ဝိသမာလောဘသားများရဲ့ နွားနို့ အတုလုပ်နည်းများနှင့် ဘာတွေ ရောနှောထားတယ်ဆိုတာ…( ကြောက်စရာပါလားနော်…)

နွားနို့ ထဲကို ဝိသမလောဘသား ထုတ်လုပ်သူတွေက ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကို အရင် တင်ပြပါရစေ။

ပထမဆုံး အရာကတော့ နွားနို့အတု ဖြစ်ပါတယ်။ နွားနို့လုံးဝ မပါတဲ့ အတွက် ဈေး အပေါဆုံးနည်းမို့ အသုံး အများဆုံး ဖြစ်ပါတယ်။

နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူရောင်ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။

ထည့်ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ် အပေးဆုံးမို့ အန္တရာယ်အများဆုံးလဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ ဒီနည်းက နွားနို့များများ ပွားစေပြီး ရောတဲ့ ရေမသန့်ပါက လူကို အန္တရာယ် ပေးပါတယ်။

နောက်တစ်နည်းကတော့ အဝတ်လျှော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ်။ အဲဒီ နည်းက အမြှုပ်ထစေတဲ့ အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါတယ်။ များများ စားသုံး မိပါက အဝတ်လျှော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ ကျောက်ကပ် ကို ဒုက္ခပေးပါတယ်။

နောက်တစ်မျိုးကတော့ နွားနို့ကို အထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထည့်တာ ပါဘဲ။

နောက်ဆုံးတစ်မျိုးကတော့ နွားနို့ထဲကို အမိုးနီယား (Ammonium Sulphate) ထည့်တာပါဘဲ။ ဒီနည်းက နွားနို့ကို ပျစ်စေ၊ လေးစေပြီး…

နွားနို့စံချိန်စစ်တဲ့ ကိရိယာ (Lactometer) ကတောင် ရံဖန်ရံခါ ဖတ်ဖို့ ခက်ခဲတဲ့ အတွက် ခွဲခြားဖို့ အခက်ခဲဆုံးအရာဘဲ ဖြစ်ပါတယ်။

(နွားနို့ရောင်းချသူ အားလုံး ကို မဆိုလိုပါဘူး)အခု နွားနို့ကို ဘယ်လိုရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လိုစစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြသွားပါမယ်။

အများစုသောအရာတွေက ဓါတ်ခွဲစစ်ဆေးမှ သိနိုင်တာမို့ ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ်။

ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ကို ရေရောမရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုးပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က ရေလို မြန်မြန် စီးသွားတယ်ဆိုရင်တာ့ ရေပါပြီပေါ့ရှင်။

နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်းမစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ။ အဲဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင်။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများ ကို ခန့်မှန်းလို့ ရနိုင် ပါတယ်ရှင်။

နောက်တစ်နည်းဖြစ်တဲ့ ဆပ်ပြာရည်ရောထားတဲ့နွားနို့ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါလိမ့်မယ်။

နောက်ဆုံးနည်းကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်း ဖယ်ထားပြီး ကျန်တာကို အပူပေးပြီးရင် အရောင်ချင်းယှဉ်ကြည့်ပါ။ လိုအပ်တာထက် ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီပေါ့ရှင်။

Crd,
Zawgyi
ႏြားနို႔ ထဲကို ဝိသမေလာဘသား ထုတ္လုပ္သူေတြက ဘာေတြ ေရာႏွောတတ္သလဲ ဆိုတာေလးကို အရင္ တင္ျပပါရေစ။

ပထမဆုံး အရာကေတာ့ ႏြားနို႔အတု ျဖစ္ပါတယ္။ ႏြားနို႔လုံးဝ မပါတဲ့ အတြက္ ေဈး အေပါဆုံးနည္းမို႔ အသုံး အမ်ားဆုံး ျဖစ္ပါတယ္။

ႏြားနို႔ အတုအထဲမွာ ဘာေတြပါသလဲဆိုေတာ့ အစစ္နဲ႕ တူေအာင္ ယူရီးယား၊ Starch (ေကာ္မႈန႔္)၊ ေပါင္ဒါသၾကား၊ ေဆာ္ဒါ၊ စားအုန္းဆီ၊ အျဖဴေရာင္ေရေဆးနဲ႕ ပ်စ္ေအာင္ ေခါင္းေလ်ာ္ရည္ကို အခ်ိန္နဲ႕ ထည့္ၾကပါတယ္။

ထည့္ထားတဲ့ ပစၥည္းေတြက လူကို ဥပါဒ္ အေပးဆုံးမို႔ အႏၱရာယ္အမ်ားဆုံးလဲ ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ကြၽန္မတို႔ အေတာ္မ်ားမ်ား သိၾကတဲ့ ေရေရာတာဘဲ ျဖစ္ပါတယ္။ ဒီနည္းက ႏြားနို႔မ်ားမ်ား ပြားေစၿပီး ေရာတဲ့ ေရမသန႔္ပါက လူကို အႏၱရာယ္ ေပးပါတယ္။

