သီပေါဘုရင် လက်ထပ်က “ထီ” ဖွင့်ပွဲ အကြောင်းသိကောင်းစရာ

မြန်မာ သက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ အမပူရ ရွှေနန်းသခင်ဘိုးတော်ဘုရား နန်းတက်တော့ နိူင်ငံခြားသားတွေ ၊ ကုလားလူမျိုးတွေ နဲ့ ကုန်စည် ကူးသန်း ရောင်းဝယ်ခဲ့ရာမှအဂ်လိပ်လူမျိုးတွေ ရဲ့ ထီစနစ်ကို မြန်မာတို့ သိရှိခဲ့ ကြတယ် ။

ကုန်ရောင်း ကုန်ဝယ် ကိစ္စတွေမှာ အငြင်းပွားရတဲ့အခါ မြန်မာခုံတော် တွေဟာ ကုလားလူမျိူး ရဲ့ အရောင်းအဝယ် ဆိုင်ရာ ထုံးစံ ဖြစ်တဲ့ ပြင်ကူ ၊ဇိတံဝတံ ၊ဖီမာ ၊လေလံ စသည့် ဒီထုံးနှုန်းတွေကို စံထားပြီး ဆုံးဖြတ်ပေးရတယ် ။ ဒီ (၄)မျိုး ထဲကမှ ပြင်ကူ ဆိုတာက ထီ သဘောနဲ့ ခပ်ဆင်ဆင်ရယ် ။

ကုန်ရောင်း ၊ ကုန်ဝယ် ၊ကုန်ချင်း ဖလှယ် အခါ ” သူကများသည် ငါကနည်း သည် ” ဘယ်လို ဘယ်ချမ်းသာ အငြင်းတွေပွား ၊ အချင်းတွေများတဲ့ အခါ ကံစမ်းစ
က္ကူလိပ်ကို မဲနှိုက်စေပြီး ၊ ကုန်ရဲ့ တန်ဖိုးကို ဖြတ်ကာ
ခွဲဝေ ပေးရသော စနစ်ကို ပြင်ကူ စနစ် လို့ခေါ်တယ်…။

သီပေါမင်း လက်ထက်မှာ ဗြိတိသျှ ပိုင် အောက်မြန်မာ
နိူင်ငံမှာ ထီဖွင့်မှု က ခေတ်စားနေသလို ၊ မန္တလေး နေပြ
ည်တော် မှာလည်း တရုတ်အမျိုးသား တို့ရဲ့ (၃၆)ကော
င် ထီက ပေါ်ပေါက်နေပြီ… ။

အခွန်တော် တိုးစေရန် ” သဿမေဓ” အခွန်တော်ကို အ
တင်းအကြပ် ကောက်ခံစေခြင်းထက် အဂ်လိပ်အစိုးရ
ကဲ့သို့ ထီဖွင့်၍ ရာခိုင်နှုန်း ကောက်ခံခြင်း က ပိုပြီးအ
ကျိုးများ လိမ့်မယ်လို့ ယူဆခဲ့တဲ့ အတွက် သီပေါမင်း က ထီရုံတော် များကို ဖွင့်လှစ် စေတယ်။

ရတနာပုံ​ နေပြည်တော် အတွင်းမှာ ထီရုံတော် အများပြားဖွင့်လှစ်ခါ ၊ ထီ ကိုယ်စားလှယ် တော် ထားရှိကာနေ့စဥ် ဖွင့်တဲ့ ထီ နှင့် လစဥ်ဖွင့်တဲ့ ထီဆိုပြီး နှစ်မျိုးနှစ်စား ရှိခဲ့တယ် ။

နေ့စဥ်ဖွင့် သော ထီအတွက် အောင်ဘာလေ မဲကို မွန်းတည့် အချိန်မှာ ဖွင့်လှစ်ပြီး ထီပေါက်သူက “တစ်ဆ ထိုးလျှင် ၊ လေးဆယ့်ရှစ်ဆ ” ရတယ်။ ထီရုံဖွင့်ထားသော ကိုယ့်စားလှယ်တော် တွေက ထီပေါက်သူကို မလျော်နိူင်လျှင် ရာဇဝတ် ဘေးသင့်တယ်။

၁၂၄၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ
တော့ အောင်ဘာလေ ပေါက်ဂဏန်းကို တစ်ခုထဲ ထား၍ လက်မှတ်ပေါင်း (၁၂၀၀၀)ရိုက်တယ်။

လက်မှတ် တစ်ခုကို ငါးကျပ် နဲ့ ရောင်းပြီး ငွေပေါင်း (၆)သောင်းရတဲ့ အခါ ၊ အခွန်တော် (၁)သောင်း နှုတ်ပြီး ၊ကျန် (၅)သောင်းကို ထီပေါက်သူကို ပေး၍ သဋ္ဌေးအရာ ခန့်ထား ၊ သူကောင်းပြုမည်ဟု စည်လှည် ကြေငြာစေပြီး ၊ဆု
တော်ငွေကို ဆင်ပေါ် တင်စေလျက် အိမ်တိုင်ယာရော
က် ပို့ဆောင်စေတယ်။

အဲ့ဒီအခါ ထီရုံက ထီကိုယ်စားလှယ်တွေ အပြိုင်အဆိုင် ထီရောင်းကြတယ်။ မြို့တော်ဝန် ဆီမှာ….. ထီထိုး ရင် ၊ ငွေနှစ်ကျပ် နဲ့ ပိုးပုဝါ တစ်ထည် ပြန်အမ်းတယ်…။

