လက်ရှိ အသက် ၄၃ နှစ်အရွယ် Tamsin Carvan အမျိုးသမီးဟာ သူမမိသားစုနှင့်အတူ ပန်းများ၊ အပင်များနှင့်အိမ်နီးချင်းများကဲ့သို့သော တိရိစ္ဆာန်များနှင့်အတူ သဘာဝ တရားရဲ့အငြိမ်းချမ်းဆုံးဘ၀ကို ခံစားကာနေထိုင်လျက်ရှိပါတယ်။
တစ်ချိန်က Carvan ၀ယ်ယူခဲ့တဲ့မြေက ခြောက်သွေ့တဲ့မြေဖြစ်ပြီး ယခုအခါအသီးအရွက်များနှင့်ပြည့်နှက်နေပြီး ဒီလိုစိမ်းလန်းတဲ့နေရာကို ၁၃ နှစ်အတွင်း Carvan မိသားစုတို့ကြိုးစားအားထုတ်မှုရဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။
Carvan ရဲ့ဘဝက အလွန်ရိုးရှင်းပါတယ်။ သူမ အသက် ၂၇ နှစ်မှာ လူသိများတဲ့ကြော်ငြာကုမ္ပဏီတစ်ခုမှာ သင့်တင့်လျောက်ပတ်တဲ့လစာဖြင့် အလုပ်လုပ်ရင်း ပုံမှန်လူတစ်ဦးရဲ့ဘဝလို နေထိုင်ခဲ့ပါတယ်။
ထို့နောက် လူအများအားအရူးလို့ထင်မိစေတဲ့သူမရဲ့ဆုံးဖြတ်ချက်က အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။Carvan ဟာ သူမစုဆောင်းထားတဲ့ငွေများအားလုံးကိုသုံးပြီး သြစတေးလျနိုင်ငံ Poowong ပြည်နယ်မှာ စတုရန်းမီတာ ၁၄၀,၀၀၀ ရှိတဲ့မြေကွက်ကို ၀ယ်ယူခဲ့ပါတယ်။
ထိုဆုံးဖြတ်ချက်က အဓိပ္ပာယ်မဲ့ပုံရပေမဲ့ Carvan ဟာ ၎င်းကို အပီအပြင်စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။
အဖော်အဖြစ် လယ်ယာတစ်ကွင်း ၊ ပန်းများပြည့်နှက်နေတဲ့ ဥယျာဉ်နှင့် သက်တောင့်သက်သာရှိတဲ့ အိမ်ဒီဇိုင်းများအတွက်ကိုလည်း Carvan က ကိုယ်တိုင်စဉ်းစားပုံဖော်ခဲ့ပြီး သူမအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် Carvan ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကိုက်ညီတဲ့အယူအဆကိုလည်း လိုက်နာခဲ့ပါတယ်။
Carvan ဟာ အိမ်ဆောက်ပစ္စည်းများမှ အညစ်အကြေးများကိုလည်း ပြန်လည်ပြုပြင်ပြီး သူမလိုချင်တဲ့အရာကိုပြန်လည် ဒီဇိုင်းထုတ်ခဲ့ပြီး Carvan ဟာ တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပရိဘောဂများကို ပြုလုပ်လာနိုင်ခဲ့ပါတယ်။
