ရာဇဝင်ထဲက ရဲရဲတောက် အမျိုးသမီး(သို့မဟုတ်) ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းပေးဖို့ အဆိုတင်သွင်းခဲ့တဲ့ ဝဏ္ဏကျော်ထင် အမေဒေါ်ခင်လှ

မြန်မာနိုင်ငံက အမျိုးသမီးတွေထဲမှာထင်းရှားကျော်ကြားပုံခြင်းမတူဘဲနိုင်ငံအတွက်ရဲရဲတောက်စံပြ အမျိုးသမီးတစ်ဦးရှိခဲ့ပါတယ်။

တိုင်း ပြည်လွတ်လပ်ရေးရဖို့ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ်ကိုလည်းသူက ထူထောင်ခဲ့သေးတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့မျိုးမစောင့်မိဘဲ နိုင်ငံခြားသားနဲ့လက်ထက်မိခဲ့မယ်ဆိုရင်တောင်သားသမီးတွေအမွေဆက်ခံခွင့်ရဖို့အတွက်နိုင်ငံခြားသားများနှင့် မြန်မာအမျိုး သမီးများ လက်ထပ်ရေးဥပဒေကိုလည်း အမျှော်အမြင်ရှိရှိ ရေးဆွဲခဲ့သေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့တိုင်းပြုပြည်ပြု အခြေခံဥပဒေရေးဆွဲရေးကော်မတီ(၁၁၁)ဦးမှာလည်းပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။

ခိုးကိုးရာမဲ့ဖြစ်နေမဲ့မြန်မာနိုင်ငံက တိုင်းရင်းသူ အမျိုးသမီးလေးတွေအတွက်မြန်မာ့အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ချုပ်ကိုလည်းတည်ထောင်ခဲ့ပြန်သေးတယ်။

အကောင်းဆုံး ဆောင်ရွက်ချက်ကတော့ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ဖို့လွှတ်တော်မှာအဆိုတင်သွင်းခဲ့တဲ့တစ်ဦးတည်းသော အမျိုးသမီးပါလီမန်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သေးတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားလှတဲ့ဘွဲ့ကြီး(၅)မျိုးရှိတဲ့အနက်က ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ(၄၈)ဦးရှိတဲ့အနက်ဦးသန့် နည်းတူ ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။

သူကတော့ဟံသာဝတီခရိုင် နံယောရွာသူဖြစ်တဲ့ဝဏ္ဏကျော်ထင် အမေဒေါ်ခင်လှပဲဖြစ်ပါတယ်။သူမဟာ ကွယ်လွန်ချိန်မှာ အသက် (၅၂) နှစ်ရှိပြီလည်းဖြစ်ပါတယ်…။

credit – မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ျမန္မာနိုင္ငံက အမ်ိဳးသမီးေတြထဲမွာထင္းရွားေက်ာ္ၾကားပုံျခင္းမတူဘဲနိုင္ငံအတြက္ရဲရဲေတာက္စံျပ အမ်ိဳးသမီးတစ္ဦးရွိခဲ့ပါတယ္။

တိုင္း ျပည္လြတ္လပ္ေရးရဖို႔ဗမာျပည္လြတ္လပ္ေရး အမ်ိဳးသမီးအဖြဲ႕ခ်ဳပ္ကိုလည္းသူက ထူေထာင္ခဲ့ေသးတယ္။

ျမန္မာအမ်ိဳးသမီးေတြအေနနဲ႕မ်ိဳးမေစာင့္မိဘဲ နိုင္ငံျခားသားနဲ႕လက္ထက္မိခဲ့မယ္ဆိုရင္ေတာင္သားသမီးေတြအေမြဆက္ခံခြင့္ရဖို႔အတြက္နိုင္ငံျခားသားမ်ားႏွင့္ ျမန္မာအမ်ိဳး သမီးမ်ား လက္ထပ္ေရးဥပေဒကိုလည္း အေမွ်ာ္အျမင္ရွိရွိ ေရးဆြဲခဲ့ေသးတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔နဲ႕တိုင္းျပဳျပည္ျပဳ အေျခခံဥပေဒေရးဆြဲေရးေကာ္မတီ(၁၁၁)ဦးမွာလည္းပါဝင္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။

ခိုးကိုးရာမဲ့ျဖစ္ေနမဲ့ျမန္မာနိုင္ငံက တိုင္းရင္းသူ အမ်ိဳးသမီးေလးေတြအတြက္ျမန္မာ့အမ်ိဳးသမီးမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ခ်ဳပ္ကိုလည္းတည္ေထာင္ခဲ့ျပန္ေသးတယ္။

အေကာင္းဆုံး ေဆာင္႐ြက္ခ်က္ကေတာ့ဗုဒၶဘာသာကို နိုင္ငံေတာ္ဘာသာျဖစ္ဖို႔လႊတ္ေတာ္မွာအဆိုတင္သြင္းခဲ့တဲ့တစ္ဦးတည္းေသာ အမ်ိဳးသမီးပါလီမန္လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္ေသးတယ္။

ျမန္မာနိုင္ငံမွာ ထင္ရွားေက်ာ္ၾကားလွတဲ့ဘြဲ႕ႀကီး(၅)မ်ိဳးရွိတဲ့အနက္က ဝဏၰေက်ာ္ထင္ဘြဲ႕ရရွိသူ(၄၈)ဦးရွိတဲ့အနက္ဦးသန႔္ နည္းတူ ရရွိခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။

သူကေတာ့ဟံသာဝတီခရိုင္ နံေယာ႐ြာသူျဖစ္တဲ့ဝဏၰေက်ာ္ထင္ အေမေဒၚခင္လွပဲျဖစ္ပါတယ္။သူမဟာ ကြယ္လြန္ခ်ိန္မွာ အသက္ (၅၂) ႏွစ္ရွိၿပီလည္းျဖစ္ပါတယ္။

credit မူရင္းေရးသားသူအားေလးစားစြာျဖင့္