ရှေးမြန်မာ ရာဇဝင်တွေ ထဲက ကလေးစစ်သားများ အကြောင်း
ကလေးစစ် သည်တော်ဟုဆိုခြင်းမှာ ယခုခေတ်တွင် စစ်တပ်က အသက် ၁၈နှစ် မပြည့်သေး သူများကို မိဘများလက်ထံပြန်လည်အ ပ်နှံတယ်ဆို တာပါ။ အသက် ၁၈နှစ် မပြည့်သေးဘဲ စစ်မှုထမ်းခဲ့ ရင်လည်း ကလေးစ စ်သားလို့ ဆိုသည်။
ဒါကြောင့် ရာဇဝင်ထဲက ၁၈နှစ်မပြ ည့်သေးဘဲ စစ်ထွက်ခဲ့တဲ့ သူရဲကော င်းတွေကို သတိရလို့ ဖော်ပြလိုက် ပါတယ်.။
ဖော်ပြပါ အသက်ငယ်ဆုံးသူရဲကောင်းများပင်လျှင် သက်တော်၁၃နှစ် နှင့် စစ်ရေးအော င်နိုင်၍ ရဲစွမ်းသတ္တိနှ င့်ပြည့်စုံသော မြန်မာပြည်ရဲ့ သမိုင်းတင်ဂုဏ် ယူစရာ သူရဲကောင်းများ ပင်ဖြစ်ပေသည်။
(၁) မင်းရဲကျော်စွာ
အင်းဝဘုရင် မင်းခေါင်၏ သားတော် ဖြစ်သည်။ ၎င်းအသက် ၁၃ နှစ်အရွယ်တွင် ရခိုင်ဘုရင် ထောရာကြီးက မြန်မာပိုင်နယ်များကို ထိပါးလာသဖြင့် စစ်တပ်ကြီးချီကာ သွားရောက်တို က်ခိုက်ခဲ့သည်။ ပထမဆုံး စစ်ပွဲမှာပင် ရခိုင်ဘုရင်ေ ထာရာကြီးခေါင်းကို ကိုယ်တိုင်ဖြတ်ကာ စစ်ရေးနို င်ခဲ့တယ်။
နားနေချိန်တွင် သူငယ်ဖော်များနှင့် ကျည်းသားရိုက်ကာ ဆော့ကစားပြီး စစ်မြေပြင်တွင် ရဲရဲတောက်အ စွမ်းပြခဲ့သော ကလေးဗိုလ်ချုပ် (စစ်သေနာပတိချူပ်)ဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ပွဲတွင် သုရှင်ရာဇာဓိ ရာဇ်အား အိပ်မက်ဆိုးများဖြင့် ခြောက်ခြားစေခဲ့သူလည်းဖြစ်သည်။မြန်မာပြည်ရဲ့အသက်ငယ်ဆုံးစစ်ဘုရင် စစ်သေနာပတိချူပ်ဖြစ်သည်။
(၂) နန္ဒဘုရင်
ဘုရင့်နော င်မင်းတြားကြီး၏ သားတော်ဖြစ်သည်။ ငယ်မည်မှာ ဇေယျသီဟ ဖြစ်သည်။ ၎င်းအသက် ၁၃ နှစ်တွင် ဦးရီးတော် တပင်ရွှေထီး၏ ယိုးဒယားချီ စစ်တွင် ပါဝင်ခဲ့သည်။ ထိုစဉ်က သျှောင်ထုံးရအောင်ပင် ဆံပင်မရှည်သေး၍ ကြက်တောင်စည်း အပေါ်တွင် မောက် ရှည်ကို အပေါက်ဖောက်ကာ ဝတ်ဆင်ခဲ့သည်။
ယိုးဒယားဘုရင်၏ သားမက်တော် ဆင်ကို လှည့်ပြေးအောင် အစွမ်းပြနိုင်ခဲ့၍ တပင်ရွှေထီးက “ငါ့တူတော်သည် အင်းဝမ င်းခေါင်သား မင်းရဲကျော်စွာကဲ့သို့ ရဲရင့်လှသည်” ဟုဆိုကာ မင်းရဲကျော်စွာဘွဲ့ချီးမြင့်ခဲ့သည်။
(၃) နတ်သျှင်နောင်
ဘုရင့်နောင်မင်းတြားကြီး၏ မြေးတော်ဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် ခမည်းတော် တောင်ငူမင်းနှင့်အတူ နန္ဒဘုရင်၏ ယိုးဒယားစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
နန္ဒဘုရင်၏ စစ်မှုး ဗိုလ်မှုးများကပင် အလေးထား အားကိုးခဲ့သူဖြစ်သည်။ ယိုးဒယားဘုရင် ဗြနရာဇ်ကို နောက်ကြောင်းပြန်လှည့်ပြေးအောင် ရဲရင့်စွာ မောင်းထုတ်နိုင်ခဲ့သူလည်းဖြစ်သည်။
(၄) ငထင်ငယ်
ပြည်ဘုရင် ရန်နိုင်စား၏ ကျွန်ရင်း ဖြစ်သည်။ ၎င်းအသက် ၁၃နှစ်တွင် အနောက်ဘက်လွန်မင်း၏ တပ်များ ပြည်မြို့ကို ထိုးဖောက်တိုက်ခိုက်ရာ သခင်၏ ပလ္လင်ရင်းမှ မခွာဘဲ ဓါးနှစ်ချောင်းကို ကိုင်စွဲကာ ကာကွ ယ်ပေးခဲ့သူဖြစ်သည်။ ဦးရီးတော် ဘယာကာမဏိက “ဟယ် ငထင်၊ လူပျိုလူရွယ်ပီသပေသည်။
တမြို့လုံး သူ့လူတွေချည် ဖြစ်ကုန်ပြီ၊ ခုခံနေသော်လည်းအချည်းနှီး” ဟု ဟစ်အော်၍ လက်နက်ချခိုင်းသည့်အခါမှ “သူ့ဆန်စား၍ ရဲရတော့သည်”ဟုဆိုကာ လက်နက်ချခဲ့သူဖြစ်သည်။
Crd,မူရင်း
Zawgyi
(၁) မင်းရဲကျော်စွာ
(၂) နန္ဒဘုရင်
(၃) နတ်သျှင်နောင်
(၄) ငထင်ငယ်
Crd,မူရင်း