ေနာက္တစ္နည္းကေတာ့ အဝတ္ေလွ်ာ္ ဆပ္ျပာရည္ ေရာတာဘဲ ျဖစ္ပါတယ္။ အဲဒီ နည္းက အျမႇုပ္ထေစတဲ့ အတြက္ ႏြားနို႔ကို ျပစ္သေရာင္ ထင္ရေအာင္ ျဖစ္ပါတယ္။ မ်ားမ်ား စားသုံး မိပါက အဝတ္ေလွ်ာ္ ဆပ္ျပာေၾကာင့္ အူလမ္းေၾကာင္းနဲ႕ ေက်ာက္ကပ္ ကို ဒုကၡေပးပါတယ္။

ေနာက္တစ္မ်ိဳးကေတာ့ ႏြားနို႔ကို အထားခံေအာင္ Benzoin Acid, Salicylic Acid နဲ႕ ေဖာ္မလင္ (Formalin) စတာေတြကို ထည့္တာ ပါဘဲ။

ေနာက္ဆုံးတစ္မ်ိဳးကေတာ့ ႏြားနို႔ထဲကို အမိုးနီယား (Ammonium Sulphate) ထည့္တာပါဘဲ။ ဒီနည္းက ႏြားနို႔ကို ပ်စ္ေစ၊ ေလးေစၿပီး

ႏြားနို႔စံခ်ိန္စစ္တဲ့ ကိရိယာ (Lactometer) ကေတာင္ ရံဖန္ရံခါ ဖတ္ဖို႔ ခက္ခဲတဲ့ အတြက္ ခြဲျခားဖို႔ အခက္ခဲဆုံးအရာဘဲ ျဖစ္ပါတယ္။

(ႏြားနို႔ေရာင္းခ်သဴ အားလုံး ကို မဆိုလိုပါဘူး)အခု ႏြားနို႔ကို ဘယ္လိုေရာႏွောတတ္တဲ့ အေၾကာင္းကို ေျပာၿပီးၿပီမို႔ သူတို႔ကို ဘယ္လိုစစ္ေဆးနိုင္သလဲ ဆိုတာေလးကို တင္ျပသြားပါမယ္။

အမ်ားစုေသာအရာေတြက ဓါတ္ခြဲစစ္ေဆးမွ သိနိုင္တာမို႔ ဓါတ္ခြဲခန္းသုံး ပစၥည္းကိရိယာေတြ မပါဘဲ စားသုံးသူတို႔ မ်က္စိနဲ႕ စစ္ေဆးနိုင္တဲ့ နည္းလမ္းေတြကို ေ႐ြးခ်ယ္ၿပီး တင္ျပလိုက္ပါတယ္။

ပထမဆုံးနည္းကေတာ့ ကိုယ္ဝယ္ထားတဲ့ ႏြားနို႔ကို ေရေရာမေရာသိခ်င္ရင္ေတာ့ ႏြားနို႔ကို ေခ်ာတဲ့ မ်က္ႏွာျပင္ မွန္လိုဟာမ်ိဳးေပၚမွာ အစက္ခ်ၿပီး မွန္ကို နည္းနည္းမတ္လိုက္လို႔ ႏြားနို႔က ေရလို ျမန္ျမန္ စီးသြားတယ္ဆိုရင္တာ့ ေရပါၿပီေပါ့ရွင္။

ႏြားနို႔အစစ္က ေရထက္ေလးေတာ့ ခ်က္ခ်င္းမစီးဘဲ ေျဖးေျဖးခ်င္း စီးရမယ္ေလ။ အဲဒီလို မစီးရင္ေတာ့ ေရေရာၿပီေပါ့ရွင္။ စီးက်ႏႈန္းကို ၾကည့္ၿပီး ေရာတဲ့ေရ အနည္းအမ်ား ကို ခန႔္မွန္းလို႔ ရနိုင္ ပါတယ္ရွင္။

ေနာက္တစ္နည္းျဖစ္တဲ့ ဆပ္ျပာရည္ေရာထားတဲ့ႏြားနို႔ကေတာ့ ေသာက္ရင္ ခါးသက္သက္ အရသာရွိၿပီး ႏြားနို႔ကို လက္ညွိုးနဲ႕ လက္မၾကား ပြတ္ၾကည့္ရင္ ဆပ္ျပာလို ေခ်ာက်ိက်ိ ေနတာကို ေတြ႕ရပါလိမ့္မယ္။

ေနာက္ဆုံးနည္းကေတာ့ ဝယ္ထားတဲ့ ႏြားနို႔ကို အပူမေပးခင္မွာ နည္းနည္း ဖယ္ထားၿပီး က်န္တာကို အပူေပးၿပီးရင္ အေရာင္ခ်င္းယွဥ္ၾကည့္ပါ။ လိုအပ္တာထက္ ပိုတဲ့ အဝါေရာင္ကို ေျပာင္းသြားရင္ေတာ့ ႏြားနို႔ မစစ္တာ ေသခ်ာၿပီေပါ့ရွင္။

Crd