အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေး ဖြစ်ပါတယ်။
အိမ်မြောင် စုတ်ထိုးသံကြားရတဲ့အခါအများစုက မသိသလိုပဲ နေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့ နေရာအပေါ် မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြ ပါတယ်။
ဒါဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများကလည်း ဒီလိုပဲ ယုံကြည်ထားကြပါတယ်။
ဖိလစ်ပိုင်မှာတော့ အိမ်မြောင် စုတ်ထိုးသံကြားရပြီ ဆိုရင်အန္တရာယ်များတဲ့လူ ဒါမှမဟုတ် စာ ရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့ နေရာပေါ် မူတည်ပြီးကံဆိုးခြင်းနိမိတ်၊ ကံကောင်းခြင်းနိမိတ်ကို ခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည် ထားကြပါတယ်။
ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းအိမ်မြောင်စုတ်ထိုးသံနဲ့ ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြ ပါတယ်။
လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြား ထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာ အရပ်ကိုမူတည်ပြီး ကောင်းခြင်း၊ ဆိုးခြင်း နိမိတ်ကို သတ်မှတ်ထားကြပါတယ်။
ဒီ အကြောင်းလေးကို ပရိသတ်ကြီး ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင်… ရွေငွေ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီး အနောက်အရပ်မှစုပ်ထိုးလျှင် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မယ်လို့ဆိုကြပါတယ်။
တောင်အရပ်မှ စုတ်ထိုးရင် ခြေနှစ်ချောင်း ဝင်စရာရှိပြီး မြောက်အရပ်မှ စုတ်ထိုးရင်တော့ ချီးမြှောက်ခံရမယ်လို့ ဆိုကြပါတယ်။
ဦးခေါင်း တည့်တည့်အပေါ်မှ အိမ်မြောင် စုတ်ထိုးသံ ကြားရရင်တော့ ရာထူးလာဘ်လာဘ ဒီရေအလား တိုးတက်မယ်လို့ သိရပါတယ်။
အိမ် ရှိ မီးဖိုချောင်မှာ နေဝင်ချိန် အိမ်မြောင်စုတ်ထိုးသံ ကြားရရင်တော့ ဒါစားသောက်ဖွယ်ရာ ပစ္စည်းများ ပေါများပြည့်လျံမယ့် နမိတ်ဖြစ်ပါတယ်။
အိမ်ရှေ့ခန်းမှာ စုတ်ထိုးတဲ့အခါ မင်းစိုးရာဇာကိစ္စနဲ့ စကားများတတ်ပြီး အိမ်လယ်ခန်းက စုတ်ထိုးတဲ့အခါ သားသမီးကိစ္စဘစကားပြောတတ်တယ်လို့ သိရပါတယ်။ အိမ်ခန်းထဲက ထိုးတဲ့အခါလင်မယား စကားများရန်ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။
အချို့အိမ်မြှောင်စုတ်ထိုးသံကို ၂ရက် ၃ရက်မှ တစ်ကြိမ်ကြားရပြီ ဆိုရင်တော့ “ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟု မေတ္တာ ပို့ပေးသင့်တယ်လို့ သိရပါတယ်။
တစ်နေ့တည်း လေးငါးကြိမ် မက အခါခါ စုတ်ထိုးရင်တော့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ကိစ္စ၊ဆ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စ စိုးရိမ်ရတတ်တယ်လို့ အယူရှိကြပါတယ်။
crd