စက်ရုံအလုပ်ရုံ၊စက်ရုံအလုပ်ရုံ၊ တိုက်တွေ ကားတွေနဲ့ ပြည့်နှက်နေတဲ့မြို့ကြီးပြကြီးမှာနေနေတဲ့သူတွေအတွက်လေကောင်းလေ သန့်ဆိုတာ အပန်းဖြေခရီးထွက်မှ ထိတွေ့ရတာဖြစ်ပါတယ်။
လေ့ကောင်းလေသန့်ဟာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်ဆိုင်ရာ ကျန်းမာရေးအတွက်အများကြီးအရေးပါတဲ့အပြင် ညစ်ညမ်းလေထုကို အမြဲရှူရှိုက် ရတဲ့အတွက် သက်တမ်းစေ့အောင် မနေရခြင်းနဲ့ အရွယ်မတိုင်ခင်အိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။
ဒါ့ကြောင့် ဒီလိုနေရာမျိုးမှာနေရာမျိုးမှာနေရပေမဲ့ မိမိအတွက် လေကောင်းလေသန့်ရရှိဖို့အတွက်ဆို နည်း တစ်နည်းပဲရှိပါတယ်။ ဒါနည်းလမ်းကတော့ အပင်စိုက်ပါ။
၁။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ပင်ဟာ အသားအရေနဲ့ ကျန်းမာရေးအတွက် အများကြီး အသုံးဝင်တယ်ဆိုတာ သင့်သိပြီးနေလောက်ပြီဖြစ်ပါတယ်။ဒါ့အပြင် ရှားစောင်းလက်ပတ်ပင်းကို သင့်အိပ်တဲ့ အိပ်ခန်းအတွင်းမှာ စိုက်ပျိုးစားမယ်ဆိုရင် သင့်ကို ကောင်းမွန်စွာအိပ်စက်စေတဲ့အပြင် ညအခါမှာ လေကောင်းလေသန့် အောက်ဆီဂျင်များကိုလည်း ထုတ်လုပ်ပေးပါတယ်။
၂။ နဂါးစက်ဂမုန်း
နဂါးစက်ဂမုန်းကို စိုက်ထားတဲ့အခါ သင့်အိမ်ကို အလှဆင်ရာလည်း ရောက်သလို သင့်ကျန်းမာရေးအတွက်လည်း အများကြီးအကျိုးရှိပါတယ်။
သင့်အိမ်ရဲ့ ဘယ်နေရာမျိုးမဆို စိုက်ပျိုးထားနိုင်ပြီး နေ့အခါမှာ ကာဗွန်ဒိုက်အောက်ဆိုဒ်ကို စုပ်ယူပေးပြီး ညဘက်မှာ အောက်ဆီဂျင်ကိုပြန်ပြီး ထုတ်လုပ်ပေးတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ (အိမ်အတွင်းမှာတော့ မစိုက်ပျိုးသင့်ပါဘူး)
၃။ တမာပင်
တမာပင်ဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယဒေသတွေမှာ လေထုသန့်စင်ရေးနဲ့ လူတွေအတွက် ပိုးသတ်ဆေး ထုတ်လုပ်ရာမှာ များစွာအသုံးပြုခဲ့ကြပါတယ်။အဆိုပါအပင်ဟာ ကောင်းမွန်သောမြေဆီလွှာနဲ့ နေရောင်ခြည်အလုံအလောက်ရရှိဖို့တော့ လိုအပ်ပါတယ်။
အပင်ပေါက်လေးတွေကို သင့်အိပ်ခန်းရဲ့ နေရောင်ခြည်ရရှိတဲ့နေရာမှာဆိုင်ပျိုးပေးပြီး အပင်ကြီးမှ အိမ်ခြံဝန်တစ်နေရာရာမှာ စိုက်ပျိုးပေးနိုင်ပါတယ်။
၄။ ပင်စိမ်းပင်
ပင်စိမ်းဟာ အစားအစာတွေမှာ တွဲဖက်စားသုံးနိုင်သလို သင့်ကျန်းမာရေးအတွက်လည်း များစွာကောင်းကျိုးပြုပေးနိုင်ပါတယ်။ပင်စိမ်းပင်ဟာ အာရုံကြောဝေဒနာနဲ့ စိုးရိမ်ပူပန်စိတ်ကို လျော့ချပေးနိုင်တဲ့ အနံဂုဏ်သတ္တိတွေရှိပါတယ်။
