ကချင်ပြည်နယ်ပူတာအို ဒေသထွက် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်းများကို တရုတ်နိုင်ငံက ဈေးကောင်းပေး ဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက် ရှိကြောင်းသတင်း ရရှိသည်။
ယင်းဈေးကောင်းပေး ဝယ်မှုကို လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့်နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲ ပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်းသိရသည်။
ကျောက်ဂျပိုး ကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ ဈေးပိုရကြောင်း၊ဒေသခံများ အတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
ပူတာအိုဒေသခံ ဦးအားဖုန်က“ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီးထောင်းစားတယ်။ အနံ့ပြင်းပြင်းရှိတယ်။ အရသာက ပုရစ်ထက် အဆိမ့်ပိုတယ်။အရှင်က အသေထက်ပိုပြီး အလေးချိန်ရှိတယ်။
တွေ့ရတာက နိုဝင်ဘာ ကနေ နွေဦးကာလ အထိ တွေ့ရတတ်။မတ်လကုန်ရင်တော့ ချောင်းရေတွေလည်း တက်ပြီ။ မိုးလည်း ရွာပြီ ဆိုတော့ မတွေ့ရတော့ဘူး” ဟု ပြောကြားသည်။
ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသ ဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့် လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊
မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်များ တွေ့ရှိမှု နည်းလာရကြောင်း သိရသည်။
သတ္တုတွင်းအလုပ်သမားများ အတွက် အရမ်းကောင်းပြီး အကျိုးများရှိပါတယ်။ အဆိပ်အငွေ့ပြေဆေးပါ။ စားလို့ အရမ်း အရသာ ရှိပါတယ်။
မီးကင်ပြီးဖြစ်ဖြစ် ချက်ပြုတ်ပြီးဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ်ငါးရုပ်သီးထောင်းစားလို့ ရပါတယ်။ကျောက်ဖရုံသီးဟင်းရည် ဝက်သားဟင်းချက်တွေမှာ ထည့်ရင် အရသာလဲရှိ အနံ့အမွှေးလဲကောင်း ဆေးလဲဖြစ်ပါတယ်နော် ။
သတိပြုရမှာက သူ့ရဲ့ဖင်ပေါက်ကနေ ပန်းထွက်လာတဲ့ အရည်ကို အရမ်းသတိထားရပါမယ်နော်…
မျက်စိထဲဝင်လို့မရဘူး…နော် မျက်စိ ကွယ်သွားနိုင်လို့ ပါနော် ။သတ္တုတွင်း ကျင်းလုပ်သားများအတွက် အဆိပ်ပြေဆေးအဖြစ် စားသုံးပေးနေရလို့ ဈေးကောင်းပေးဝယ်နေရတာပါ ။
Credit
Zawgyi
