ညီလှသဖြင့် နာမည်ထွက်လာလေသည်။

တွဲကခဲ့သောမင်းသားများမှာ ဦးဘိုးစိန်အပြင်၊ဦးစိန်ကတုံး၊ ဦးချစ်စရာ၊ ဦးစိန်ခို၊ ဧရာဝဏ် ဦးတင့်ကြီး၊ ဦးစိန်အုပ်၊ မောင်ထွန်းကြိုင်တို့ ဖြစ်ကြသည်။ အောင်ဗလသည် (၁၂၇၅) ခုနှစ်တွင် စိန်ကတုံးနှင့် တွဲကသည်။

ဘဝနိဂုံး

၁၂၇၅ ခုနှစ် မန္တလေးသို့ ဇာတ်ရွှေ့သွားရာ ဥပုသ်ကုန်း ပွဲစားကြီး ဦးဘိုးဆုံအိမ်တွင် ခေတ္တနေ၍ ကွမ်းခြံအရပ်တွင် တိုက်ငှားကာ ဇာတ်နားနေစဉ် မန္တလေး၊

ရန်ကုန်တို့မှ သမာအကျော်အမော်တို့ကို ပင့်ခေါ်ကုသ ပါသော်လည်း တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက် စနေနေ့ညနေ (၅) နာရီခွဲအချိန်တွင်မန္တလေးမြို့၌ကွယ်လွန်အနိစ္စရောက်သည်။

crd,ဝီကီပီးဒီးယား