တိုင်တားမင်းကြီး ဆီမှာ ထီထိုးရင် လက်ဖက်ရည်၊ ဆေးလိပ် ၊ ကွမ်းယာ ၊ ထန်းရည် တို့နဲ့ ဧည့်ခံတယ် ။သဘင်ဝန် ဆီမှာ ထီထိုးရင်တော့ အ​ငြိမ့် ဇာတ်ပွဲ တွေ ကို အခမဲ့ ကြည့်ရှု့ ခွင့် ရတယ် ။

ထို့ အထဲမှာမှ တမူ ထူးခြားသူကား ရနောင်မင်းသား (ခေါ်) ရနောင်မောင်မောင်တုတ် ၊ သူ့ဆီမှာ ထီထိုးမှာလား ၊ မထိုးးဘူးလား… ထီမထိုး ရင် ဖမ်းဟယ် ၊ ဆီးဟယ် နဲ့ သူရဲ့ ထီရုံရှေ့က ဖြတ်သန်း လာသူ မှန်သမျှကို ရိုက်ကာ ၊ နှက်ကာ ထီထိုးခိုင်း တော့တာပဲ ။

အဲ့ဒီလို နဲ့…တိုင်းသူ၊ ပြည်သား တွေက ထီနောက် ကောက်ကောက် ပါအောင် လိုက်ကြရင်း မွဲသူမွဲ ၊ရူးသူရူး ၊မူးသူမူး ၊ သေသူသေ ၊ ခိုးဆိုးလုယက်သူ များလာ၊နေပြည်တော် တခွင်မှာ ဒုစရိုက်မှုများ ထူပြောလာပြီးစီးပွားပျက်ကာ ချွတ်ခြုံ ကြလာတယ်။

ထို့အခါ ဘုရင့် အဖို့ စိတ်မရွှင်မလန်း ဖြစ်ကာ ၁၂၄၃ ခု
နှစ် ပြာသိုလတွင် ထီရုံများကို ပိတ်သိမ်းစေတယ်။သီပေါမင်း ပါတော်မူတဲ့ အချိန်မှာ ဝမ်းနည်း ပက်လက်အဖြစ်ဆုံး အမျိုး သမီးတစ်ယောက် ရှိခဲ့တယ်။

ခုံစာရေး မောင်ဦး ၏ သမီး မအုံ တဲ့ ။

အရှင်နှစ်ပါး ပါ​တော်မူချိန်က မန္တလေးက ပြည်သူတွေ
ထဲမှာ ဝမ်းနည်း ပက်လက် အဖြစ်ဆုံးက မအုံ ပဲ ဖြစ်လိ
မ့်မယ် ။ ဘာလို့ဆိုတော့ သီပေါမင်းလက်ထက်မှာ အ
နောက်တိုင်း လော်ထရီစနစ်နဲ့ ထီဖွင့်တော့ အမြင့်ဆုံးဆု
​ဖြစ်တဲ့ ငါးသောင်းဆု ကို မအုံက ပေါက်တယ်။

အဲ့ဒီခေတ်က ထီပေါက်တာ နဲ့ သူကြွယ်ဘွဲ့ခံလို့ ရတဲ့ပမာဏ.။ ခက်တာက မအုံ ခမျာ ထီတော့ ပေါက်ပါရဲ့…။ဆုကြေးငွေ အဖြစ် (၁၄၁၈၉) ကျပ် ပဲ မအုံ ရရှာတယ်။ကျန်ငွေကို နိူင်ငံတော်က ချေးငှားသည် ဆိုပြီး မပေးဘူး….။ အခု သီပေါမင်း ပါတော်မူ ပြီဆိုတော့ မအုံ မှဝမ်းမနည်းရင်….. ဘယ်သူ ဝမ်းနည်းမလဲ …။

ပါတော်မမူခင်တုန်း ကလည်း ဘုရင်ဆိုတော့ …ဟဲ့ ငါ့
အကြွေးပေး ဦး ဆိုပြီး သွားတောင်းလို့က အခက်.. ။အခုကျပြန်တော့ လည်း သူတို့တောင် အိန္ဒိယ အပို့ခံရမှာ… ။ ဘီဒိုလှည်း နားကပ်ပြီး အရှင်နှစ်ပါး အကြွေးလေး ဆပ်သွားပါဦး သွားပြောလို့ က မရ.. ။

ဒီတော့ မအုံမှ မငိုရင် ဘယ်သူငို မလဲ ။မအုံက လည်း ခေတဲ့ သူတော့ မဟုတ်ဘူးသူထီပေါက်တဲ့ ငွေကို နောက်အစိုးရ ဖြစ်တဲ့ အဂ်လိပ်အစိုးရဆီမှာ တောင်းပါသေးတယ်။

အဂ်လိပ်တွေ မပေးခဲ့ပါဘူး ။ သူတို့ဘက်က စဥ်းစား
ကြည့်တော့လဲ မြတ်ချင်လို့ သူများနိူင်ငံကို စစ်တိုက်ပြီး
သိမ်းယူပါတယ် ဆိုမှ…. ဘုရင့် အကြွေးပါ ဆပ်ရဦး
မယ်ဆိုတော့ ဘယ်ကိုက်ပါ့မလဲ ဗျာ…။

​Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်