အိမ်မှာ ဒီလိုလေး လုပ်ထားရင် ခြင်ဆေးခွေ လုံးဝ မလိုတော့ဘူး

ပြောပြချင်လွန်းလို့ပါ(ဆရာလုပ်ခြင်းမဟုတ်ပါ)တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ။

ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ်။ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ။

“စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ။

စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီး။

ရေစိမ်အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ်။

ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ။ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်။

ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော်၊အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်။

(ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ)

Credit to Mirror (gardening Myanmar)

Zawgyi
ေျပာျပခ်င္လြန္းလို႔ပါ(ဆရာလုပ္ျခင္းမဟုတ္ပါ)တျခားအိမ္ေတြေတာ့မေျပာတတ္ဘူးေပါ့ေနာ္ကြၽန္ေတာ့္အိမ္ေတာ့အထပ္ျမင့္ဆိုေပမယ့္ ျခင္အရမ္းလာပါတယ္ အပင္ေတြကလည္းစိုက္ေတာ့ျခင္ကေအာင္းတယ္ေလ။

ျခင္ေဆးဖ်န္းဖို႔ထြန္းဖို႔ဆိုရင္လည္း အသက္ရႈက်ပ္တတ္လို႔ တခါတခါျခင္ရိုက္ဘတ္တံနဲ႕ပဲႏွစ္ပါးသြားရပါတယ္။ခုေတာ့ေတာ္ေတာ္ကိုအဆင္ေျပသြားပါၿပီ။

စပါးလင္ မုန႔္ဟင္းခါးထဲထည့္ခ်က္, ဟင္းထဲထည့္ခ်က္ဖို႔ပဲသိခဲ့တာ ျခင္တကယ္ေျပးမွန္းခုမွသိတာ။

စပါးလင္ ငါးရာဖိုးေလာက္ဝယ္ၿပီး အရိုးေျခာက္အခြံေျခာက္တဲ့အပိုင္းေတြဖယ္ထုတ္ျဖတ္ၿပီး ေရတစ္ဖန္ခြက္ေလးငါးဆယ္ေခ်ာင္းေလာက္ထည့္ၿပီး။

ေရစိမ္အခန္းေဒါင့္ေလးေတြမွာခ်ထားလိုက္တာ သိသိသာသာျခင္ေတြမေတြ႕ရေတာ့တာပါပဲကြၽန္ေတာ့္လိုျခင္ေဆးနံ႕မခံနိုင္တဲ့သူအတြက္ေတာ္ေတာ္ကိုအဆင္ေျပပါတယ္။

ထပ္ခါထပ္ခါလည္းဝယ္ေနစရာမလို ေရေလးပဲမၾကာမၾကာလဲေပးလိုက္ရင္ သူကအျမစ္ေတြထြက္လာတဲ့အထိဆက္ရွင္ေနမွာပါ။ကေလးငယ္ရွိတဲ့အိမ္ေတြပိုအဆင္ေျပမယ္ထင္ပါတယ္။

ျခင္ေတြတကယ္ေျပးလို႔ ခုေတာ့ကြၽန္ေတာ္ေပ်ာ္ေနၿပီ အားလုံးကိုလည္းေဝမွ်ခ်င္တဲ့ေစတနာနဲ႕ပို႔စ္တင္ေရးေပးတာပါေနာ္၊အရမ္းကိုတတ္သိနားလည္ေနလို႔မဟုတ္ပါဘူးရွင့္။

(ျခင္ေဆးေၾကာ္ျငာတစ္ခုမွာ စပါးလင္ျဖင့္ထုတ္လုပ္ထားျခင္းကိုေတြ႕လို႔စမ္းၾကည့္လိုက္တာ)

Credit to Mirror (gardening Myanmar)