တချို့က ငါးကြီးအန်ဖက် ကို ငါးကြီးက အန်ထုတ်တာလို့ ထင်နေကြပါတယ်။ တကယ်က အစာခြေတဲ့ စနစ်ကနေ စွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာ ဖြစ်ပါတယ်။
ဒါကို အလွယ်အားဖြင့် ငါးကြီးအန်ဖက် လို့ ခေါ်ကြတာပါ။
တကယ်က ချေးအဆင့် မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဝေလငါးချေး (Whale poo) လို့ ခေါ်ကြပါတယ်။ Ambergris လို့ နောက်တိုင်း က ပိုသိပါတယ်။
တချို့က ငါးကြီးအန်ဖက်ကို ငါးသုတ်ပိုးက ဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့် အဲဒါ မှားပါတယ်။
ဒီလို အမှတ်မှားရခြင်းရဲ့ ဖြစ်နိုင်ဖွယ်အချက်ကတော့ဒီငါးကြီးအန်ဖက်ကို ထုတ်လုပ်နိုင်တဲ့ ငါးဟာ Sperm Whale လို့ခေါ်တဲ့ ဝေလငါးမျိုးရင်းတစ်ခု ကပဲ ထုတ်လုပ်နိုင်တာပါ။
ဒီမှာပါတဲ့ Sperm ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ သုံးနေတဲ့ သုတ်ပိုးရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ အတူတူဖြစ်လို့ ငါကြီးအန်ဖက်ကို ငါးကြီးရဲ့သုတ်လို့ မှားယွင်းတာ ဖြစ်နိုင်ပါတယ်။
Sperm Whale တွေကို Cachalot တွေလို့လည်း ခေါ်ကြ ပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ အကြီးမားဆုံး အသားစား သတ္တဝါဖြစ်ပါတယ်။
သူတို့ဟာ ကင်းမွန်တို့ ရေဘဝဲ တို့ကို အလွယ်တ ကူဖမ်းစားလေ့ရှိပြီး အစာအိမ်ထဲမှာ အဲဒီအစားအစာတစ်ချို့ဟာ ခြေဖျက်ဖို့ ခက်ခဲရာကနေ သည်းခြေအရည်အနှစ်တွေနဲ့ပေါင်းပြီး အစာမကြေဖြစ်ရာမှ အပြင်ကို မစင်အဆင့် မရောက်ဘဲ စွန့်ထုတ်လိုက်ရတာပါ။
ငါးကြီးအန်ဖက်ကို စောစောကပြောတဲ့ Sperm Whale ကပဲ ထုတ်လုပ် နိုင်တာပါ။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ငါးကြီးအန်ဖက်ကို Sperm Whale အကောင်တစ်ရာမှာ တစ်ကောင်လောက်ခန့် ကသာ ထုတ်လုပ်နိုင်ပြီး
နှစ်ကာလရှည်ကြာစွာ သမုဒ္ဒရာထဲ မျောနေရင်းကနေ အစက စေးပြစ်တဲ့ ကျိချွဲချွဲ အလုံးအခဲကြီးကနေ နောက်တော့ ရာသီဥတုကြောင့် ဖယောင်းကဲ့သို့ အတုံးကြီး ဖြစ်သွားပါတယ်။
အဲဒီကနေ ရေမျောကမ်းတင်ဖြစ်လာရတာပါ။ တစ်ခါတလေ ဝေလငါးသေတွေရဲ့ ဝမ်းဗိုက်ထဲကနေ ရနိုင်တာမျိုးလည်း ရှိတတ် ပါတယ်။
ငါးကြီးအန်ဖက်က ဘယ်နေရာတွေမှာ အသုံးဝင် သလဲဆိုတော့ ကမ္ဘာကျော် အဆင့်မြင့် ရေမွှေးထုတ်လုပ်ရေးတွေမှာ သုံးပါတယ်။ ငါးကြီးအန်ဖက်ဆီက အနံ့အသက် ကို ယူတာ မဟုတ်ပါဘူး။
ငါးကြီးအန်ဖက်ဆီကပါတဲ့ ဓာတ်ပေါင်းပစ္စည်းတွေက ရေမွေးရဲ့အနံ့အသက် ကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ငါးကြီးအန်ဖက်ဟာ ဈေးအကြီးဆုံးအရာ ဖြစ်ခဲ့ တာပါ။
ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ထားတဲ့ ရေမွှေးတစ်ပုလင်းဟာ ဒေါ်လာ (၅၀၀) ကနေ ဒေါ်လာ သောင်းနဲ့ချီ ဈေးကောင်း ရတာမျိုး ရှိပါတယ်။
ငါးကြီးအန်ဖက်ရဲ့အတွင်းမှာ ဓာတ်အမျိုးပေါင်း (၂၀)လောက် အထိ ပါဝင်ပြီးတစ်ခုနဲ့ တစ်ခု ကျစ်လစ်သိပ်သည်းပုံ မတူသလို ဈေးလည်း မတူညီ ပါဘူး။ သာမန်အားဖြင့် ငါးကြီးအန်ဖက် တစ်ကီလိုဂရမ် ဟာ ပျမ်းမျှ ဒေါ်လာ (၆) သောင်းဝန်းကျင်လောက် ဈေးရ နိုင်ပါတယ်။
ပုံမှာ ဖော်ပြခဲ့တဲ့ အသက်(၂၀)သာ ရှိသေးတဲ့ ထိုင်းတံငါသည် တစ်ဦးဟာ ပင်လယ်ပြင်ငါးဖမ်းတဲ့သက်တမ်း ဝါနုသေးသော်လည်း အလေးချိန် (၇) ကီလိုဂရမ်ရှိငါးကြီးအန်ဖက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါ ငါးကြီးအန်ဖက်ကြောင့် တံငါသည်လေးအဖို့ မိသားစုကို မပူမပင် မကြောင့်မကျ ထားနိုင်တော့မှာပါ။
နောက်တစ်ယောက် ထိုင်းတံငါသည် Naris Suwannasang ကတော့ ပေါင် (၂၂၀) လောက် အလေးချိန်ရှိတဲ့ ငါးကြီးရဲ့အန်ဖက် ကို ရခဲ့တာပါ။
အဆိုပါ ငါးကြီးအန်ဖက်ဟာ ကီလိုအားဖြင့် (၁၀၀)ကီလိုလောက် အလေးချိန် ရှိတယ်လို့ သိရ ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။