မာန်စွယ်ဆိုသည်မှာ သာမာန်ချိုးထား/ဖြတ်ထားသော အစွယ်မျိုးမဟုတ်ဘဲ ဒေါသဖြစ်၍ တိုက်ခိုက်ထိုးနှက်ကျသောအချိန်တွင် ကျိုးကျန်ရစ်သော အစွယ်ကျိုးကို ခေါ်သည်။
တစ်ချို့မာန်စွယ်များသည် သစ်ပင်များတွင် စိုက်ဝင်လျှက်ရှာဖွေတွေ့ရှိရသလို တစ်ချို့မာန်စွယ်များကတော့ သိဒ္ဓိရှိသော ဂမ္ဘီရပစ္စည်းဖြစ်သဖြင့် အိပ်မက်ပေး၍ တွေ့ရှိရခြင်းများလည်းရှိသည်။
ယခုမာန်စွယ်ကတော့ အိပ်မက်အရ ညောင်ပင်အတွင်းမှ ရရှိသော ဆင်မာန်စွယ် ဖြစ်သည်။ အလေးချိန် ငါးကျပ်သားရှိသော မာန်စွယ်ဖြစ်သည်။
ငှက်ပျောမတက်ဆိုသည်မှာကား သိဒ္ဓိဝင်အစွမ်းရှိသော ဆင်မာန်စွယ်၊ ဝက်မာန်စွယ်၊ ဓါတ်လုံးများအား စမ်းသပ်ကြသော စမ်းသပ်နည်းများထဲမှ တစ်ခုဖြစ်သည်။ ငှက်ပျောပင်အလယ်အူတိုင်သည်ခုတ်ဖြတ်ပြီး ငါးမိနစ် ဆယ်မိနစ်အတွင်းမှာတွင် တစ်လက်မခန့် ပြန်ထွက်လာပေသည်။
ဆင်မာန်စွယ်၊ ဝက်မာန်စွယ်များအား ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီး တင်ထားပါကအချိန်တော်တော်ကြာသည်အထိ ငှက်ပျောပင်မှ ထွက်မလာနိုင်သောအခါမှ အစွမ်းရှိသည်ဟု သတ်မှတ်ယူဆကြပေသည်။
ယခုမာန်စွယ်ကတော့ နာရီဝက်ခန့် ငှက်ပျောမတက်ဟု သိရှိရသည်။ မာန်စွယ်များအား အပွင့်ပိုင်း အားသန် မသန် အပိတ်ပိုင်း အားသန် မသန် စမ်းသပ်နည်းများလဲ ရှိပေသေးသည်။
ဥပမာ လူစည်ကားရာလမ်းလယ်ခေါင်တွင် မာန်စွယ်အား တိုင်တွင်ချိတ်၍ချထားလျှင် လူများ မော်တော်ယာဉ်များ ဝင်တိုက်သွား ကြတာများခြင်း၊ ရှောင်ကွင်းသွားကြတာများခြင်း၊လက်နှင့်ရိုက်ပုတ်သွားသည်များ ရှိခြင်းတို့အား ကြည့်၍ ဆုံးဖြတ်ကြပေသည်။
(အလျဉ်းသင့်ပါက ထပ်မံဖော်ပြပေးပါမည်)မာန်စွယ်များအား အဆောင်ရုပ်ထုလုပ်စီရင်၍ ပါးစပ်တွင်ငုံကာ ကာယသိဒ္ဓိပိုင်း ပြီး မပြီး စမ်းသပ်နိုင်ပေသည်။ စီရင်နည်းစနစ်များလဲ များစွာရှိပေသည်။
ဂမ္ဘီရလောကီပစ္စည်းများသည် “ဒီနေရာမှာ အစွမ်းပြသော်လည်း ဟိုနေရာမှာ ပြချင်မှ ပြသည်” ဆိုသော အချက်များလဲရှိပေသည်။ တန်ဘိုးရှိသော သိဒ္ဓိဝင်ပစ္စည်းများသည် အဖိုးထိုက်တန်ကြောင်းသိရှိကြသဖြင့် ဝိသမလောဘသမားများမှလိမ်လည်ခြင်းများ ရှိကြသောကြောင့် သတိပြု၍ ဝယ်ယူသင့်သည်။
ဂမ္ဘီရလောကပစ္စည်းများအား စိတ်ဝင်စားသူ အချင်းချင်း လေ့လာဖတ်ရှုနိုင်စေရန်အတွက် မျှဝေခြင်းအလို့ငှာ ရေးသားတင်ပြခြင်းဖြစ်သည်။ ကျန်းမာချမ်းသာကြပါစေ..
