အဖေတူသား (သို့မဟုတ်) အဖေထက်ခြေတစ်လှမ်းသာသူ (သို့မဟုတ်) မင်းရဲကျော်စွာ ရာဇဓိရာဇ်

အင်းဝ- ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲ(မြန်မာ-မွန်)က ဒိတ်ဒိတ်ကြဲ သူရဲကောင်းစစ်ဘုရင်နှစ်ယောက်ကို သမိုင်းစိတ်ဝင်စားသူတိုင်း သိကြမယ်ထင်ပါတယ်

သူတို့နှစ်ယောက် အပြန်အလှန်ကစားခဲ့တဲ့ ပွဲတွေဟာပေါက် ပေါက် ဆုတ်စားပြီး ထိုင်ကြည့်ရတဲ့ တကယ့်ပွဲကြီးပွဲကောင်းတွေပါသမိုင်းစာမျက်နှာ ထက်မှာလည်း ဝေဝေဆာဆာ နေရာယူခဲ့ပါတယ်

သမိုင်းစိတ်ဝင်စားသူတို့ ရှုထောင့်အမျိုးမျိုးနဲ့ ပြန်ပြောပြန်ရေး ပြန်သုံးသပ်ကြပြီး မပါမပြီးပြောရတဲ့အကြောင်းအရာတွေဖြစ်ခဲ့ပါတယ်

ရုတ်တရက် တေးသံရှင် ခင်ညွှန့်ရီရဲ့ ဗိုလ်အောင်ဆန်းဂုဏ်ပြုတေးက အပိုဒ်လေးကိုသွားသတိရမိပါတယ်

….? အော် ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင်အလောင်းဘုရားတို့လိုကွယ် မကြောက်တမ်းမရွံ့တမ်း မြန်မာ တွေအောင်ပန်းဝင့်ကြရှာလေတယ် ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် …?

ဆိုတော့ ရဲရင့်မှုရဲ့ ပြယုဂ် သူရဲကောင်း ပြယုဂ်တွေ အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာ ခေတ်ပြိုင်လူနှစ်ဦး ဖြစ်ခဲ့တဲ့အပြင် ထိပ်တိုက်ဆုံစည်းယုံမက ပက်သက်ဆက်နွှယ် နေခဲ့တာ တကယ်ကို စိတ်ဝင်စားစရာအပြည့်ပါ ။

ဂူတစ်ဂူမှာခြင်္သေ့ နှစ်ကောင်အောင်းမရဖူးပဲ ပြောရမလား ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ပဲ ဆိုရမလား ဒိတ်ဒိတ်ကြဲ စစ်ဘုရင်နှစ်ယောက်ဟာ ရန်သူဖြစ်နေကြတဲ့ အခါ စိတ်ဝင်စားစရာ အခန်းကဏ္ဍ စုံစုံလင်လင် နဲ့ လောကဇာတ်ခုံမှာ ပိုထင်ရှားလာတယ်လို့ထင်မိပါတယ် ။

မြန်မာရာဇဝင်မှာအသက်ငယ်ဆုံးစစ်ဘုရင်အဖြစ်ကျော်ကြားတဲ့ အင်းဝအိမ်ရှေ့စံ မင်းရဲကျော်စွာ ဟာ ဟံသာဝတီ ဘုရင် ရာဇဓိရာဇ် နဲ့ ကျောင်းတော်က ရန်စ ရှိသူပါ ဘယ်လိုရန်စလဲဆိုရင် သူ့ဟာ အရင်ဘဝက ရာဇဓိရာဇ်ရဲ့ သား ဘောလောကျန်းဒေါ ဖြစ်ခဲ့ပါတယ်

ဘောလောကျန်းဒေါ ဟာ ရာဇဓိရာဇ် နဲ့ ငယ်ချစ်တလမေဒေါရဲ့သားတော်ဖြစ်ပြီး ရာဇဓိရာဇ် ရဲ့သားသမီးတွေထဲ နန်းမွေခံရမယ့် first born သားကြီးသြရသပါတလမေဒေါနဲ့ ရာဇဓိရာဇ် ရဲ့ ဂန္တဝင်ချစ်ထုံးကတော့ အဆုံးသတ်မလှတဲ့ချစ်ဦးပုံပြင်လေးတစ်ပုဒ်အဖြစ်ရင့်နင့်ဖွယ်ရာအဆုံးသတ်သွားခဲ့ရပါတယ်

တလမေဒေါသေတဲ့အခါ ရာဇဓိရာဇ်ဟာ သားတော် ဘောလောကျန်းဒေါလေးကို သီးသန့်အိမ်တော်ဆောက်ပြီး အထိန်းတော်နှင်းအံကောင်းလက်အပ်ပါတယ်

