အမတ်ကြီးဦးပေါ်ဦးရဲ့ ဘဝအမှန်

“ဘူ ဘွမ်” ဟာအရှင်မိဘုရားကြီး လေလယ်တယ်ဟေ့ ကျွန်တော်မျိုးလေဝန် ငပေါ်ဦးလေခွန်ကောက်ပါတယ်ဖရာ့ ပေးတော်မူပါ”

အမတ်ကြီးဦးပေါ်ဦးအကြောင်းရေးသားထားတဲ့စာအုပ်ထဲက ဟသဖြစ်ဖွယ်စကားစုလေးပါ။”ဦးပေါ်ဦးလျောက်ထုံးများ”ထဲက ဒီအဖြစ်အပျက်လေးက အပြင်မှာတကယ်ဖြစ်ခဲ့မယ်ဆိုရင် အမတ်ကြီးဦးပေါ်ဦး ဇက်ပြုတ်တာကြာလှပေါ့ဗျာ။

ဘိုးတော်ဦးဝိုင်းက တူအရင်းတွေ ညီအကိုအရင်းတွေ သူဖခင် အလောင်းဘုရားရဲ့ပြည်ထောင်ဘက် စစ်သူကြီးတွေတောင် သတ်လာတာ။ ငပေါ်ဦးလောက်တော့ တက်မလာနဲ့ တောက်ချပစ်လိုက်မှာ။

အဲ့ဒီစာအုပ်ပါအကြောင်းအရာ အားလုံး တစ်ခုမှမဟုတ်ပါဘူး။ အမှန်တခုကတော့ ဘိုးတော်ဦးဝိုင်း စစ်ကိုင်းမှာအိမ်နိမ့်စံနေစဉ် လက်ရင်းတပည့် တွေက ငပေါ်ဦး ငမြတ်ထင် ငကျော်ရွေးတို့ရှိတယ်ဆိုတာမှန်ပါတယ်။

သို့သော် ဒီသုံးယောက်က စာပေမတတ် မကျီးရွက်ခူး လှေထိုးလိုက် ထင်းခုတ်ပြီး ဘိုးတော်ဦးဝိုင်းကိုလုပ်ကြွေးကြတယ်ဆိုတာတော့မဟုတ်ပါဘူး။

ထိုခေတ်က ဘကအထက်တန်းကျောင်းသင်္ဂြိုလ်လောက်တော့အ
နည်းဆုံးတတ်မြောက်ကြပါတယ်။ဘိုးတော်ဦးဝိုင်းကလဲအလောင်းဘုရားသားပါ တိုက်ပွဲဝင်စစ်သူကြီးဟောင်းတယောက်ပါ။ ဆင်ပိန် ကျွဲလောက်တော့ ချမ်းသာပါတယ်။

ဘယ်နဲ့ဗျာ စဉ့်ကူးမင်းကဦးလေးတယောက်ကို ဘုရင်ကသိက္ခာအကျခံထားပါ့မလား။ ဘာတဲ့ ဘိုးတော်ဦးဝိုင်းက ယက္ကန်းယက် ချည်ဆေးဆိုး ချည်ထောင်း မိန်းမဒေါ်လွန်းမယ်နဲ့သမီးတွေက နေ့မနားညမနား ယက္ကန်းခတ်ပြီးထမင်းစားရသတဲ့။

မိတ္တီလာ ဝမ်းတွင်းကယက္ကန်းသည်တွေတောင် သူဌေးဖြစ် တပည့်တပန်းတွေနဲ့ခိုင်းနေတာ ဘိုးတော် ဦးဝိုင်းကျမှဘဲ တနေ့လုပ်မှတနေ့စားရတဲ့ ဘဝကိုရောက်ကရော။

စာအုပ်ထဲကလို ဆင်းရဲနေတယ်ဆိုရင် သူ့အဖေ အလောင်းဘုရားရဲ့ နာမည်ကျော် ကွန်မန်ဒို (၆၈)ယောက် ဘွဲ့ခံမြင်းသည်တော်တွေက မြို့စား နယ်စား အမတ်တွေဖြစ်နေကြတာ။ လာပေးကမ်းကြမှာပေါ့။ထောက်ပန့်ကြမှာပေါ့ဗျာ။