စပါးခင်းများ၊ မြက်ခင်းများ၊ သစ်ပင်များ၊ သစ်သီးမျိုးစုံနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားတာကြောင့် ထိုလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များကလည်း မိသားစုတစ်စုလုံး လုံလောက်စွာစားသုံးနိုင်ပါတယ်။
ရိတ်သိမ်းရာသီအပြီးမှာ ဖရဲသီး၊ သစ်သီးများနှင့်လတ်ဆတ်တဲ့နို့များကို Carvan မှ ယိုနှင့်ဒိန်ခဲအဖြစ် ပြုလုပ်ထားပါသေးတယ်။ ကဲ Carvan လို့ ဒီထက်ပိုကျေနပ်စရာကောင်းတဲ့ဘဝမျိုးကရှိပါအုံးပါ့မလားဗျာ။ သင်လည်း ပျော်ရွှင်မှုအတွက် သင့်ရဲ့စိတ်ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။
သို့ပေမဲ့ အရေးကြီးတာက လူနေထူထပ်တဲ့မြို့တော်ကြီးကလည်း မြို့လယ်ရှိလူများရဲ့သာယာဝပြောမှုများရှိသလို ကျေးလက်ဒေသမှာလည်း လှပပြီး ကဗျာဆန်တဲ့ လူနေမှုဘဝမျိုးလည်း ရှိနေပါတယ်။ ဒီနှစ်ခုတည်းကနေ တစ်ခုကိုတော့ သင့်ရွေးချယ်ရမှာပါ။
သို့ပေမဲ့ ပျော်ရွှင်မှုတိုင်းအတွက် တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ အချိန်ဟာ မည်သည့်ရဲစွမ်းသတ္တိနှင့်ကြိုးစားမှုကိုမှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။
crd,
Zawgyi
လက္ရွိ အသက္ ၄၃ ႏွစ္အ႐ြယ္ Tamsin Carvan အမ်ိဳးသမီးဟာ သူမမိသားစုႏွင့္အတူ ပန္းမ်ား၊ အပင္မ်ားႏွင့္အိမ္နီးခ်င္းမ်ားကဲ့သို႔ေသာ တိရိစ္ဆာန္မ်ားႏွင့္အတူ သဘာဝ တရားရဲ႕အၿငိမ္းခ်မ္းဆုံးဘ၀ကို ခံစားကာေနထိုင္လ်က္ရွိပါတယ္။
တစ္ခ်ိန္က Carvan ၀ယ်ယူခဲ့တဲ့မြေက ေျခာက္ေသြ႕တဲ့ေျမျဖစ္ၿပီး ယခုအခါအသီးအ႐ြက္မ်ားႏွင့္ျပည့္ႏွက္ေနၿပီး ဒီလိုစိမ္းလန္းတဲ့ေနရာကို ၁၃ ႏွစ္အတြင္း Carvan မိသားစုတို႔ႀကိဳးစားအားထုတ္မႈရဲ႕ရလဒ္တစ္ခုလည္းျဖစ္ပါတယ္။
Carvan ရဲ႕ဘဝက အလြန္ရိုးရွင္းပါတယ္။ သူမ အသက္ ၂၇ ႏွစ္မွာ လူသိမ်ားတဲ့ေၾကာ္ျငာကုမၸဏီတစ္ခုမွာ သင့္တင့္ေလ်ာက္ပတ္တဲ့လစာျဖင့္ အလုပ္လုပ္ရင္း ပုံမွန္လူတစ္ဦးရဲ႕ဘဝလို ေနထိုင္ခဲ့ပါတယ္။