Credit
Zawgyi
မာန္စြယ္ဆိုသည္မွာ သာမာန္ခ်ိဳးထား/ျဖတ္ထားေသာ အစြယ္မ်ိဳးမဟုတ္ဘဲ ေဒါသျဖစ္၍ တိုက္ခိုက္ထိုးႏွက္က်ေသာအခ်ိန္တြင္ က်ိဳးက်န္ရစ္ေသာ အစြယ္က်ိဳးကို ေခၚသည္။
တစ္ခ်ိဳ႕မာန္စြယ္မ်ားသည္ သစ္ပင္မ်ားတြင္ စိုက္ဝင္လွ်က္ရွာေဖြေတြ႕ရွိရသလို တစ္ခ်ိဳ႕မာန္စြယ္မ်ားကေတာ့ သိဒၶိရွိေသာ ဂမၻီရပစၥည္းျဖစ္သျဖင့္ အိပ္မက္ေပး၍ ေတြ႕ရွိရျခင္းမ်ားလည္းရွိသည္။
ယခုမာန္စြယ္ကေတာ့ အိပ္မက္အရ ေညာင္ပင္အတြင္းမွ ရရွိေသာ ဆင္မာန္စြယ္ ျဖစ္သည္။ အေလးခ်ိန္ ငါးက်ပ္သားရွိေသာ မာန္စြယ္ျဖစ္သည္။
ငွက္ေပ်ာမတက္ဆိုသည္မွာကား သိဒၶိဝင္အစြမ္းရွိေသာ ဆင္မာန္စြယ္၊ ဝက္မာန္စြယ္၊ ဓါတ္လုံးမ်ားအား စမ္းသပ္ၾကေသာ စမ္းသပ္နည္းမ်ားထဲမွ တစ္ခုျဖစ္သည္။ ငွက္ေပ်ာပင္အလယ္အူတိုင္သည္ခုတ္ျဖတ္ၿပီး ငါးမိနစ္ ဆယ္မိနစ္အတြင္းမွာတြင္ တစ္လက္မခန႔္ ျပန္ထြက္လာေပသည္။
ဆင္မာန္စြယ္၊ ဝက္မာန္စြယ္မ်ားအား ငွက္ေပ်ာပင္ကိုခုတ္ျဖတ္ၿပီး တင္ထားပါကအခ်ိန္ေတာ္ေတာ္ၾကာသည္အထိ ငွက္ေပ်ာပင္မွ ထြက္မလာနိုင္ေသာအခါမွ အစြမ္းရွိသည္ဟု သတ္မွတ္ယူဆၾကေပသည္။
ယခုမာန္စြယ္ကေတာ့ နာရီဝက္ခန႔္ ငွက္ေပ်ာမတက္ဟု သိရွိရသည္။ မာန္စြယ္မ်ားအား အပြင့္ပိုင္း အားသန္ မသန္ အပိတ္ပိုင္း အားသန္ မသန္ စမ္းသပ္နည္းမ်ားလဲ ရွိေပေသးသည္။
ဥပမာ လူစည္ကားရာလမ္းလယ္ေခါင္တြင္ မာန္စြယ္အား တိုင္တြင္ခ်ိတ္၍ခ်ထားလွ်င္ လူမ်ား ေမာ္ေတာ္ယာဥ္မ်ား ဝင္တိုက္သြား ၾကတာမ်ားျခင္း၊ ေရွာင္ကြင္းသြားၾကတာမ်ားျခင္း၊လက္ႏွင့္ရိုက္ပုတ္သြားသည္မ်ား ရွိျခင္းတို႔အား ၾကည့္၍ ဆုံးျဖတ္ၾကေပသည္။
(အလ်ဥ္းသင့္ပါက ထပ္မံေဖာ္ျပေပးပါမည္)မာန္စြယ္မ်ားအား အေဆာင္႐ုပ္ထုလုပ္စီရင္၍ ပါးစပ္တြင္ငုံကာ ကာယသိဒၶိပိုင္း ၿပီး မၿပီး စမ္းသပ္နိုင္ေပသည္။ စီရင္နည္းစနစ္မ်ားလဲ မ်ားစြာရွိေပသည္။
ဂမၻီရေလာကီပစၥည္းမ်ားသည္ ဒီေနရာမွာ အစြမ္းျပေသာ္လည္း ဟိုေနရာမွာ ျပခ်င္မွ ျပသည္ ဆိုေသာ အခ်က္မ်ားလဲရွိေပသည္။ တန္ဘိုးရွိေသာ သိဒၶိဝင္ပစၥည္းမ်ားသည္ အဖိုးထိုက္တန္ေၾကာင္းသိရွိၾကသျဖင့္ ဝိသမေလာဘသမားမ်ားမွလိမ္လည္ျခင္းမ်ား ရွိၾကေသာေၾကာင့္ သတိျပဳ၍ ဝယ္ယူသင့္သည္။
ဂမၻီရေလာကပစၥည္းမ်ားအား စိတ္ဝင္စားသူ အခ်င္းခ်င္း ေလ့လာဖတ္ရႈနိုင္ေစရန္အတြက္ မွ်ေဝျခင္းအလို႔ငွာ ေရးသားတင္ျပျခင္းျဖစ္သည္။ က်န္းမာခ်မ္းသာၾကပါေစ..
Credit