သုံးလိုက်လို့ကုန်သွားတယ်ဆိုတာမရှိပါဘူး အချိန်ကြာလို့ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ နေရင်းထိုင်ရင်း ကုန်သွားတယ် ဆိုတာမရှိပါဘူး။ တစ်သက်လုံးသုံး တစ်သက်လုံးမကုန်ပါဘူးတဲ့။
မီးဖို gas တွေလို ဖောက်ထုတ်မီးရှို့ပစ်တာမဟုတ်လို့ ကုန် သွားစရာအကြောင်းမရှိပါဘူး။ ဘေဘီလည်းခံရပါများလို့ တင်ပေးလိုက်ပါတယ်။ ဒီရေခဲသေတ္တာ၊အဲကွန်းတွေမှာ သုံးတဲ့ Gas ဂတ်စ်ဆိုတာ refrigerant လို့ခေါ်တဲ့ အအေးပြုဓာတ်ငွေ့ တစ်မျိုးဖြစ်ပါတယ်။
ဒီ refrigerant ( အအေးပြုဓာတ်ငွေ့ ) တွေဟာ ရေခဲသေတ္တာတွေ၊ အဲကွန်းတွေရဲ့ ပိုက်လိုင်းတွေထဲမှာ အရည်ဖြစ်လိုက် အငွေ့ဖြစ်လိုက်နဲ့ ကွန်ပရက်စာမော်တာရဲ့အကူအညီနဲ့ လှည့်ပတ်နေရင်း အပူထုတ်ခြင်းအပူစုပ်ယူခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အအေးပြုခြင်းသံသရာကို ဖြစ်ပေါ်စေပါတယ်။
၎င်းအအေးပြုခြင်းသံသရာကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများတွင် အပူချိန်ပြောင်းလဲမှုများ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။
အဲဒီလို ပိုက်လိုင်းတွေထဲမှာပဲ လှည့်ပတ်သွားလာနေပြီး ထွက်ပေါက်မရှိ အလုံပိတ်ရှိနေတာကြောင့် ကုန်သွားစရာအကြောင်းမရှိပါဘူး။ ကုန်သွားတယ်ဆိုရင် ဘာကြောင့်ကုန်သွားတယ်ဆိုတဲ့ အကြောင်းရင်း ရှိရပါတယ်။
ပိုက်လိုင်းတစ်နေရာက ပေါက်သွားလို့ ဂတ်စ်ယိုစိမ့်မှုရှိလို့ ကုန်သွားရခြင်းသာဖြစ်ပါတယ်။ အဲတော့ဆိုလိုတာက ဂတ်စ်လျော့သွားတယ် ဂတ်စ်ကုန်သွားတယ်ဆိုရင် ပိုက်လိုင်းတစ်နေရာရာမှာ ပေါက်နေလို့ ဂတ်စ်ယိုစိမ့်မှု gas leakage ရှိနေလို့သာ ဖြစ်တာပါ။
အပေါက်ကြီးရင် ရုတ်တရက်အအေးလျော့သွားမယ်။ အပေါက်သေးရင် ဖြည်းဖြည်းခြင်း အအေးလျော့သွားမှာ ဖြစ်ပါတယ်။အဲလိုဖြစ်လာပြီဆိုရင် ဘယ်နေရာကပေါက်နေလဲ ဘယ်နေရာက ယိုစိမ့်မှုရှိနေလဲ အရင်ရှာရမှာပါ။
ရှာလို့တွေ့ရင် ဖာလို့ရရင်ဖာ ဖာလို့မရရင်အသစ်လဲ လုံအောင်လုပ်ပြီးမှ ဂတ်စ်ပြန်ထည့်ရမှာပါ။ အဲလိုမဟုတ်ပဲ အပေါက်မဖာပဲ gas ထပ်ထည့်ရင်တော့ ပြန်ကုန်ဦးမှာပါနော်။
အိမ်သုံးရေခဲသေတ္တာတွေမှာတော့ chamber type တွေဆိုရင် အခဲခန်းထဲမှာ ရေခဲထုတွေထူနေတာကို ဓားတွေဝက်အူလှည့်တွေနဲ့ထိုးခွာရင်း evaporator ပိုက်ပေါက်ပြီး gas ထွက်သွားတတ်တာမျိုး မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
အိမ်သုံးအဲကွန်းတွေမှာတော့ gas ကုန်တယ်။ ဂတ်စ်ထပ်ထည့်ရတယ်ဆိုတာ အမြဲလိုလိုကြားနေရတယ် ။ ဂတ်စ်ကုန်ရင် ဘာကြောင့်ကုန်သလဲ အဖြေအရင်ရှာရမှာပါ။
