အဆောက်အဦးတစ်ခုလုံး သုတ်ထားပါက အဲကွန်းများထက်ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေးဖြူတစ်မျိုးတီထွင်

အမေရိကန်နိုင်ငံ Purdue တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan ဆိုသူ ဖန်တီးခဲ့တဲ့ သုတ်ဆေးအဖြူရောင်ဟာ ကမ္ဘာ့အဖြူဆုံး သုတ်ဆေးအဖြစ်ကမ္ဘာ့ဂင်းနစ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး

အဆောက်အဦးတစ်ခုလုံးကို သုတ်ထားမယ်ဆိုလျှင် လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကိုပါလျော့ချနိုင်မယ်လို့ဆိုပါတယ်။

၎င်းသုတ်ဆေး၏ အဖြူရောင်ဟာ ၉၈.၁% အထိ နေရဲ့အလင်းရောင်ကို ရောင်ပြန်လွှတ်‌‌ ပေးပြီး နေရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ်ပေးနိုင်ပါတယ်။

ဒါကြောင့် ၎င်း သုတ်ဆေးအဖြူသုတ်ထားတဲ့ အဆောက်အဦးအနီးရှိ လေထုကို အေးမြ‌ စေမည်ဖြစ်ပြီးနေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးစေတာ‌ကြောင့်လေအေးပေးစက်(အဲကွန်း)အသုံးပြုမှု ကို လျော့ချနိုင်မယ်လို့ဆိုပါတယ်။

အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်နှင့်ညီတဲ့ အအေးပမာဏကို ထုတ်ပေးနိုင်တယ်လို့ သုသေသီတွေက ဆိုပါတယ်။

ဒါဟာ အများစုအသုံးပြုနေကြတဲ့ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်တဲ့သ‌ ဘောပါ။

ဈေးကွက်ထဲတွင် စီးပွားဖြစ် ရောင်းချနေတဲ့ သုတ်ဆေးများဟာ အပူကို ၈၀-၉၀ရာခိုင်နှုန်းအထိသာ ပြန်လည်စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားတာကိုတွေ့ရပြီးပတ်ဝန်းကျင် မျက်နှာပြင်ကို ပိုအေးသွားအောင် မပြုလုပ်နိုင်ပါဘူး။

Xiulin Ruanရဲ့ podcast ဇာတ်လမ်းတွဲတစ်ခုမှာတော့
” ကျွန်တော်တို့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က စတင်ခဲ့တဲ့တာဖြစ်ပြီ စွမ်းအင် ချွေတာဖို့နဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို တန်ပြန်ဖို့ စိတ်ထဲမှာ ထားရှိခဲ့ကြတယ်”လို့ပြောထား ပါတယ်။

၎င်းသုတ်ဆေးဖြူကို မကြာမီ ဈေးကွက်‌အတွင်း ရောက်ရှိလာအောင် လုပ်ဆောင်နေကြပါတယ်လို့လည်း သုတေသီများက ပြောကြားပါတယ်။

ယခုလို သုတ်ဆေးဖြူကို တီထွင်နိုင်တဲ့အတွက် လေအေးပေးစက်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးဖြစ် စေနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးပြီး လျှပ်စစ် စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။

Credit

Zawgyi
အေမရိကန္နိုင္ငံ Purdue တကၠသိုလ္မွ စက္မႈအင္ဂ်င္နီယာ ပါေမာကၡ Xiulin Ruan ဆိုသူ ဖန္တီးခဲ့တဲ့ သုတ္ေဆးအျဖဴေရာင္ဟာ ကမၻာ့အျဖဴဆုံး သုတ္ေဆးအျဖစ္ကမၻာ့ဂင္းနစ္တြင္ မွတ္တမ္းတင္နိုင္ခဲ့ၿပီး

အေဆာက္အဦးတစ္ခုလုံးကို သုတ္ထားမယ္ဆိုလွ်င္ ေလေအးေပးစက္(အဲကြန္း)အသုံးျပဳမႈ ကိုပါေလ်ာ့ခ်နိဳင္မယ္လို႔ဆိုပါတယ္။