ကခ်င္ျပည္နယ္ပူတာအို ေဒသထြက္ ေက်ာက္ဂ်ပိဳး (ၾကမ္းပိုး) ေကာင္းမ်ားကို တ႐ုတ္နိုင္ငံက ေဈးေကာင္းေပး ဝယ္ေနသျဖင့္ ရွာေဖြသူ မ်ားျပားလ်က္ ရွိေၾကာင္းသတင္း ရရွိသည္။
ယင္းေဈးေကာင္းေပး ဝယ္မႈကို လြန္ခဲ့သည့္ ႏွစ္အနည္းငယ္တြင္ တျဖည္းျဖည္း တြင္က်ယ္လာျခင္းျဖစ္ၿပီး ေက်ာက္ဂ်ပိဳးမ်ား ဖမ္းရလြယ္ကူသည့္နိုဝင္ဘာလဆန္းပိုင္းမွ စတင္ကာ ေမလိချမစ္ကမ္းႏွင့္ ေက်ာက္ခဲ ေပါမ်ားသည့္ တျခားေခ်ာင္းႀကီးမ်ားတြင္ ဖမ္းဆီးေနျခင္း ျဖစ္ေၾကာင္းသိရသည္။
ေက်ာက္ဂ်ပိဳး ကို ေက်ာက္တုံး၊ ေက်ာက္ခဲမ်ား လွန္၍လည္းေကာင္း၊ ညေနပိုင္းမ်ားတြင္ ပိုက္စိပ္မယ္မ်ားျဖင့္ လည္းေကာင္း ဖမ္းယူေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
ေက်ာက္ဂ်ပိဳးမွာ အေကာင္အႀကီးႏွင့္ အေသးမ်ိဳးရွိရာတြင္ အေသးမ်ိဳးမွာ ေဈးပိုရေၾကာင္း၊ေဒသခံမ်ား အတြက္ ဝင္ေငြတစ္ခု ျဖစ္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ပူတာအိုေဒသခံ ဦးအားဖုန္ကကြၽန္ေတာ္တို႔က အရင္က ဒီအေကာင္ကို င႐ုတ္သီးေထာင္းစားတယ္။ အနံ႕ျပင္းျပင္းရွိတယ္။ အရသာက ပုရစ္ထက္ အဆိမ့္ပိုတယ္။အရွင္က အေသထက္ပိုၿပီး အေလးခ်ိန္ရွိတယ္။
ေတြ႕ရတာက နိုဝင္ဘာ ကေန ႏြေဦးကာလ အထိ ေတြ႕ရတတ္။မတ္လကုန္ရင္ေတာ့ ေခ်ာင္းေရေတြလည္း တက္ၿပီ။ မိုးလည္း ႐ြာၿပီ ဆိုေတာ့ မေတြ႕ရေတာ့ဘူး ဟု ေျပာၾကားသည္။
ယခင္ကာလမ်ားက ေက်ာက္ဂ်ပိဳးကို ျမစ္ဆုံေဒသ ဝန္းက်င္တြင္ ေပါမ်ားစြာ ေတြ႕ခဲ့ရေသာ္လည္း ေ႐ႊက်င္သည့္ လုပ္ငန္းမ်ား မ်ားစြာလုပ္ကိုင္ခဲ့ျခင္း၊
ျမစ္ေခ်ာင္းအနီးတစ္ဝိုက္ ေတာျပဳန္းျခင္းမ်ားေၾကာင့္ ေက်ာက္ဂ်ပိဳးေကာင္မ်ား ေတြ႕ရွိမႈ နည္းလာရေၾကာင္း သိရသည္။
သတၱဳတြင္းအလုပ္သမားမ်ား အတြက္ အရမ္းေကာင္းၿပီး အက်ိဳးမ်ားရွိပါတယ္။ အဆိပ္အေငြ႕ေျပေဆးပါ။ စားလို႔ အရမ္း အရသာ ရွိပါတယ္။
မီးကင္ၿပီးျဖစ္ျဖစ္ ခ်က္ျပဳတ္ၿပီးျဖစ္ျဖစ္ အစိမ္းပဲျဖစ္ျဖစ္ငါး႐ုပ္သီးေထာင္းစားလို႔ ရပါတယ္။ေက်ာက္ဖ႐ုံသီးဟင္းရည္ ဝက္သားဟင္းခ်က္ေတြမွာ ထည့္ရင္ အရသာလဲရွိ အနံ႕အေမႊးလဲေကာင္း ေဆးလဲျဖစ္ပါတယ္ေနာ္ ။
သတိျပဳရမွာက သူ႕ရဲ႕ဖင္ေပါက္ကေန ပန္းထြက္လာတဲ့ အရည္ကို အရမ္းသတိထားရပါမယ္ေနာ္
မ်က္စိထဲဝင္လို႔မရဘူးေနာ္ မ်က္စိ ကြယ္သြားနိုင္လို႔ ပါေနာ္ ။သတၱဳတြင္း က်င္းလုပ္သားမ်ားအတြက္ အဆိပ္ေျပေဆးအျဖစ္ စားသုံးေပးေနရလို႔ ေဈးေကာင္းေပးဝယ္ေနရတာပါ ။
Credit