အဲန်လူမျိုးတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီးတဝိုက်နဲ့ မိုင်းဖြတ်ဒေသတွေမှာ တွေ့နိုင်ပါတယ်။
များသောအားဖြင့်တော့ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတခုပါ။ အဲန်ရွာ စုစုပေါင်း ၄၀ ဝန်းကျင်သာရှိပြီး အဲန် လူဦးရေ ၅၀၀၀ ဝန်းကျင် ရှိကြောင်းသိရပါတယ်။
အဲန်တွေက ဝေလံခေါင်ဖျားတဲ့ နေရာမှာပဲ နေထိုင်ကြပါတယ်။ ရွာတရွာမှာ ရွာသူကြီး ရှိပြီး ခွန်ဆောင် လို့ခေါ်တဲ့ နတ်ဆရာလည်းရှိပါတယ်။ သူတို့တွေက အလှည့်ကျ စနစ်နဲ့ တာဝန်ထမ်းဆောင်ကြပါတယ်။
အဲန်တွေရဲ့သွားဟာ ဘာကြောင့် မည်းနေသလဲဆိုတော့ အဲန်တွေက သွားမည်းစေဖို့အတွက် မိုက်ကော်ရဲ့အခေါက်က ထွက်လာတဲ့ မှိုင်းဆီကို ယူပြီး သွားကို သုတ်လိမ်းပေးရတယ်လို့ အဲန်လူမျိုး အမျိုးသမီး အီ က ပြောပါတယ်။
“သွားမည်း လုပ်ခါစဆိုရင် တနေ့ ၂ ကြိမ်သုတ်လိမ်းရပါတယ်။ အမည်းရောင် သွားကို ကပ်ပြီးသွားပြီဆိုရင် တပတ် တကြိမ်ပဲ ဆက်လုပ်ရပါတယ်” လို့ အီ က ဆိုပါတယ်။
သွားမည်းအောင် လုပ်ရခြင်းရဲ့ အကြောင်းရင်းကတော့ လူပျိုအပျိုဖော် ဝင်ပြီး အိမ်ထောင်ပြုဖို့ အရွယ်ရောက် လာတဲ့ အချိန်မှာ ခံတွင်းနံ့မနံအောင်ရယ်၊ သွားကိုက်လာတဲ့အခါ မှိုင်းဆီ သုတ်လိမ်းလိုက်ရင် သွားနာတာ သက်သာတာ ကြောင့်လို့ သိရပါတယ်။
သူတို့တွေက သွားမည်းတာကို ဂုဏ်ယူသလို အရင်တုန်းကဆိုရင် အဲန်လူမျိုးတွေ သွားမည်း မလုပ်ထားရင် အဲန်လူမျိုးလို့ မသတ်မှတ်ကြဘူးလို့လည်း သိရပါတယ်။ သွားမည်းကို အသက် ၁၂၊ ၁၃ အရွယ် အပျို၊ လူပျိုဖော် ဝင်ခါစမှာ လုပ်ကြကြောင်း၊ အမျိုးသား၊ အမျိုးသမီး အားလုံး နားဖောက်ကြကြောင်းလည်း နမ့်လင်းမိုင် ကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။
အဲန်ရွာရဲ့ ဓလေ့တခုကတော့ တောင်ယာစိုက်ပျိုးမှုက ရလာတဲ့ ဆန်ကို ပွဲတော်ကျင်းပဖို့အတွက် ရွာ လယ်ခေါင်မှာ လာရောက် စုပုံကြတယ်လို့လည်း သိရပါတယ်။ “ကျမတို့ဆီမှာ ရလာတဲ့ဆန်ကို ဘုံသဘောနဲ့ စုရတယ်။
အဲဒီဆန်နဲ့ ပွဲတော်ကျင်းပရင် သုံးတယ်။ နောက် စားစရာ မရှိတဲ့သူဆိုရင် လာယူသုံးလို့ရတယ်” လို့ အဲန်အမျိုးသမီး အီက ဆိုပါတယ်။ အဲန်ရွာမှာ နေထိုင်တဲ့ သူတွေက ရွာထဲမှာ ငွေကြေးသုံးစွဲမှု မရှိကြသလို၊ လိုအပ်တာကိုလည်း မျှဝေသုံးစွဲတာတွေ လက်ရှိ အချိန်ထိ ရှိနေဆဲပါ။
ကိုးကား- နန်းဆိုင်နွမ်, နော်ဂဲလယ်ထူး (စာပေပရဟိတ)