၎သုတ္ေဆး၏ အျဖဴေရာင္ဟာ ၉၈.၁% အထိ ေနရဲ႕အလင္းေရာင္ကို ေရာင္ျပန္လႊတ္ ေပးၿပီး ေနေရာင္ျခည္အပူကိုပါ ျပန္ထုတ္လႊတ္ေပးနိုင္ပါတယ္။

ဒါေၾကာင့္ ၎ သုတ္ေဆးအျဖဴသုတ္ထားတဲ့ အေဆာက္အဦးအနီးရွိ ေလထုကို ေအးျမ ေစမည္ျဖစ္ၿပီးေနမွ ေရာက္လာေသာ အပူမ်ားကို စုပ္ယူမႈ နည္းပါးေစတာေၾကာင့္ေလေအးေပးစက္(အဲကြန္း)အသုံးျပဳမႈ ကို ေလ်ာ့ခ်နိဳင္မယ္လို႔ဆိုပါတယ္။

အမိုးဧရိယာ ၁,၀၀၀ စတုရန္းေပခန႔္ကို ၎သုတ္ေဆးျဖဴ သုတ္ေပးထားပါက အေအးဓာတ္ေပးသည့္ စြမ္းအား ၁၀ ကီလိုဝပ္ႏွင့္ညီတဲ့ အေအးပမာဏကို ထုတ္ေပးနိုင္တယ္လို႔ သုေသသီေတြက ဆိုပါတယ္။

ဒါဟာ အမ်ားစုအသုံးျပဳေနၾကတဲ့ အိမ္သုံး ေလေအးေပးစက္မ်ားထက္ သုတ္ေဆးျဖဴက ပိုအစြမ္းထက္တဲ့သ ေဘာပါ။

ေဈးကြက္ထဲတြင္ စီးပြားျဖစ္ ေရာင္းခ်ေနတဲ့ သုတ္ေဆးမ်ားဟာ အပူကို ၈၀-၉၀ရာခိုင္ႏႈန္းအထိသာ ျပန္လည္စြန႔္ထုတ္ရန္ ဒီဇိုင္းထုတ္ထားတာကိုေတြ႕ရၿပီးပတ္ဝန္းက်င္ မ်က္ႏွာျပင္ကို ပိုေအးသြားေအာင္ မျပဳလုပ္နိုင္ပါဘူး။

Xiulin Ruanရဲ႕ podcast ဇာတ္လမ္းတြဲတစ္ခုမွာေတာ့
ကြၽန္ေတာ္တို႔ ဒီစီမံကိန္းကို လြန္ခဲ့တဲ့ ခုနစ္ႏွစ္ေလာက္က စတင္ခဲ့တဲ့တာျဖစ္ၿပီ စြမ္းအင္ ေခြၽတာဖို႔နဲ႕ ရာသီဥတု ေျပာင္းလဲျခင္းတို႔ကို တန္ျပန္ဖို႔ စိတ္ထဲမွာ ထားရွိခဲ့ၾကတယ္လို႔ေျပာထား ပါတယ္။

၎သုတ္ေဆးျဖဴကို မၾကာမီ ေဈးကြက္အတြင္း ေရာက္ရွိလာေအာင္ လုပ္ေဆာင္ေနၾကပါတယ္လို႔လည္း သုေတသီမ်ားက ေျပာၾကားပါတယ္။

ယခုလို သုတ္ေဆးျဖဴကို တီထြင္နိုင္တဲ့အတြက္ ေလေအးေပးစက္မ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္အေပၚဆိုးက်ိဳးျဖစ္ ေစနိုင္တဲ့ အႏၱရာယ္မွ ကင္းေဝးၿပီး လွ်ပ္စစ္ စြမ္းအင္သုံးစြဲမႈကိုလည္း ေခြၽတာနိုင္မွာျဖစ္ပါတယ္။

Credit