အခြွေအရံနဲ့ထားပါတယ် သားသမီးခုနှစ်ဆယ်ရှိပြီး အမျိုးအင်အားတောင့်တဲ့ မြောင်းမြစား လောက်ဖျားရဲ့ ပုန်ကန်မှုကိုနှိမ်နှင်းပြီး ဘာမကြာ အင်းဝနဲ့ စစ်ဆက်ခင်းရတဲ့ ရာဇဓိရာဇ် ဟာ စစ်မြေပြင်မှာအချိန်ကုန်လို့နေပါတယ်

တဖြည်းဖြည်း အရွယ်ရလာတဲ့ ဘောလောကျန်းဒေါကလည်း စစ်ရေးစစ်ရာ စိတ်ဝင်စားပြီး ဆင်စီးမြင်းစီးကျင်လည်တဲ့ မင်းသားတစ်ပါးဖြစ်လာပါတော့တယ် ရာဇဓိရာဇ် မင်းသားဘဝက ဆင်တွေကို ကိုယ်တိုင်ကျော့တာ ကျုံးသွင်းတာတွေလုပ်ခဲ့တယ်

ဘောလောကျန်းဒေါကျလည်း ဆင်စွယ်ချွင်စီးတဲ့ ကောင်မျိုးပါ
ဒီကောင်လေးဟာ အဖေတူသားပါသူနဲ့တူလွန်းလှတဲ့ ဒီသားကိုကြည့်ပြီး လန့်လာတာက ရာဇဓိရာဇ်ပါ။ တလမေဒေါ ကိစ္စမှာ သူလွန်ထားတော့ သားက လက်စားပြန်ချေမှာလို့ သူထင်လာပုံရပါတယ်။

ဘောလောကျန်းဒေါ အနေနဲ့ကလည်း သူ့မေကိစ္စကို အရွယ်ရလို့ သိလာတော့ မနာဘဲတော့ရှိမှာမဟုတ်ဖူး နာမှာပါ ဒီတော့ သားယောက်ျားလေးတွေအရွယ်ရလေအဖေနဲ့မတည့်လေထုံးစံတိုင်း ပြောတာဆိုတာ ဘုတော တောတာတွေ ကန့်လန့်တိုက်တာတွေရှိကောင်းရှိပါလိမ့်မယ် ဒီခါ သားအဖကြားမှာလည်း အဖုထစ်သေးသေးလေးတွေ ရှိခဲ့ရာ…

အခြွေအရံ ပေါလှတဲ့ ဘောလောကျန်းဒေါ ရွှေနန်းက ဝိုင်းချစ်တဲ့ ဘောလောကျန်းဒေါ ဟာသူ့အလိုလို အင်အားခိုင်မာလာပါပြီ
ဒီတော့ ရာဇဓိရာဇ် ဟာ ငါ့ကို တစ်နေ့ပုန်ကန်မှာပဲ ဆိုပြီးကွပ်မျက်ခိုင်းပါတော့တယ် ။

[ ဘောလောကျန်းဒေါ က သဘောရိုးနဲ့လူအင်အား စုစည်းတာကို မိဖုရားခေါင်ပီယရာဇ(မွေ့မနိတ်) တို့ဖက်က ကုန်းတိုက်တာတွေရှိတဲ့တွက် ရာဇဓိရာဇ် ခေါ်စစ်တယ်ဆိုပါတယ် မင်းသားက ချေချေငံငံ မပြောတာနဲ့ တွေ့ကြသလားမသိပါဖူး]

ရာဇဓိရာဇ် အရေးတော်ပုံ ကျမ်းမှာတော့ သူနဲ့တူတဲ့သူသား အခြွေရံပေါလှတော့ ပုန်ကန်ရင်ခက်ပြီဆိုပြီး အဲကောင်ဗိန်လက်အပ်သတ်ခိုင်းပါတယ်

ဘောလောကျန်းဒေါ ဟာ သူ့မေတွက် ဘယ်လောက်စိတ်ဆိုးဆိုး သူအဖေကိုတော့ ပြန်သတ်ဖို့ စိတ်မကူးတဲ့ ကောင်လေးပါ ဒီတော့ စိတ်နာပြီး အသတ်မခံရခင် ရွှေမော်ဓော ဘုရားတက်ခွင့်တောင်းတယ် သူဝတ်ထားတဲ့မင်းသားအဆောင်အယောင်တွေ ချွတ်လှူပြီး သစ္စာဓိဌာန်ပြုရင်း နာကျည်းစွာ ဆုတစ်ခုတောင်းပြီးသူ့မယ်တော်လိုပဲ စိန်နဲ့သံပုရာသောက်လို့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်

“ငါဟာ မင်းသားတို့တပ်အပ်တဲ့ အဌာရသကို လေ့ကျင့်သင် ကြားခြင်းသာဖြစ်ပြီး ဖခင်ကိုပုန်ကန်ဖို့လုပ်ခဲ့တာ မဟုတ်တဲ့တွက် အပြစ်မရှိပါ လှည့်ဖျားရာမှာကျွမ်းကျင်တဲ့ ဆီသည်မ(မွေ့မနတ်)စကားကိုယုံနေတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။