Indoor Outdoor အဆက် Joint တွေ၊ Outdoor မှာပါတဲ့ L key valve တွေ မှာ ယိုစိမ့်မှုတွေရှိနိုင်ပါတယ်။ indoor outdoor joint တွေ မလုံတာကတော့ services သမားတွေ မသေသပ်မှုကြောင့် အဖြစ်များပါတယ်။ ပိုက်မဆက်မှီ ပိုက်ကိုကော်လံဖော်ရာမှာ မသေသပ်ရင် ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။
flare nut တွေကြပ်တဲ့နေရာမှာ လက်ဆများသွားရင် flare nut တွေကွဲပြီး ယိုစိမ့်မှုဖြစ်တတ်ပါတယ်။ L key valve တွေမလုံတာကတော့ oil seal တွေမကောင်းတာ ဖြစ်တတ်ပါတယ်။ oil seal လဲလို့ရပါတယ်။
pressure gauge တပ်တဲ့ pin valve လေးမကောင်းရင်လဲ ယိုစိမ့်တတ်ပါတယ်။ အဲဒီ pin valve လေးလဲလို့ရပါတယ်။ အဲတော့နိဂုံးချုပ်အနေနဲ့ ရေခဲသေတ္တာ အဲကွန်းသုံးစွဲ သူတွေကို ပြောချင်တာက ရေခဲသေတ္တာသို့မဟုတ် အဲကွန်းမအေးတော့ဘူးဆိုတိုင်း gas ကုန်တာမဟုတ်ပါဘူး။ အခြားအစိတ်အပိုင်းတွေ ချို့ယွင်းမှုရှိရင်လည်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ်။
အချို့အတုအယောင် services အဖွဲ့တွေဆိုရင် အလကား နေရင်း gas လျော့တယ်။ gas ကုန်တယ်ဆိုပြီး ဟန်ဆောင် gas ထည့်ပြ gas ဘိုးတောင်းယူနေကြတာတွေရှိပါတယ်။
အဲဒီလို gas လျော့တယ် gas ကုန်တယ် gas လျော့လို့ gas ထပ်ထည့်လိုက်ရတယ်၊ gas ဘိုးဘယ်လောက်ကျပါတယ်၊ ဆိုပြီးတောင်းလာခဲ့ရင် ဘာကြောင့်လျော့သွားတာလဲမေးပါ။ ဘယ်နေရာက ယိုစိမ့်မှုရှိလို့ကုန်သွားတာလဲမေးပါ။
ခိုင်လုံတဲ့ အဖြေရှိရပါမယ်။ အဲဒီယိုတဲ့နေရာကို လုံအောင် ဘယ်လိုဖြေရှင်းလိုက်လဲမေးပါ။ နောက်အချိန်တို အတွင်းအဲဒီနေရာကထပ်မဖြစ်အောင် မည်သို့တာဝန်ယူပေးနိုင်လဲမေးပါ။ ခိုင်လုံတဲ့အဖြေရှိရပါမယ်။ အဲလိုမှမဟုတ်ရင် gas ဘိုးနဲ့ပဲ အသစ်တစ်လုံးဝယ်တာလောက် ပြန်ကုန်သွားတတ်ပါတယ်။
Aircon တပ်ဆင်သမားအားလုံးမဆိုလိုပါ နားမလည်သူအချို့ကို ရိုက်စားနေသူများကို ပြန်ပြောပြတတ်အောင်ပါရှင့် တစ်ကယ်သမာသမတ်ကျပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ ကျွမ်းကျင်တဲ့ services အဖွဲ့တွေလည်း အများကြီးရှိပါတယ်။
အဲဒီလိုကျွမ်းကျင်တဲ့ services အဖွဲ့တွေဆိုရင်တော့ အခုပြောခဲ့တဲ့မေးခွန်းအားလုံး သင်မမေးခင် မေးစရာမလိုအောင် အားလုံးရှင်းပြ ပြောပြပါလိမ့်မယ်။
မသိနားမလည်တဲ့သူတွေကို လိမ်မစားချင်ကျနဲ့ သူတစ်ပါး မျက်ရည်နှင့် ဆန်ဆေးတယ်ဆိုတာ ဝဋ်လိုက်တက်ပါတယ်။ ရမ်းရွှီးရမ်းကု စက်ဆရာအတုများရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံး စေရန် ရည်သန်ရေးသားလိုက်ရပါတယ်နော်
crd, မူရင်းရေးသားသူ