လူစိတ်ဝင်စားပြီးရော ရေးတဲ့သူတွေက မှန်တာမမှန်တာအပ ထား။ရောင်းကောင်းအောင်ရေးချလိုက်တာဘဲ။ဖတ်တဲ့သူတွေက”ဟယ် သူကစာတတ်လို့စာအုပ်ထုတ်ထားတာဘဲသူရေးတာအမှန်ဖြစ်မှာပေါ့”ဒီလိုတွေးပြီးအမှားကြာ အမှန်ဖြစ်သွားရော။

မြန်မာ့သမိုင်းလဲဒီလိုဘဲ အမှားတွေကိုထောက်ပြပြီး မှားနေပါတယ်သွားမပြောနဲ့ အသတ်တောင်ခံရအုံးမယ်။ဒီတော့အိမ်တော်ပါ ငပေါ်ဦးအကြောင်း သူ့ရဲ့ဘဝအမှန်လေးကို ပြောရရင်ဦးပေါ်ဦးရဲ့မျိုးရိုးက မြင်းဝန်တိုက်သူကြီးမျိုးရိုးပါ။ဘိုးတော်ဦးဝိုင်းနန်းမရခင် ဗဒုံမင်းသားလူပျိုဘဝကခစားနေတာပါ။

သူ့ဇာတိက အခုတန့်ဇယ်မြို့လို့ခေါ်တဲ့ ဒဇယ်ရွာက မြင်းဝန်တိုက်သူကြီး ဦးစံခိုင် ဒေါ်ပိုးဇီတို့ကနေ မတ်လ၂ရက် ၁၇၆၀ပြည့်နှစ်မှာမွေးဖွားခဲ့တာပါ။ ဘိုးတော်ဦးဝိုင်းနန်းရတော့ ဖခင်ရဲ့နေရာ တိုက်သူကြီးနေရာခန့်ထားပါတယ်။ အနေအေးဆေးတယ်။စကားပြောနည်းတယ်။

တည်တည်တန့်တန့်နေတတ်ပါတယ်။ အများထင်သလို ဘုရင့်ပျော်တော်ဆက်မဟုတ်ပါဘူး။နောက်တော့သူ့ရဲ့စွမ်းဆောင်ရည်အလိုက် နားခံတော်ရာထူး။အတွင်းဝင်ရာထူးအထိရာထူးတွေတိုးခဲ့ပါတယ်။

ယိုဒယားချီထားဝယ်စစ်ကြောင်းမှူး နေမျိုးမင်းလှ မဟာနော်ရထာဆိုတာ ဦးပေါ်ဦးပါဘဲ။ သူ့ညီမ ဒေါ်နီရဲ့ယောင်္ကျား ဦးလွန်းပေါ်ဆိုတာနောင်မှာ တတိယကျော်အောင်စံထား ဆရာတော်ကြီးဖြစ်ပါတယ်။

စာပေကျမ်းဂန်အရာမှာထူးချွန်ခဲ့တဲ့မြေဒူးဆရာတော်အရှင်နန္ဓမဉ္ဇူဆိုတာ စစ်သူကြီးဦးပေါ်ဦးရဲ့ညီအကိုဝမ်းကွဲပါ။ ဦးပေါ်ဦးရဲ့မျိုးဆက်တွေထဲက တောင်ငူစည်ပင်သာယာရေးအဖွဲ ဒုဥက္ကဌ ကိုဖိုးကာဆိုတာ မြစ်တော်ပါတယ်။

ဦးပေါ်ဦးက ဘိုးတော်ဦးဝိုင်း(ခေါ်)ဗဒုံမင်းထက် ၁၅ နှစ်ငယ်ပြီး ဇန္နဝါရီလ ၂၂ ရက် ၁၈၃၉ ခုနှစ် အသက် ၇၉ နှစ်မှာကွယ်လွန်ခဲ့ပါတယ်။ သေတော့လက်တဖက် ထုတ်မထုတ်ကတော့ အထောက်အထားမရှိမသိရကြောင်းပါ။

ဦီးကျော်ရွေး

ဦးကျော်ရွေးကို ၁၇၅၉ ခုနှစ် အလုံနယ် နောင်အိုးကြီးရွာမှာ အဖ အမည်ရှာမရပေမဲ့သူ့အမေဒေါ်ဆုံဆိုတာ ဘိုးတော်ဦးဝိုင်းရဲ့မိဖုရား ဒေါ်လွန်းပုနဲ့ညီအမဝမ်းကွဲဖြစ်ပါတယ်။

