အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံတွေအကြောင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။
အဲဒီလို နေမဝင်တဲ့ နိုင်ငံတွေဆီ အလည်အပတ် ရောက်နိုင်သူတွေကတော့ ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။ နေ မဝင်တဲ့ အရပ်က လူတွေအတွက်တော့ ဘယ်အချိန်မှာ အိပ်ရမယ်ဆိုတာကို ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ မျက်လှည့်ပြမှု တခုလိုပါပဲ။
(၁) နော်ဝေနိုင်ငံ
အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နော်ဝေနိုင်ငံကို လူတွေက ညဉ့်သန်းခေါင်တိုင်အောင် နေထွက်နေတဲ့မြို့လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ နော်ဝေနိုင်ငံမှာ နေ မဝင်တဲ့ ရက်ပေါင်းက ၆၉ ရက် ရှိပါတယ်။ မေလကနေ ဇူလိုင်လအတွင်းဟာ နော်ဝေနိုင်ငံအတွက် နေမဝင်တဲ့ အချိန်တွေပါပဲ။
(၂) အိုက်စလန်နိုင်ငံ
အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံကလည်း နော်ဝေနိုင်ငံလိုပဲ မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လအထိ နေ မဝင်ဘဲ ရှိနေတတ်ပါတယ်။
အိုက်စလန်နိုင်ငံဟာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေပေါများတဲ့ နိုင်ငံဖြစ်သလို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသာဥယျာဉ်တွေဆီ လည်ပတ်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
(၃) ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သလို ကနေဒါ တနိုင်ငံလုံးကိုလည်း ဆီးနှင်းတွေက တနှစ်ပတ်လုံး ဖုံးလွှမ်းထားတတ်ပါတယ်။ နွေရာသီမှာဆိုရင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ Inuvik လို မြို့တွေဟာ ရက်ပေါင်း ၅၀ လောက်ကြာအောင် နေမဝင်ဘဲ ရှိနေတတ်ပါတယ်။
(၄) အလာစကာပြည်နယ်
အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။
(၅) ဆွီဒင်နိုင်ငံ
နေ မဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ ရှိ ပြီး မနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။
ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။
(၆) ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံဟာ ထောင်ချီတဲ့ ရေကန်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်သလို နွေရာသီမှာဆိုရင် ၇၃ ရက်တိုင်တိုင် နေမဝင်တာကို ကြုံရလေ့ ရှိပါတယ်။
Crd,
Zawgyi
အခုေဖာ္ျပေပးမယ့္ နိုင္ငံေတြကေတာ့ ကမၻာေပၚက ေနမဝင္တဲ့ နိုင္ငံေတြအေၾကာင္း ျဖစ္ပါတယ္။ ကမၻာေပၚမွာ ေန မဝင္တဲ့ နိုင္ငံေပါင္း ၆ နိုင္ငံရွိပါတယ္။