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
အဲန္လူမ်ိဳးေတြကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕အနီးတဝိုက္နဲ႕ မိုင္းျဖတ္ေဒသေတြမွာ ေတြ႕နိုင္ပါတယ္။
မ်ားေသာအားျဖင့္ေတာ့ မိရိုးဖလာ နတ္ကိုးကြယ္ၾကတဲ့ လူမ်ိဳးစုတခုပါ။ အဲန္႐ြာ စုစုေပါင္း ၄၀ ဝန္းက်င္သာရွိၿပီး အဲန္ လူဦးေရ ၅၀၀၀ ဝန္းက်င္ ရွိေၾကာင္းသိရပါတယ္။
အဲန္ေတြက ေဝလံေခါင္ဖ်ားတဲ့ ေနရာမွာပဲ ေနထိုင္ၾကပါတယ္။ ႐ြာတ႐ြာမွာ ႐ြာသူႀကီး ရွိၿပီး ခြန္ေဆာင္ လို႔ေခၚတဲ့ နတ္ဆရာလည္းရွိပါတယ္။ သူတို႔ေတြက အလွည့္က် စနစ္နဲ႕ တာဝန္ထမ္းေဆာင္ၾကပါတယ္။
အဲန္ေတြရဲ႕သြားဟာ ဘာေၾကာင့္ မည္းေနသလဲဆိုေတာ့ အဲန္ေတြက သြားမည္းေစဖို႔အတြက္ မိုက္ေကာ္ရဲ႕အေခါက္က ထြက္လာတဲ့ မွိုင္းဆီကို ယူၿပီး သြားကို သုတ္လိမ္းေပးရတယ္လို႔ အဲန္လူမ်ိဳး အမ်ိဳးသမီး အီ က ေျပာပါတယ္။
သြားမည္း လုပ္ခါစဆိုရင္ တေန႕ ၂ ႀကိမ္သုတ္လိမ္းရပါတယ္။ အမည္းေရာင္ သြားကို ကပ္ၿပီးသြားၿပီဆိုရင္ တပတ္ တႀကိမ္ပဲ ဆက္လုပ္ရပါတယ္ လို႔ အီ က ဆိုပါတယ္။
သြားမည္းေအာင္ လုပ္ရျခင္းရဲ႕ အေၾကာင္းရင္းကေတာ့ လူပ်ိဳအပ်ိဳေဖာ္ ဝင္ၿပီး အိမ္ေထာင္ျပဳဖို႔ အ႐ြယ္ေရာက္ လာတဲ့ အခ်ိန္မွာ ခံတြင္းနံ႕မနံေအာင္ရယ္၊ သြားကိုက္လာတဲ့အခါ မွိုင္းဆီ သုတ္လိမ္းလိုက္ရင္ သြားနာတာ သက္သာတာ ေၾကာင့္လို႔ သိရပါတယ္။
သူတို႔ေတြက သြားမည္းတာကို ဂုဏ္ယူသလို အရင္တုန္းကဆိုရင္ အဲန္လူမ်ိဳးေတြ သြားမည္း မလုပ္ထားရင္ အဲန္လူမ်ိဳးလို႔ မသတ္မွတ္ၾကဘူးလို႔လည္း သိရပါတယ္။ သြားမည္းကို အသက္ ၁၂၊ ၁၃ အ႐ြယ္ အပ်ိဳ၊ လူပ်ိဳေဖာ္ ဝင္ခါစမွာ လုပ္ၾကေၾကာင္း၊ အမ်ိဳးသား၊ အမ်ိဳးသမီး အားလုံး နားေဖာက္ၾကေၾကာင္းလည္း နမ့္လင္းမိုင္ ေက်း႐ြာမွာ ေနထိုင္သူေတြက ေျပာပါတယ္။
အဲန္႐ြာရဲ႕ ဓေလ့တခုကေတာ့ ေတာင္ယာစိုက္ပ်ိဳးမႈက ရလာတဲ့ ဆန္ကို ပြဲေတာ္က်င္းပဖို႔အတြက္ ႐ြာ လယ္ေခါင္မွာ လာေရာက္ စုပုံၾကတယ္လို႔လည္း သိရပါတယ္။ က်မတို႔ဆီမွာ ရလာတဲ့ဆန္ကို ဘုံသေဘာနဲ႕ စုရတယ္။
အဲဒီဆန္နဲ႕ ပြဲေတာ္က်င္းပရင္ သုံးတယ္။ ေနာက္ စားစရာ မရွိတဲ့သူဆိုရင္ လာယူသုံးလို႔ရတယ္ လို႔ အဲန္အမ်ိဳးသမီး အီက ဆိုပါတယ္။ အဲန္႐ြာမွာ ေနထိုင္တဲ့ သူေတြက ႐ြာထဲမွာ ေငြေၾကးသုံးစြဲမႈ မရွိၾကသလို၊ လိုအပ္တာကိုလည္း မွ်ေဝသုံးစြဲတာေတြ လက္ရွိ အခ်ိန္ထိ ရွိေနဆဲပါ။
ကိုးကား- နန္းဆိုင္ႏြမ္, ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)