ဦးဝိုင်းအိမ်တော်မှာလူပျိုတော်သားအဖြစ်ငယ်စဉ်ကအမှုထမ်းခဲ့ပြီး ဦးဝိုင်းဘုရင်ဖြစ်တော့ မင်းလှရွှေတောင်ဘွဲ့နဲ့ရေကြည်တော်ရာထူးပေးခဲ့ပြီး နောင် ၁၇၉၂ ခုနှစ်မှာရန်ကုန်မြို့ဝန်ခန့်ခဲ့ပါတယ်။

ရန်ကုန်မှာမှာဘဲအနေကြာခဲ့ပြီး ၁၈၂၂ ခုနှစ်ရန်ကုန်မှာဘဲကွယ်လွန်ခဲ့ပါတယ်။အခုရန်ကုန်ကကန်တော်ကြီးကန်က ဦးကျော်ရွေးတူးဖော်ခဲ့တာပါ။

ရန်ကုန်မြို့နေလူထု နေထိုင် စားသောက်ရေး တိုးတက်အောင်အထူးလုပ်ဆောင်ခဲ့လွန်းလို့ မင်္ဂလာဒုံမြို့သူကြီးက ဘိုးတော်ဦးဝိုင်ထံ ဦးကျော်ရွေးပုန်ကန်ဖို့လုပ်နေပါတယ် တိုင်စာပို့လို့ နေပြည်တော်မှာ အစစ်ခံရပေမဲ့ မမှန်ကန်လို့ ရန်ကုန်မြို့ဝန်ဘဲ ရာထူးပြန်ရခဲ့ပါတယ်။

ဂျောက်တွန်းတဲ့မင်္ဂလာဒုံသူကြီးကို အပြစ်မတင်ဘဲ သူ့သားကိုတောင် ရာထူးပေးခန့်ထားတဲ့အထိ စိတ်သဘောထားကောင်းသူလို့ဆိုကြပါတယ်။ဦးကျော်ရွေးရဲ့အကို ဦးကျော်ခေါင်က သံလျင်မြို့စားပါ။စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ဘကြီး (အဖိုး)တော်ပါတယ်။

ဦးမြတ်ထင်

ဦးမြတ်ထင်ကိုစစ်ကိုင်းနယ် နောက်ချေးကျွန်းရွာမှာမွေးပါတယ်။မိဘအမည်တွေရှာမရပေမဲ့ ဗဒုံမင်းသားအိမ်မှာ ငယ်ငယ်က ခစားခဲ့ပါတယ်။ဦးဝိုင်းနန်းရတော့ သီဟမင်းရဲဘွဲ့နဲ့ လမိုင်းဝန်ရာထူးခန့်အပ်ခဲ့ပါတယ်။

နောက် မြင်းဝန်။မြင်းစုကြီးဝန်။လက်ဝဲမြင်းမှူး မင်းကြီးမဟာမင်းခေါင်ဘွဲ့နဲ့ ယိုဒယားစစ်ကြောင်းနဲ့အတူလိုက်ရပါတယ်။ ၁၈၁၂ ခုနှစ်ယိုဒယားကအပြန်မှာ ဝန်ကြီးရာထူးအထိခန့်အပ်ခဲ့ပါတယ်။ သူ့ရဲ့သားကြီးကယောမြို့စား ဝန်ကြီးဦးရွဲညိုနဲ့သားအငယ်က လမိုင်းဝန် ဦးညိုရောင်ဖြစ်ပါတယ်။

ဗဒုံမင်းရဲ့အိမ်တော်ပါသုံးယောက်ကပျော်တော်ဆက်တွေမဟုတ်ရပါဘူး။စစ်သူကြီးဝန်ကြီးနှစ်ယောက် မြို့ဝန်တစ်ယောက်သာဖြစ်ကြောင်းဗဟုသုတကို မှော်ဘီဆရာသိန်းရဲ့ ပါးစပ်ရာဇဝင်၊တင်နိုင်တိုးရဲ့ ရာဇဝင်ထဲကအငြင်းပွားစရာစာအုပ်၊ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီးစာအုပ်တို့မှ ထုတ်နှုတ်ရေးသားလိုက်ရပါတယ်။

Crd