မြန်မာပြည်မှာ ခြံစည်းရိုးအဖြစ် သုံးနေကြတဲ့ အဝိုင်း‌ပေါက် အပြားလေးတွေရဲ့ သမိုင်းကြောင်း

M8 landing mat ဆိုတာ အရေးပေါ်လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးတဲ့ အပြားတွေဖြစ်ပါတယ်။

M8 PSP (pierced steel planking) ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာအမေရိကန်အင်ဂျင်နီယာတွေက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

မြေသားပြေးလမ်းပေါ်မှာ အတက်အဆင်း လုပ်တဲ့အခါ မြေသား မညီညာတာတွေ၊ ပျော့ဝင် ကျွံဝင်တာတွေဖြစ်တတ်တဲ့အတွက်ပြေးလမ်းကို ညီညာမာကျောအောင် အမြန်ဆုံးလုပ်နိုင်မဲ့နည်းကို တီထွင်ရင်း M8 landing mat ကို တွေ့ရှိထုတ်လုပ်နိုင်ခဲ့ပါတယ်။

M8 landing mat အပြားတစ်ပြားဟာ ၁၀ ပေ ရှည်ပြီး ၁၅ လက်မ ကျယ်ပါတယ်။အပေါက် ၂၉ ပေါက်ပါ အတန်း ၃ တန်း ပါဝင်လို့ စုစုပေါင်း ၈၇ ပေါက် ပါဝင်ပါတယ်။

ဘေးပါတ်လည်မှာ တပြားနဲ့ တပြားချိတ်ဆက်လို့ရအောင် အဖို အမငုတ်တွေ ပါဝင်ပါတယ်။

အပေါက်တွေဖောက်ထားတာက အလေးချိန်နည်းအောင်နဲ့ အပေါက်တွေရဲ့ တဖက်ကို အနားစ ရှည်ထွက်ထားခြင်းအားဖြင့် မြေပြင်မှာ ထိတဲ့အခါ မြေကြီးနဲ့ ငုတ်သဖွယ် ချိတ်မိနေအောင် ဖြစ်ပါတယ်။

ပေ ၅၀၀၀ ပြေးလမ်းတစ်ခုကို အင်ဂျင်နီယာအနည်းငယ်နဲ့ ၂ ရက်အတွင်း ခင်းနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ M8 landing mat တန်ချိန် ၂ သန်းခန့် ထုတ်လုပ်ခဲ့ပါတယ်။

ပစိဖိတ်စစ်မျက်နှာ၊ နော်မန်ဒီကမ်းတက်ပြီးချိန်မှာ ဥရောပ စစ်မျက်နှာတွေမှာ အသုံးပြုခဲ့ပါတယ်။ ဗီယက်နမ်စစ်မှာတော့ အမေရိကန်တွေဟာ ဖုန်တွေသဲတွေ လေယာဉ်အင်ဂျင်ထဲ မဝင်အောင်M8A1 landing mat ကို အပေါက်တွေမပါဘဲ ထုတ်လုပ်ခဲ့ပါတယ်။

စစ်ပြီးကာလမှာတော့ လေယာဉ်ပြေးလမ်းမသုံးတော့တဲ့အတွက် လူနေအိမ်ခြံစည်းရိုးတွေ၊ အကာတွေ အဖြစ် သုံးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ခြံစည်းရိုးအဖြစ်သုံးနေကြတာ တွေ့ရပါတယ်။

Credit

Zawgyi
M8 landing mat ဆိုတာ အေရးေပၚေလယာဥ္ကြင္းေတြမွာ ေျပးလမ္းကို အျမန္ခင္းနိုင္ေအာင္ သုံးတဲ့ အျပားေတြျဖစ္ပါတယ္။

M8 PSP (pierced steel planking) ဒုတိယကမၻာစစ္ႀကီးအတြင္းမွာအေမရိကန္အင္ဂ်င္နီယာေတြက စတင္တီထြင္ခဲ့တာ ျဖစ္ပါတယ္။

ေျမသားေျပးလမ္းေပၚမွာ အတက္အဆင္း လုပ္တဲ့အခါ ေျမသား မညီညာတာေတြ၊ ေပ်ာ့ဝင္ ကြၽံဝင္တာေတြျဖစ္တတ္တဲ့အတြက္ေျပးလမ္းကို ညီညာမာေက်ာေအာင္ အျမန္ဆုံးလုပ္နိုင္မဲ့နည္းကို တီထြင္ရင္း M8 landing mat ကို ေတြ႕ရွိထုတ္လုပ္နိုင္ခဲ့ပါတယ္။

M8 landing mat အျပားတစ္ျပားဟာ ၁၀ ေပ ရွည္ၿပီး ၁၅ လက္မ က်ယ္ပါတယ္။အေပါက္ ၂၉ ေပါက္ပါ အတန္း ၃ တန္း ပါဝင္လို႔ စုစုေပါင္း ၈၇ ေပါက္ ပါဝင္ပါတယ္။

ေဘးပါတ္လည္မွာ တျပားနဲ႕ တျပားခ်ိတ္ဆက္လို႔ရေအာင္ အဖို အမငုတ္ေတြ ပါဝင္ပါတယ္။

အေပါက္ေတြေဖာက္ထားတာက အေလးခ်ိန္နည္းေအာင္နဲ႕ အေပါက္ေတြရဲ႕ တဖက္ကို အနားစ ရွည္ထြက္ထားျခင္းအားျဖင့္ ေျမျပင္မွာ ထိတဲ့အခါ ေျမႀကီးနဲ႕ ငုတ္သဖြယ္ ခ်ိတ္မိေနေအာင္ ျဖစ္ပါတယ္။

ေပ ၅၀၀၀ ေျပးလမ္းတစ္ခုကို အင္ဂ်င္နီယာအနည္းငယ္နဲ႕ ၂ ရက္အတြင္း ခင္းနိုင္ပါတယ္။ ဒုတိယကမၻာစစ္အတြင္းမွာ M8 landing mat တန္ခ်ိန္ ၂ သန္းခန႔္ ထုတ္လုပ္ခဲ့ပါတယ္။

ပစိဖိတ္စစ္မ်က္ႏွာ၊ ေနာ္မန္ဒီကမ္းတက္ၿပီးခ်ိန္မွာ ဥေရာပ စစ္မ်က္ႏွာေတြမွာ အသုံးျပဳခဲ့ပါတယ္။ ဗီယက္နမ္စစ္မွာေတာ့ အေမရိကန္ေတြဟာ ဖုန္ေတြသဲေတြ ေလယာဥ္အင္ဂ်င္ထဲ မဝင္ေအာင္M8A1 landing mat ကို အေပါက္ေတြမပါဘဲ ထုတ္လုပ္ခဲ့ပါတယ္။

စစ္ၿပီးကာလမွာေတာ့ ေလယာဥ္ေျပးလမ္းမသုံးေတာ့တဲ့အတြက္ လူေနအိမ္ၿခံစည္းရိုးေတြ၊ အကာေတြ အျဖစ္ သုံးခဲ့ၾကပါတယ္။

ျမန္မာနိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ၿခံစည္းရိုးအျဖစ္သုံးေနၾကတာ ေတြ႕ရပါတယ္။

Credit