အဲဒီလို ေနမဝင္တဲ့ နိုင္ငံေတြဆီ အလည္အပတ္ ေရာက္နိုင္သူေတြကေတာ့ ကံေကာင္းသူေတြလို႔ ဆိုနိုင္ပါတယ္။ ေန မဝင္တဲ့ အရပ္က လူေတြအတြက္ေတာ့ ဘယ္အခ်ိန္မွာ အိပ္ရမယ္ဆိုတာကို ေကာင္းေကာင္း မသိနိုင္ၾကပါဘူး။ ဒီျဖစ္ရပ္ဟာ ကမၻာႀကီးရဲ႕ မ်က္လွည့္ျပမႈ တခုလိုပါပဲ။
(၁) ေနာ္ေဝနိုင္ငံ
အာတိတ္စက္ဝိုင္းအတြင္းမွာ တည္ရွိတဲ့ ေနာ္ေဝနိုင္ငံကို လူေတြက ညဉ့္သန္းေခါင္တိုင္ေအာင္ ေနထြက္ေနတဲ့ၿမိဳ႕လို႔ တင္စားေခၚေဝၚေလ့ ရွိၾကပါတယ္။ ေနာ္ေဝနိုင္ငံမွာ ေန မဝင္တဲ့ ရက္ေပါင္းက ၆၉ ရက္ ရွိပါတယ္။ ေမလကေန ဇူလိုင္လအတြင္းဟာ ေနာ္ေဝနိုင္ငံအတြက္ ေနမဝင္တဲ့ အခ်ိန္ေတြပါပဲ။
(၂) အိုက္စလန္နိုင္ငံ
အိုက္စလန္နိုင္ငံဟာ လွပတဲ့နိုင္ငံျဖစ္သလို ဥေရာပနိုင္ငံေတြထဲမွာ ႀကီးမားတဲ့ ကြၽန္းစုေတြကို အမ်ားဆုံး ပိုင္ဆိုင္တဲ့ နိုင္ငံတနိုင္ငံလည္း ျဖစ္ပါတယ္။ အိုက္စလန္နိုင္ငံကလည္း ေနာ္ေဝနိုင္ငံလိုပဲ ေမလ ၁၀ ရက္ေန႕ကေန ဇူလိုင္လအထိ ေန မဝင္ဘဲ ရွိေနတတ္ပါတယ္။
အိုက္စလန္နိုင္ငံဟာ သဘာဝ ေတာရိုင္း တိရစ္ဆာန္ေတြေပါမ်ားတဲ့ နိုင္ငံျဖစ္သလို ေတာင္တက္ျခင္း၊ စက္ဘီးစီးျခင္းနဲ႕ အမ်ိဳးသာဥယ်ာဥ္ေတြဆီ လည္ပတ္လို႔ေကာင္းတဲ့ နိုင္ငံလည္း ျဖစ္ပါတယ္။
(၃) ကေနဒါနိုင္ငံ
ကေနဒါနိုင္ငံဟာ ကမၻာ့ဒုတိယ အႀကီးဆုံး နိုင္ငံျဖစ္သလို ကေနဒါ တနိုင္ငံလုံးကိုလည္း ဆီးႏွင္းေတြက တႏွစ္ပတ္လုံး ဖုံးလႊမ္းထားတတ္ပါတယ္။ ႏြေရာသီမွာဆိုရင္ ကေနဒါနိုင္ငံ အေနာက္ေျမာက္ပိုင္း ေဒသေတြျဖစ္တဲ့ Inuvik လို ၿမိဳ႕ေတြဟာ ရက္ေပါင္း ၅၀ ေလာက္ၾကာေအာင္ ေနမဝင္ဘဲ ရွိေနတတ္ပါတယ္။
(၄) အလာစကာျပည္နယ္
အေမရိကန္ျပည္ေထာင္စုက အလာစကာျပည္နယ္ဟာလည္း ႏွစ္စဥ္ ေမလႏွောင္းပိုင္းကေန ဇူလိုင္လ ႏွောင္းပိုင္းအထိ ေန ဝင္ေလ့ မရွိပါဘူး။ ေဆာင္းရာသီဆိုရင္လည္း အလာစကာ ျပည္နယ္ဟာ ေနထြက္ေလ့ မရွိဘဲ ညအခ်ိန္ေတြနဲ႕သာ ရင္ဆိုင္ရေလ့ ရွိပါတယ္။
(၅) ဆြီဒင္နိုင္ငံ
ေန မဝင္တဲ့ နိုင္ငံေတြနဲ႕ ႏွိုင္းယွဥ္ရင္ေတာ့ ဆြီဒင္နိုင္ငံဟာ ညဉ့္သန္းေခါင္အခ်ိန္မွာ ေနဝင္ေလ့ ရွိ ၿပီး မနက္ေစာေစာ ၄ နာရီခြဲေလာက္ဆိုရင္ ေနျပန္ထြက္ပါၿပီ။ ဒါေၾကာင့္လည္း ဆြီဒင္နိုင္ငံရဲ႕ ေနဝင္ခ်ိန္က ၄ နာရီ၊ ၅ နာရီေလာက္ပဲ ရွိတတ္ပါတယ္။
ဒီလိုအေျခအေနေတြ ျဖစ္ေလ့ရွိတဲ့ အခ်ိန္ကေတာ့ ေမလနဲ႕ ၾသဂုတ္လအတြင္းပါ။ ဒီလိုအခ်ိန္ေတြမွာ ဆြီဒင္နိုင္ငံကို အလည္သြားသူေတြအေနနဲ႕ ငါးမွ်ားျခင္း၊ ေဂါက္ရိုက္ျခင္းနဲ႕ ႏွင္းေလွ်ာစီးျခင္းေတြကို ရွည္လ်ားတဲ့ ေန႕တာေအာက္မွာ ျပဳလုပ္နိုင္ပါတယ္။
(၆) ဖင္လန္နိုင္ငံ
ဖင္လန္နိုင္ငံဟာ ေထာင္ခ်ီတဲ့ ေရကန္ေတြနဲ႕ ဖြဲ႕စည္းထားတဲ့ နိုင္ငံျဖစ္သလို ႏြေရာသီမွာဆိုရင္ ၇၃ ရက္တိုင္တိုင္ ေနမဝင္တာကို ႀကဳံရေလ့ ရွိပါတယ္။
Crd,