ထို႔ေနာက္ လူအမ်ားအားအ႐ူးလို႔ထင္မိေစတဲ့သူမရဲ႕ဆုံးျဖတ္ခ်က္က အရာအားလုံးကို ေျပာင္းလဲေစခဲ့ပါတယ္။Carvan ဟာ သူမစုေဆာင္းထားတဲ့ေငြမ်ားအားလုံးကိုသုံးၿပီး ၾသစေတးလ်နိဳင္ငံ Poowong ျပည္နယ္မွာ စတုရန္းမီတာ ၁၄၀,၀၀၀ ရွိတဲ့ေျမကြက္ကို ၀ယ်ယူခဲ့ပါတယ်။
ထိုဆုံးျဖတ္ခ်က္က အဓိပၸာယ္မဲ့ပုံရေပမဲ့ Carvan ဟာ ၎ကို အပီအျပင္စိတ္ဆုံးျဖတ္ထားခဲ့ပါတယ္။
အေဖာ္အျဖစ္ လယ္ယာတစ္ကြင္း ၊ ပန္းမ်ားျပည့္ႏွက္ေနတဲ့ ဥယ်ာဥ္ႏွင့္ သက္ေတာင့္သက္သာရွိတဲ့ အိမ္ဒီဇိုင္းမ်ားအတြက္ကိုလည္း Carvan က ကိုယ္တိုင္စဥ္းစားပုံေဖာ္ခဲ့ၿပီး သူမအတြက္ သက္ေတာင့္သက္သာရွိေစတဲ့အျပင္ Carvan ဟာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ကိုက္ညီတဲ့အယူအဆကိုလည္း လိုက္နာခဲ့ပါတယ္။
Carvan ဟာ အိမ္ေဆာက္ပစၥည္းမ်ားမွ အညစ္အေၾကးမ်ားကိုလည္း ျပန္လည္ျပဳျပင္ၿပီး သူမလိုခ်င္တဲ့အရာကိုျပန္လည္ ဒီဇိုင္းထုတ္ခဲ့ၿပီး Carvan ဟာ တျဖည္းျဖည္းႏွင့္ သူမကိုယ္တိုင္ပရိေဘာဂမ်ားကို ျပဳလုပ္လာနိုင္ခဲ့ပါတယ္။
စပါးခင္းမ်ား၊ ျမက္ခင္းမ်ား၊ သစ္ပင္မ်ား၊ သစ္သီးမ်ိဳးစုံႏွင့္ဟင္းသီးဟင္း႐ြက္မ်ားစိုက္ပ်ိဳးထားတာေၾကာင့္ ထိုလတ္ဆတ္တဲ့ဟင္းသီးဟင္း႐ြက္မ်ားကလည္း မိသားစုတစ္စုလုံး လုံေလာက္စြာစားသုံးနိုင္ပါတယ္။
ရိတ္သိမ္းရာသီအၿပီးမွာ ဖရဲသီး၊ သစ္သီးမ်ားႏွင့္လတ္ဆတ္တဲ့နို႔မ်ားကို Carvan မွ ယိုႏွင့္ဒိန္ခဲအျဖစ္ ျပဳလုပ္ထားပါေသးတယ္။ ကဲ Carvan လို႔ ဒီထက္ပိုေက်နပ္စရာေကာင္းတဲ့ဘဝမ်ိဳးကရွိပါအုံးပါ့မလားဗ်ာ။ သင္လည္း ေပ်ာ္႐ႊင္မႈအတြက္ သင့္ရဲ႕စိတ္ျပတင္းေပါက္ကို ဖြင့္ၾကည့္လိုက္ပါ။
သို႔ေပမဲ့ အေရးႀကီးတာက လူေနထူထပ္တဲ့ၿမိဳ႕ေတာ္ႀကီးကလည္း ၿမိဳ႕လယ္ရွိလူမ်ားရဲ႕သာယာဝေျပာမႈမ်ားရွိသလို ေက်းလက္ေဒသမွာလည္း လွပၿပီး ကဗ်ာဆန္တဲ့ လူေနမႈဘဝမ်ိဳးလည္း ရွိေနပါတယ္။ ဒီႏွစ္ခုတည္းကေန တစ္ခုကိုေတာ့ သင့္ေ႐ြးခ်ယ္ရမွာပါ။
သို႔ေပမဲ့ ေပ်ာ္႐ႊင္မႈတိုင္းအတြက္ တိက်တဲ့ဆုံးျဖတ္ခ်က္တစ္ခုေတာ့ လိုအပ္ပါလိမ့္မယ္။ အခ်ိန္ဟာ မည္သည့္ရဲစြမ္းသတၱိႏွင့္ႀကိဳးစားမႈကိုမွ စိတ္ပ်က္ေစမွာ မဟုတ္ပါဘူး။
crd,