တနေကုန်ပင်ပန်ပြီး နွမ်းနယ်နေတဲ့အခါ ပင်စိမ်းပင်ရှိတဲ့နေရာမျိုးမှာအနားယူလိုက်ပါ သင့်ရဲ့စိတ်ကို လန်းဆန်း ကြည်လင်စေပါတယ်။
၅။ သစ်ခွ
သစ်ခွက သင့်အိမ်အတွက် အလှဆင်နိုင်သလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာပေးတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ပတ်ဝန်းကျင်ကထွက်ပေါ်လာတဲ့ ညစ်ညမ်းလေထုတွေကို ဖယ်ရှားစေပြီး အောက်စီဂျင်ကိုကောင်းမွန်စွာ ထုတ်လုပ်ပေးနိုင်ပါတယ်။
သစ်ခွပင်စိုက်ဖို့အတွက်နေရာအများကြီး ယူတဲ့အပင်မျိုးမဟုတ်တဲ့အတွက်ကြောင့် သင့်အိမ်မှာ စိုက်ကို စိုက်သင့်တဲ့ အပင်မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ နေရောင်ခြည်လုံလုံလောက်လောက်ရရှိဖို့တော့ လိုအပ်ပါတယ်။
၆။ Gerbera
နေရောင်ခြည်လုံလုံလောက်လောက်ရရှိတဲ့ အခန်းထဲမှာ စိုက်ပျိုးထားလိုက်ပါ။အခန်းအတွင်းပိုင်းရဲ့ လေထုကို သန့်စင်စေတဲ့အပြင် အအေးမိတဲ့အခါ ကုသပေးခြင်းနဲ့ ကင်ဆာရောဂါကို တားဆီးတဲ့နေရာတွေမှာ Gerbera ကတော်တော်များများအသုံးဝင်ပါတယ်။
၇။ Ficus
Ficus ပင်ဟာ အောက်စီဂျင်များစွာကို ထုတ်လုပ်ပေးတဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆီချိုကို ကုသဖို့အတွက် လည်ကောင်း၊ ပန်းနာရင်ကျပ်ရောဂါကို ကုသဖို့အတွက်လည်ကောင်းများစွာအသုံးဝင်ပါတယ်။
ဒါ့အပြင် ရှေ့အစဉ်အလာကတည်းက အိန္ဒိယဆေးပညာရှင်တွေရဲ့ အဆိုအရ မိုးလုံလေလုံ စက်ရုံအတွင်းမှာလည်ကောင်း၊ မိမိရဲ့ အိမ်တွင်းမှာလည်ကောင်း အဆိုပါအပင်ကို စိုက်ပျိုးဖို့အတွက် များစွာတိုက်တွန်းခဲ့ကြပါတယ်။
၈။ Schlumbergera
ဆိုပါ အပင်ဟာ နေရောင်ခြည်လုံလုံလောက်လောက်မရရှိလည်း ရှင်သန်နိုင်တဲ့အပင်ဖြစ်တာကြောင့် သင့်အိမ်မှာ ဘယ်နေရာဖြစ်ဖြစ် စိုတ်ထားနိုင်ပါတယ်။ကောင်းမွန်စွာအိပ်စက်အနားယူဖို့အတွက် အောက်စီဂျင်ကို ထုတ်လုပ်ပေးပြီး လေထုကို သန့်စင်စေပါတယ်။
၉။ ထန်းပင်
ထန်းပင်ဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့အမျိုးမျိုးကို စုပ်ယူပေးနိုင်ပြီး လေထုကို သန့်စင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။သင့်ခြံဝန်းရဲ့ နေရောင်ခြည်ကောင်းကောင်းရရှိတဲ့နေရာမျိုးမှာ စိုက်ပျိုးပေးသင့်ပါတယ်။
မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။